မင်္ဂလာပွဲ ဆင်နွှဲရတော့မယ့် သတို့သားလေးတွေအတွက် မင်္ဂလာနေ့ရက် မနက်ခင်းမှာ ဘာတွေ လိုအပ်နေမလဲ ဆိုတာ Marry က ပြောပြပေးချင်ပါတယ်။ သတို့သမီးလေးအတွက် ဆိုရင် မိတ်ကပ်ဆရာတွေကရော၊ အမေတွေ၊ သူငယ်ချင်းတွေကရော ဝန်းရံနေမှာမို့ ပူစရာ သိပ်မလိုပေမယ့် သတို့သားလေးကတော့ တော်တော်များများကို ကိုယ်တိုင်ပြင်ဆင်ရမှာနော်။ ဒီတော့ သတို့သား တစ်ယောက်အတွက် လိုအပ်တာတွေကို Marry က ပြောပြပေးမယ်နော်။
Accessories
သတို့သား တစ်ယောက်အတွက် Accessories တွေကလည်း အရေးပါတယ်နော်။ ဒီတော့ မင်္ဂလာပွဲမနက်ခင်းမှာ ကိုယ်ဝတ်ဆင်မယ့် Accessories လေးတွေ စုံမစုံ စစ်ဆေးရပါမယ်။ မဟုတ်ရင် ကြယ်သီး ပြောင်းတပ်ဖို့ မေ့သွားတာ၊ နာရီပတ်ဖို့ မေ့သွားတာတွေ ဖြစ်တတ်လို့ပါ။ ဒီတော့ ကိုယ်အသုံးပြုမယ့် Accessories တွေ ဖြစ်တဲ့ ခါးပတ်၊ ဖိနပ်၊ နာရီ စတာတွေကို စုပြီး တစ်နေရာထဲမှာ စုစုစည်းစည်း ထားထားပါ။ အဲ့ဒါဆို တစ်ခုခု မေ့ခဲ့တာမျိုး မဖြစ်တော့ဘူးပေါ့။
အဝတ်အစား
အဝတ်အစားက လူတစ်ယောက် အတွက် အရေးအကြီးဆုံးလို့ ပြောရင်လည်း မမှားပါဘူးနော်။ သတို့သား လေးတို့အတွက်ကတော့ မင်္ဂလာနေ့ရက်မနက်ခင်းမှာ ကိုယ့်ဝတ်မယ့် အဝတ်အစား အပြည့်အစုံ ရှိနေပြီလားလို့ စစ်ဆေးရပါမယ်နော်။ မြန်မာလိုဝတ်မယ်ဆိုလည်း လည်ကတုံး၊ တိုက်ပုံ၊ ပုဆိုး အကုန်စုံနေပြီလား စစ်ဆေးရမှာ ဖြစ်သလို၊ အနောက်တိုင်းပုံစံ ဝတ်မယ်ဆိုရင်လည်း အတွင်းရှပ်အင်္ကျ ီတွေ၊ ကုတ်အင်္ကျ ီတွေ ဘောင်းဘီတွေ စုံမစုံ စစ်ဆေးရပါမယ်။ ပြီးတော့ ဝတ်စုံတွေက သပ်သပ်ရပ်ရပ် တောင့်တောင့် ဖြောင့်ဖြောင့် ရှိနေမနေဆိုတာလည်း စစ်ဆေးရပါမယ်။ လိုအပ်ရင် မီးပူတိုက်သင့် တိုက်ထားရပါမယ်နော်။ အဝတ်အစား ဆိုတဲ့နေရာမှာလည်း အတွင်းဝတ်ကအစ ပါတယ်ဆိုတာကို သတိပြုပါနော်။
Stylist
သတို့သားလေးတို့အတွက် နောက်ထပ်လိုအပ်တာ တစ်ခုကတော့ အစစအရာရာအကြံပေး ဆင်ယင်ပေးမယ့် Stylist ပါ။ သတို့သား အမေ (သို့) သတို့သမီးလေး ဖြစ်နိုင်သလို သတို့သားလေးရဲ့ ဘော်ဒါတွေလည်း ဖြစ်နိုင်ပါတယ်။ အကောင်းဆုံးကတော့ ဖက်ရှင်အမြင်ရှိပြီး ကိုယ့်အတွက် အကောင်းဆုံးအကြံဉာဏ်ပေးနိုင်တဲ့ သူမျိုးဆီက အပူကပ်ပြီး အကြံတောင်းတာပါပဲ။
မင်္ဂလာပွဲနေ့ရောက်တဲ့အခါ သတို့သားတစ်ယောက်အတွက် အသင့်ဖြစ်ရမယ့် အချက်တွေ ရှိတာမလို့ သေချာသိထားဖို့တော့ လိုတယ်နော်။
Comments