Advertisement

မန္တလေးက သတို့သမီးလေးတို့ မင်္ဂလာဝတ်စုံအတွက် ခေါင်းစားနေတယ်ဆိုရင်တော့ ဒီဇိုင်နာ မျိုးမင်းစိုးနဲ့ တိုင်ပင်ပြီး ရွေးချယ်တာမျိုးလေးတွေ လုပ်လို့ ရတယ်နော်။

သတို့သမီးလေးတို့ရေ မင်္ဂလာပွဲ စီစဉ်တဲ့အခါမှာ ဝတ်စုံကိုလည်း သေချာစီစဉ်မှ ဖြစ်မှာမလား၊ အားလုံးရဲ့ အကြည့်တွေက သတို့သမီးလေးဆီပဲ ရောက်နေမှာလေ။ အဲတော့ ဝတ်စုံကို အဓိကထားပြီး ပြင်ဆင်ရမှာပါ။ ဝတ်စုံပြင်ဆင်တဲ့အခါမှာလည်း ရွေးချယ်လို့ ရတာတွေ အများကြီးပါတယ်။ ဒီထဲကမှ ကိုယ်က ဒီဇိုင်နာနဲ့ အပ်မယ်ဆိုရင်လည်း ကိုယ်နေတဲ့မြို့က ဒီဇိုင်နာ ဖြစ်မှ ပိုအဆင်ပြေမှာပါ။ ဒီတော့ မန္တလေးမှာ နေတဲ့ သတို့သမီးလေးတို့လည်း မန္တလေးမှာ ရှိတဲ့ ဒီဇိုင်နာတွေထဲက တစ်ဦးဖြစ်တဲ့ နာမည်ကြီး ဒီဇိုင်နာ မျိုးမင်းစိုးရဲ့ ဝန်ဆောင်မှုတွေ သိထားသင့်တယ်နော်။

ဒီဇိုင်နာမျိုးမင်းစို

သတို့သမီးတို့အတွက် ချိတ်

သတို့သမီးလေးတို့အတွက် ချိတ်အမျိုးအစားကတော့ ရွေးချယ်စရာတွေ များပါတယ်။ ချိတ်ကတော့ ပိုးချည် စစ်စစ်ဆိုရင်တော့ ဈေးကတစ်မျိုး၊ ပိုးချည်အစစ်ကိုမှ ယက်ရတာ ကြာတယ်ဆိုရင်တော့ ဈေးကတစ်မျိုးပေါ့။ အဲဒီပိုးချည်မှာမှ ဖဲနှစ်ပင်ရောတယ်ဆိုရင် ဈေးက တစ်မျိုး ရှိတယ်။ (၂) သိန်းခွဲလောက်ကနေ စပြီး ရှိပါတယ်။ (၈) သိန်းကနေ (၁၁) သိန်း ဝန်းကျင် ချိတ်တွေလည်း ရှိပါတယ်။

မင်္ဂလာဝတ်စုံ

မင်္ဂလာဝတ်စုံ

မင်္ဂလာဝတ်စုံဆိုရင်တော့ ငှားမယ်ဆိုရင် အငှားချည်းပဲ ဝတ်စုံ (၁၀၀ ) လောက် ရှိပါတယ်။  ဈေးနှုန်းကတော့(၁) သိန်းခွဲလောက်ကနေ စပြီး သိန်း(၃၀) လောက်ထိ ရှိပါတယ်။ အသစ်ချုပ်မယ်၊ အပ်မယ်ဆိုရင်တော့ အချိန်ကတော့ (၂) လလောက် ကြိုအပ်ဖို့ လိုပါတယ်။ (၂) လခွဲလောက် အချိန်ယူမှလည်း ဝတ်စုံကို ဖန်တီးရတာ ပိုအချိန်ရတာပေါ့နော်။

သတို့သမီးလေးတို့ မင်္ဂလာဝတ်စုံ ရွေးချယ်တဲ့အခါမှာ ကိုယ်နဲ့ လိုက်ဖက်ပြီး မင်္ဂလာရှိတဲ့ ဝတ်စုံလေး ဖြစ်ဖို့ လိုပါတယ်။ လူကြီးသူမတွေ ရှေ့မှာ ဖြစ်တဲ့အတွက် လုံလုံခြုံခြုံလေး ဖြစ်ဖို့လည်း ဂရုစိုက်ပြီး ရွေးချယ်ပေးမယ်ဆိုရင် တကယ့်ကို အကောင်းဆုံး ဝတ်စုံ ဖြစ်မှာပါ။

မန္တလေးက သတို့သမီးလေးတို့ မင်္ဂလာဝတ်စုံ ရွေးချယ်မှုအတွက် ခေါင်းစားနေတယ်ဆိုရင်တော့ ဒီဇိုင်နာ မျိုးမင်းစိုးနဲ့ တိုင်ပင်ပြီး ရွေးချယ်တာမျိုးလေးတွေ လုပ်လို့ ရတယ်နော်။

မန်းမြေမှ ချစ်တတ်သူတွေအားလုံး

ကိုယ်ချစ်ရတဲ့သူနဲ့ စိတ်ကူးအိပ်မက်ထဲကမင်္ဂလာပွဲကြီးအတိုင်း စီစဉ်ဖန်တီးနိုင်ဖို့ ရည်ရွယ်ပြီး “မန်းမြေမှ ချစ်သက်သေ” ဆိုတဲ့ Retro စတိုင်လ် Marry Wedding Day မန္တလေး ပွဲကြီးလာပါပြီ။

ဒီပွဲကြီးမှာ နိုင်ငံကျော်အနုပညာရှင်များစွာ တက်ရောက်မှာဖြစ်ပြီး မင်္ဂလာဆောင်တော့မယ့် သတို့သား သတို့သမီးလောင်းတွေအတွက်လည်း ဒီဇိုင်းနာ မျိုးမင်းစိုးရဲ့ ခမ်းနားဆန်းပြားသစ်လွင်တဲ့ မင်္ဂလာဝတ်စုံများကိုလဲ တစ်ဝကြီး မြင်တွေ့ခွင့်ရမှာ ဖြစ်ပါတယ်။

ဒါ့အပြင် ဘယ်မှာမှမရနိုင်တဲ့ မင်္ဂလာ Package တွေ ၊ မင်္ဂလာပွဲအတွက် လိုအပ်တဲ့အရာမှန်သမျှကို တစ်နေရာတည်းမှာ ဆိုင်ခန်းပေါင်း (၃၀) ကျော်က ၆၀% ဒစ်စကောင့်တွေနဲ့အတူ အကောင်းဆုံး အတန်ဆုံးသော အထူးလျှော့ဈေးတွေနဲ့ ရရှိနိုင်မှာဖြစ်ပါတယ်။

 ချစ်သူစုံတွဲတွေအားလုံးအတွက်လည်း

  • ထူးခြားထူးခြားနဲ့ ပျော်စရာကောင်းတဲ့ Couple Game အစီအစဉ်တွေ
  • ချစ်သူနဲ့အတူ အခမဲ့ Pre wedding ဓာတ်ပုံရိုက်ရမယ့် Bride to be အစီအစဉ်
  • ချစ်သူလေးကို Surprise လုပ်နိုင်ဖို့အတွက် Surprise Proposal အစီအစဉ်
  • သိန်း (၁၀၀) ကျော် ပေါက်မဲပေါင်းများစွာပါဝင်မယ့် Lucky Draw အစီအစဉ်နဲ့ လက်ဆောင်တွေမြောက်များစွာလည်း ပေးသွားဦးမှာပါ။

ဒီတော့ ကိုယ်ချစ်ရတဲ့မန္တလာမြေမှာ ကိုယ်ချစ်ရတဲ့သူနဲ့အတူ ချစ်သက်သေတည်နိုင်ဖို့ ချစ်သူ့လက်ကိုဆွဲပြီး ပွဲကြီးစီလှမ်းလာလိုက်ပါတော့ …

နေ့ရက် : သြဂုတ်လ ၂၄ နှင့် ၂၅
အချိန် : မနက် (၉) နာရီ မှ ည (၇) နာရီ
နေရာ : Mandalay Convention Centre (MCC) ၊ သိပ္ပံလမ်း ၊ ၆၉ နှင့် ၇၂ ၊ မန္တလေးမြို့။
ဝင်ကြေး : အခမဲ့

photo: Myo Minn Soe

Comments

0 comments