Advertisement

အဲ့ဒိပြဿနာကို ရှောင်ရှားနိုင်ဖို့အတွက် ပိန်အောင်စတင် ကြိုးစားပြီ ဆိုကတည်းက ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းကိုပါ တစ်ခါတည်း လုပ်ဆောင်သွားဖို့ လိုအပ်ပါတယ်

ပိန်သွားတာနဲ့ လှသွားတာ သေချာရဲ့လား သတို့သမီးလေးတို့ရေ။ အဆီပိုတွေများပြီး ဝနေလို့ မင်္ဂလာဝတ်စုံတွေနဲ့ မလိုက်ဖက်တာကြောင့် မပိန်ပိန်အောင် ကြိုးစားထားခဲ့ကြတဲ့ သတို့သမီးလေးတွေ အနေနဲ့ ပိန်သွားပြီးနောက်ပိုင်းမှာလည်း ကြုံရတဲ့ ပြဿနာတွေ ရှိနေပါတယ်။ ဘာကြောင့်လဲဆိုတော့ ပိန်တယ်ဆိုတိုင်း လှတာမဟုတ်လို့ပါပဲ။ ခန္ဓာကိုယ် အချိုးအစား အကောက်အကွေ့က သူ့နေရာနဲ့သူ နေရာကျနေမှ လှပနိုင်တာပါ။ ရှိသင့်ရှိထိုက်တဲ့ အနေအထား တစ်ခုရှိနေဖို့ လိုပါတယ်။

ဝနေရင်းကနေ ပိန်အောင်ကြိုးစားကြတဲ့သူ အများစုမှာ ပိန်သွားပြီးနောက် ချိုင်းကြားလိုနေရာမျိုးမှာ အဆီတွေ ရှိနေသေးတာ၊ အသားအရေ ကျစ်လစ်မှုမရှိတော့ဘဲ လျော့ရဲရဲ ဖြစ်နေတာတွေကို ကြုံရတတ်ပါတယ်။ အထူးသဖြင့် အဝလွန်သူတွေ ပိန်သွားပြီးနောက်မှာ အသားအရေ လျော့ရဲလာတာကို ပိုမို ကြုံတွေ့ခံစားရပါတယ်။

ဒီပြဿနာကို ရှောင်ရှားနိုင်ဖို့အတွက် ပိန်အောင်စတင် ကြိုးစားပြီ ဆိုကတည်းက ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းကိုပါ တစ်ခါတည်း လုပ်ဆောင်သွားဖို့ လိုအပ်ပါတယ်။ ရက်သတ္တပတ် အနည်းငယ်ကြာပြီးနောက် လေ့ကျင့်ခန်းလုပ်တဲ့ နှုန်းကို တဖြည်းဖြည်းချင်း တိုးမြှင့်သွားပါ။

  အထူးသဖြင့် လက်မောင်းသားတွေ ကျစ်လစ်လှပစေဖို့၊ ပခုံး၊ ကျောနဲ့ ကုပ်ပိုးကအဆီတွေကို လျော့ပါးစေဖို့  ခန္ဓာကိုယ်အပေါ်ပိုင်းကို အဓိကထားဦးတည်တဲ့ ကိုယ်လက်လှုပ်ရှား၊ လေ့ကျင့်ခန်းမျိုး လုပ်ပေးဖို့ လိုအပ်ပါတယ်။

Tags: advicelose weightTips

Comments

0 comments