သတို့သမီးလေးတွေ အတွက်ဆိုရင် မင်္ဂလာပွဲမှာ အလှဆုံးဖြစ်နေအောင်လို့ ပြင်ဆင် ဖြည့်စွက်လို့ရတဲ့ Accessories လေးတွေ အများကြီးပါပဲ။ ဒါပေမယ့် သတို့သားလေးတွေ အတွက်ဆိုရင်တော့ ထူးထူးခြားခြား ရွေးချယ်စရာ Accessories သိပ်မရှိပါဘူး။ လက်ပတ်နာရီ၊ ရှူးဖိနပ် စတာတွေကိုပဲသတို့သားတွေက ပြင်ဆင်ထားလေ့ရှိပါတယ်။ Marry အခုပြောပြချင်တာကတော့ ကြယ်သီးလေးတွေ အကြောင်းပါ။ အမျိုးသားတို့ရဲ့ ခန့်ညားမှုကို ပေါ်လွင်စေတဲ့ ဖြည့်စွက်ပစ္စည်းတွေထဲမှာ ရှပ်အင်္ကျီကြယ်သီးလေးတွေလည်း ပါဝင်နေပါတယ်။ အထူးသဖြင့် ရှပ်အင်္ကျီလက်မှာ တပ်ဆင်တဲ့ ကြယ်သီးတွေဟာဆိုရင် လက်ပတ်နာရီတွေလိုပဲ သတို့သားတို့အတွက် စတိုင်ထုတ်စရာ Accessories တစ်ခုပါနော်။
Comments