Advertisement

မိမိကိုယ်ကို ဘယ်လိုပို ဂရုစိုက်ရမလဲဆိုတာတွေကို လေ့လာပြီး အရာရာတိုင်းကို အကောင်းဘက်က မြင်ပေးလိုက်တာက မိမိစိတ်ကို မိမိ ဂရုစိုက်ရာကျတာမို့ပါ။ 

မင်္ဂလာပွဲပြုလုပ်ဖို့ ပြင်ဆင်ရတာတွေက ကြည်နူးစရာကောင်းလှပါတယ်။ ကိုယ်ချစ်ရတဲ့သူအနား နေနိုင်ဖို့ပြင်ဆင်ရတာကို မပျော် ဘယ်သူနေနိုင်မလဲ။ အပျော်တွေနဲ့ အတူ တွဲပါလာတတ်တာက ပင်ပန်းခြင်းတွေပါ။ ပင်ပန်းတာတွေဆိုတာမှာ စိတ်ပင်ပန်းတာတွေကော လူပင်ပန်းတာတွေကော ခံစားရတတ်ပါတယ်။ စိတ်ပင်ပန်းတာတွေအတွက်ကတော့ မပူပါနဲ့။ Marry ရှိတယ်လေ။

တရားထိုင်နည်းတွေကိုလေ့လာပါ။ တရားထိုင်တယ်ဆိုတာက စိတ်ကို တည်ငြိမ်စေရန်အတွက် အထူးရည်ရွယ်ပြီး ဝင်သက် ထွက်သက်ကို မှတ်သားခြင်းပဲ ဖြစ်ပါတယ်။ တောင်တွေး မြောက်တွေးဖြစ်နေတာက စိတ်ကို ပင်ပန်းစေတဲ့အရာတွေထဲက တစ်ခုပါ။ တရားထိုင်ခြင်းက စိတ်ကိုတည်ငြိမ်စေတဲ့အတွက် မင်္ဂလာပွဲ ပြင်ဆင်နေတာတွေကြောင့် စိတ်ပင်ပန်းနေတာတွေကို သက်သာစေနိုင်ပါတယ်။

စိတ်ဖိစီးမှု ထိန်းချုပ်နည်းများနဲ့ မိမိကိုယ်ကို ဘယ်လိုပို ဂရုစိုက်ရမလဲဆိုတာတွေကို လေ့လာပါ။ မိမိကိုယ်ကို ပိုပြီး ပြည့်စုံစေတာက အဆင်မပြေမှုတွေ မဝင်လာနိုင်အောင် ပိတ်ပင်ထားနိုင်ပါတယ်။ ဘယ်အရာနေနေ အကောင်းဘက်က မြင်ပေးလိုက်တာက မိမိစိတ်ကို မိမိ ဂရုစိုက်ရာကျတာမို့ပါ။

တစ်ဆင့်ပြီး တစ်ဆင့်၊ ဘာပြီးရင် ဘာလုပ်ရမလဲဆိုတဲ့အရာတွေကို ချရေးထားပါ။

တစ်ဆင့်ပြီး တစ်ဆင့်၊ ဘာပြီးရင် ဘာလုပ်ရမလဲဆိုတဲ့အရာတွေကို ချရေးထားပါ။ ကိုယ်ထင်တာတွေကို လုပ်နေတာမျိုး၊ သတိရလာရင် လုပ်လိုက်ရင်း ပြန်မေ့သွားရင်းဆိုတာမျိုးက စိတ်ကို ကသိကအောက် ဖြစ်စေနိုင်တာတော့ အမှန်ပါ။ စာရင်းနဲ့ ဘာပြီးရင် ဘာလုပ်ရမယ်ဆိုတဲ့ အရာတွေကို စနစ်တကျ မှတ်သားပြီး ပြင်ဆင်ထားတာက စိတ်ပင်ပန်းမှုတွေ ဝင်လာလို့ မရအောင် တားထားနိုင်တဲ့အရာတွေထဲက တစ်ချက်အပါ ပါ။

မင်္ဂလာနေ့ရက်တွေတိုင်းမှာ ပျော်ရွှင်ကြည်နူးတဲ့မင်္ဂလာမောင်နှံလေးတွေအနေနဲ့ အပြုံးတွေကို ဆက်လက်ပွင့်လန်းစေဖို့အတွက် Marry ကနေ အရေးကြီးတဲ့အချက်လေးတွေကို ပြောပြလိုက်ရပါတယ်။

 

Tags: advicelovestresswedding tipswellness

Comments

0 comments