Advertisement

မင်္ဂလာပွဲလေးအတွက် ပြင်ဆင်ထားရမယ့် အချက်လေးတွေ သိထားပြီးပြီဆိုရင်တော့ သတို့သားလေးတို့ တဖြည်းဖြည်းချင်း ကြိုးစားပြင်ဆင်ထားနော်။

မင်္ဂလာပွဲလေး တစ်ခုကျင်းပဖို့အတွက် သတို့သမီးလေးပဲ ကြိုတင်ပြင်ဆင်ရမှာ မဟုတ်ဘူးနော်။ သတို့သားလေးတို့လည်း ကြိုတင်ပြင်ဆင်ထားရမှာ ဖြစ်ပါတယ်နော်။ သတို့သားလေးတို့လည်း မင်္ဂလာပွဲအတွက် စီစဉ်တဲ့ ကိစ္စမှန်သမျှ ပါဝင်နိုင်ဖို့ ပြင်ဆင်ထားရမှာတွေ ရှိပါတယ်။ ဒါမှ တက်ညီလက်ညီ အပင်ပန်းခံပြီး ပြင်ဆင်ထားတဲ့ မင်္ဂလာပွဲလေး ဖြစ်မှာပါ။

Pre wedidng (photo: Independent.ie)

Pre wedidng

Pre wedding ဆိုရင် စိတ်အဝင်စားဆုံးက သတို့သမီးလေးဆိုပေမယ့် သတို့သားလေးတို့လည်း ပါဝင်ဖို့ လိုပါတယ်။ သတို့သားလေးတို့လည်း စတူဒီယို ကြိုတင်ရှာပေးတာမျိုး၊ ဝတ်စုံကူရွေးပေးတာမျိုးအတွက် ကူညီပေးပါ။ နောက်ပြီး ပို့စ်ပေးတဲ့အခါမှာလည်း စိတ်ရှည်ရှည်လေးနဲ့ အားတက်သရော လုပ်ဆောင်ပေးပါ။

စိတ်ပိုင်းဆိုင်ရာ (photo: koreanconceptweddingphotography.wordpress.com)

စိတ်ပိုင်းဆိုင်ရာ

သတို့သမီးလေးတို့အနေနဲ့ မင်္ဂလာပွဲ စီစဉ်တဲ့အခါမှာ စိတ်ဖိစီးမှုတွေ အရမ်းကို များပြီး စိတ်ရှုပ်နေလေ့ ရှိပါတယ်။ ဒီအခါမှာလည်း သတို့သားလေးတို့က စိတ်ပိုင်းဆိုင်ရာ အားပေးမှုတွေ လုပ်တတ်ဖို့ လိုပါတယ်။ သူ စိတ်ရှုပ်နေချိန်မှာ ဒါလေးစီစဉ်ရတာကို ဒီလောက်စိတ်ညစ်နေရလားဆိုတဲ့ စကားလုံးတွေ မပြောမိဖို့ ကြိုတင် သိထားပါ။

တကိုယ်ရည်စာ ပြင်ဆင်ရမှာတွေ

မင်္ဂလာပွဲအတွက် စီစဉ်ကြတဲ့အခါမှာ အားလုံးက သတို့သမီးလေး အဆင်ပြေရဲ့လားဆိုပြီးပဲ စိတ်ရောက်နေဖို့ များပါတယ်။ သတို့သားလေးတွေမှာက ပြင်ဆင်စရာများများစားစား မရှိတာကြောင့်ပါ။ဒါပေမယ့်လည်း ပြင်ဆင်ရမှာတွေတော့ ရှိပါတယ်။ အတွင်းခံ၊ စွပ်ကျယ်စတာတွေ ကိုယ့်ဘာသာပြင်ဆင်ထားပါ။ သတို့သားလေးတို့ရေ မင်္ဂလာပွဲနီးလေ သတို့သမီးလေးက စိတ်လှုပ်ရှားလေ ဖြစ်တာကြောင့် စိတ်အလိုလိုက်ပေးဖို့နဲ့ ဖျောင်းဖျပြောဆိုပေးဖို့လည်း ကြိုတင်တွေးထားပါနော်။

တကိုယ်ရည်စာ ပြင်ဆင်ရမှာတွေ (photo: Independent.ie)

မင်္ဂလာပွဲနေ့အတွက် ပြင်ဆင်ရမှာတွေ

မင်္ဂလာပွဲနေ့အတွက် သတို့သားလေးတို့ ပြင်ဆင်ထားရမယ့်အချက်တွေကတော့ အဝတ်အစားပိုင်းပါ။

  • သတို့သားလေးတို့ မြန်မာတိုက်ပုံပဲဖြစ်ဖြစ်၊ အနောက်တိုင်းဝတ်စုံပဲ ဖြစ်ဖြစ် ပစ္စည်းတွေ စုံလင်အောင် ထည့်ဖို့ မမေ့ပါနဲ့။
  • ဝတ်စုံကိုလည်း တွန့်ကြေနေတာတွေ မရှိအောင် မီးပူတိုက်တာတွေ ပြင်ဆင်ရပါမယ်။
  • မင်္ဂလာပွဲနေ့မှာ ဟိုတယ်၊ ခန်းမရောက်မှ ပြင်ဆင်တာတွေ လုပ်မယ်ဆိုရင် နောက်တစ်ကြိမ် ပြန်လာမယူရအောင် သေချာလေး စစ်ဖို့ လိုပါတယ်။
  • ဖိနပ်၊ ကြယ်သီး၊ ခေါင်းပေါင်း စတာတွေ တစ်စုတစ်စည်းထဲ ထားပါ။

မင်္ဂလာပွဲလေးအတွက် ပြင်ဆင်ထားရမယ့် အချက်လေးတွေ သိထားပြီးပြီဆိုရင်တော့ သတို့သားလေးတို့ တဖြည်းဖြည်းချင်း ကြိုးစားပြင်ဆင်ထားနော်။

Comments

0 comments