သတို့သမီးလေးတို့အတွက် Peach Nude Color မိတ်ကပ်ပြင်ဆင်နည်း

by: Editor
 0 comments  0 love

Nude Color ချည်းပဲ ဆိုရင် ဖျော့နေတဲ့ပုံစံလေး ဖြစ်စေနိုင်တာမို့ Peach Color လေးကို မဆိုစလောက်လေး တွဲဖက် ပြင်ဆင်ပေးထားတဲ့ သတို့သမီးလေး

ညှို့ချက်ပြင်းလွန်းတဲ့ မျက်ဝန်းလေးများ (Photo:jovannarhea.blogspot)

မင်္ဂလာပွဲ ဆိုတာကတော့ သတို့သမီးလေးတို့ရဲ့ ဘဝမှာ အမှတ်ရဆုံး ဖြစ်နေစေမယ့်နေ့လေးတွေထဲက နေ့ရက်လေး တစ်ရက်ပဲ ဖြစ်ပါတယ်။ ဒီလို နေ့လေးမှာ သတို့သမီးလေးတို့က အလှတကာ့ အလှဆုံး ဖြစ်နေချင်တာပါပဲ။ နဂိုရှိရင်းစွဲ အလှကို မပျောက်စေဘဲ ပိုလှစေနိုင်မယ့် မိတ်ကပ်ပြင်ပုံလေးကို Marry က ပြောပြပေးချင်ပါတယ်။ ၂၀၁၈မှာခေတ်စားလာမယ့်သတို့သမီးမိတ်ကပ်ပြင်နည်း၅ မျိုး အကြောင်းကိုလည်း ဖတ်ကြည့်ပေးနိုင်ပါတယ်။

ကြည်လင်ပြီး အလှဆုံး ဖြစ်နေမယ့် သတို့သမီးလေး (Photo:probiowhite)

အခုနောက်ပိုင်း မိန်းကလေးတွေကြားမှာ

ခေတ်ပြန်စားနေတာကတော့ သဘာဝဆန်တဲ့ မိတ်ကပ်ပြင်နည်းလေးတွေပါ။ သဘာဝဆန်ဆန် ပြင်ထားလို့ ပြင်ထားမှန်း မသိသာတဲ့ပုံစံလေး ဖြစ်တဲ့ Nude ကာလာလေးကတော့ ပင်ကိုယ်အလှမျိုးကို ဖန်တီးပေးနိုင်ပါတယ်။

ဒီ Peach Nude Color မိတ်ကပ်လေးကတော့ တည်ငြိမ်နေတဲ့ အလှကို ကြည်ကြည်လေး ပုံစံ လှပစေနိုင်ပါတယ်။ Nude Color ချည်းပဲ ဆိုရင် ဖျော့နေတဲ့ပုံစံလေး ဖြစ်စေနိုင်တာမို့ Peach Color လေးကို မဆိုစလောက်လေး တွဲဖက် ပြင်ဆင်ပေးပါ။

နှုတ်ခမ်းသားလေးတွေကတော့ သဘာဝ အတိုင်းလေး ဖြစ်နေမှာပါ (Photo:jovannarhea.blogspot)

နှုတ်ခမ်းနီ အရောင်တောက်တောက်တွေကတော့

ပွဲတက်တိုင်း ရွေးချယ်စရာ အကောင်းဆုံးလို့ ဆိုနိုင်ပေမယ့် အခုနောက်ပိုင်းမှာတော့ အရောင်မတောက်ဘဲ ပြေပြေလေးတွေကို ပိုအသားပေး ရွေးချယ်လာပါတော့တယ်။

ချစ်စရာကောင်းတဲ့ ပြင်ဆင်မှု (Photo:pinterest)

Marry ရဲ့ သတို့သမီးလေးတို့ အတွက် မင်္ဂလာပွဲလေးမှာ ကြည်လင်ပြီး သဘာဝဆန်တဲ့ မိတ်ကပ်ပြင်မျိုးကို နှစ်သက်တယ် ဆိုရင်တော့ အခု ပြောပြပေးထားတဲ့  Peach Nude Color မိတ်ကပ်ပြင်လိုက်ပါ။ သတို့သမီးလေးကို နန်းဆန်စေမယ့် မိတ်ကပ် look နှစ်မျိုး ကိုလည်း ဝေမျှပေးထားပါသေးတယ်နော်။

 

From Marry with

Tag: beautyadvicemake upbride

Comments

0 comments
Latest video
Refer to more useful articles
Community
Latest wedding promotions
Keywords