မင်္ဂလာပွဲအတွက် သတို့သမီးလေးတို့ မျက်တောင်ဆက်သင့်လား

by: Phyo Pyae Thu
 0 comments  0 love

ဆက်ထားတဲ့ မျက်တောင်ကို ဘယ်လိုပုံစံ ထိန်းသိမ်းရမယ်၊ ကိုယ်နဲ့ လိုက်ဖက်သလားဆိုတာ ကြိုသိထားပြီးသားမလို့ ပေါ့ပေါ့ပါးပါး ဖြစ်နေမှာပါ။

သတို့သမီးလေးတို့ရေ မင်္ဂလာပွဲအတွက် အလှအပဆိုင်ရာတွေ ပြင်ဆင်နေပြီလား။ ခုနောက်ပိုင်းမှာ သတို့သမီးလေးတို့ အလှအပအတွက် လုပ်လို့ရတာတွေ အများကြီးပါနော်။ မျက်နှာကိုလည်း အမျိုးမျိုး ပြင်ဆင်လို့ ရသလို မျက်တောင်ကိုလည်း ပြုပြင်လို့ ရပါတယ်နော်။ မျက်တောင်မှာ ကောက်တာနဲ့ ဆက်တာဆိုပြီး ရှိပါတယ်။ သတို့သမီးလေးတို့ မင်္ဂလာပွဲနီးရင် ဝေခွဲမရ ဖြစ်တာက မျက်တောင်တုပဲ တပ်ရမလား မျက်တောင်ပဲ ဆက်ရမလားဆိုပြီးပါ။ ဒီတော့ ဘယ်လိုလုပ်တာ အကောင်းဆုံးလဲ ပြောပြပေးမယ်နော်။

မျက်တောင်ဆက်ဖူးတယ်ဆိုရင် (photo: https://www.capitaland.com)

မျက်တောင်ဆက်ဖူးတယ်ဆိုရင်

သတို့သမီးလေးတို့ရေ မျက်တောင်ကို ခုမှစပြီးဆက်ဖူးတာ မဟုတ်ဘဲ အရင်ကလည်း ဆက်ဖူးတယ်ဆိုရင်တော့ အဆင်ပြေနိုင်ပါတယ်။ ဆက်ထားတဲ့ မျက်တောင်ကို ဘယ်လိုပုံစံ ထိန်းသိမ်းရမယ်၊ ကိုယ်နဲ့ လိုက်ဖက်သလားဆိုတာ ကြိုသိထားပြီးသားမလို့ ပေါ့ပေါ့ပါးပါး ဖြစ်နေမှာပါ။ နောက်တစ်ခုကတော့ စိုက်မယ့် ဆက်မယ့် မျက်တောင်ရဲ့ အထူ၊ အပါး အရွယ်အစားကိုလည်း မှန်းမိသား ဖြစ်မှာပါ။

ဓါတ်ပုံထဲမှာ ပေါ်နိုင်မလား

သတို့သမီးလေးတို့ရေ မျက်တောင်အတုတပ်တာကတော့ မင်္ဂလာဆောင် ဓါတ်ပုံတွေထဲမှာ ပိုပြီးတော့ ပေါ်နိုင်ခြေ များပါတယ်နော်။ မျက်တောင်ဆက်တာကတော့ ဓါတ်ပုံတွေထဲမှာ ပေါ်နိုင်ခြေ နည်းပါတယ်နော်။ ဒီတော့ မျက်တောင်ဆက်ချင်တယ်ဆိုရင် ပထမတစ်ကြိမ် ဆက်ကြည့်ပြီး ဓါတ်ပုံရိုက်ပြီးမှသာ မင်္ဂလာပွဲနေ့အတွက် ဆက် သင့်မသင့် စဉ်းစားပါနော်။

မျက်တောင်တု တပ်မလား (photo: https://www.capitaland.com)

မိတ်ကပ်ဆရာနဲ့ တိုင်ပင်ပါ

သတို့သမီးလောင်းလေးတို့ရေ မိတ်ကပ်ဆရာနဲ့ တိုင်ပင်ဖို့ မမေ့နဲ့နော်။ သတို့သမီးလေးတို့ အပ်ထားတဲ့ မိတ်ကပ်ဆရာက ဘယ်လို Make up look ပြင်ပေးမှာလဲဆိုတဲ့ ပုံပေါ်မူတည်ပြီး မျက်တောင်က ကွဲပြားသွားမှာပါ။ ဒီတော့ မိတ်ကပ်ဆရာ ပြင်ပေးတဲ့ Make up က မျက်တောင်ဆက်တာနဲ့ အဆင်ပြေမလား၊ မျက်တောင်တုနဲ့ အဆင်ပြေမလားဆိုတာ တိုင်ပင်ပါ။ မိတ်ကပ်ဆရာ ပြောတဲ့အတိုင်း လိုက်နာဖို့ လိုတယ်နော်။ သတို့သမီးလေးက မျက်တောင်ဆက်ချင်တယ်ဆိုရင်တောင် မိတ်ကပ်ဆရာနဲ့ ညှိပါနော်။

 

 

စိတ်ကူးထဲက မင်္ဂလာပွဲလေးဖြစ်မြောက်ဖို့ သတို့သား သတို့သမီးလောင်းတို့ ကိုယ်တိုင်အပင်ပန်းခံ စီစဉ်စရာလုံးဝမလိုအောင် Marry Wedding Planner ရဲ့ပြီးပြည့်စုံလွန်းတဲ့ Wedding Package (၃) မျိုး နဲ့ မိတ်ဆက်ပေးလိုက်ပါပြီ။ ဒါကြောင့် အခုပဲ Marry ရဲ့ဖုန်း : 09 694 496 926 ကိုဆက်သွယ်ပြီး အကောင်းဆုံး Wedding Package တွေကို ရယူလိုက်တော့နော်။
From Marry with

Tag: beautyadvicemake upbride

Comments

0 comments
Latest video
Refer to more useful articles
Community
Latest wedding promotions
Keywords