Advertisement

မင်္ဂလာပွဲနေ့မှာ လှပတဲ့ သတို့သမီးလေးတစ်ဦး ဖြစ်ဖို့ ကိုယ်ကိုယ်တိုင် ဂရုစိုက်ရမယ့် အချက်လေးတွေ သိပြီဆိုတော့ ကြိုတင်ပြင်ဆင်ထားပါနော်။ 

သတို့သမီးလေးတစ်ဦးအနေနဲ့ မင်္ဂလာပွဲလေး စီစဉ်တဲ့အခါ အကုန်လုံးက ကိုယ်တိုင် ဂရုစိုက်ရမှာတွေချည်းပါပဲနော်။ ကိုယ့်ရဲ့ မင်္ဂလာပွဲလေး လှပဖို့ ကိုယ်တိုင်ဂရုစိုက်ရမှာတွေ ရှိပါတယ်။ မင်္ဂလာပွဲလေးမှာ အစစ အရာရာ အဆင်ပြေပြီး လှပတဲ့ သတို့သမီးလေး ဖြစ်ဖို့အတွက် အထူးဂရုစိုက်ရမယ့် အချက်တွေ ရှိပါတယ်။ ဘာတွေ ဖြစ်မလဲ ဖတ်ကြည့်ရအောင်နော်။

မိတ်ကပ်နဲ့ အသားအရေ

သတို့သမီးလေး တစ်ဦး မင်္ဂလာပွဲနေ့မှာ လှနေဖို့အတွက် အထူးဂရုစိုက်ရမယ့် အချက်ကတော့ မိတ်ကပ်နဲ့ အသားအရေပါ။ မိတ်ကပ်ကောင်းဖို့လည်း လိုအပ်သလို အသားအရေ ကောင်းနေဖို့လည်း လိုအပ်ပါတယ်နော်။ မိတ်ကပ်ပြင်ဆင်တဲ့အခါမှာ ကိုယ်နဲ့ ကိုက်ညီအောင် လိမ်းပေးနိုင်တဲ့ မိတ်ကပ်ဆရာကို ရှာဖို့ လိုပါတယ်။ မိတ်ကပ်လိမ်းတဲ့အခါမှာ အဆင်ပြေနေအောင်လည်း အသားအရေ ကောင်းမွန်ဖို့ အထူးဂရုစိုက်ဖို့ လိုပါတယ်နော်။

မိတ်ကပ်နဲ့ အသားအရေ

လက်ဝတ်လက်စား

သတို့သမီးလောင်းလေးတို့ ဒုတိယ ဂရုစိုက်ရမယ့်အချက်ကတော့ လက်ဝတ်ရတနာပါပဲ။ ကိုယ့်ဝတ်စုံနဲ့ လိုက်ဖက်တဲ့ လက်ဝတ်လက်စားဖြစ်ဖို့ လိုသလို ကိုယ်တိုင်လည်း ကြိုက်မှ ဖြစ်မှာပါ။ ဒီတော့ လက်ဝတ်လက်စားကို ငှားမလား၊ ဝယ်မလား၊ အစစ်သုံးမလား ဒါမျိုးတွေ ဂရုတစိုက် စီစဉ်ထားပါနော်။

လက်ဝတ်လက်စား (photo: Pinterest)

ဝတ်စုံ ဒီဇိုင်းနဲ့ အရောင်

သတို့သမီးလေးတို့အနေနဲ့ အလှဆုံး သတို့သမီးလေးဖြစ်ဖို့ဆိုတာ ကိုယ်ရွေးချယ်တဲ့ ဝတ်စုံ၊ ဒီဇိုင်းနဲ့ အရောင်ပေါ်မှာ မူတည်ပါတယ်။ ကိုယ်နဲ့လိုက်ဖက်တဲ့ မင်္ဂလာဝတ်စုံ ရဖို့ဆိုတာ ကိုယ်တစ်ယောက်တည်း ဆုံးဖြတ်ချက်ချပြီး ဝတ်ရမှာပါနော်။ ကိုယ်ကြိုက်ဖို့လည်း လိုတယ်မလား၊ ဝတ်စုံနဲ့ အရောင်ကို အထူးဂရုစိုက်ပြီး ရွေးချယ်မှသာ အလှဆုံး သတို့သမီး ဖြစ်မှာပါ။

Fitting (photo:Easy Weddings UK)

Fitting

သတို့သမီးလောင်းလေးတို့ရေ ဝတ်စုံ ဘယ်လောက်ပဲ လှလှ ကိုယ့်ခန္ဓာကိုယ်နဲ့ ကွက်တိ ကိုက်ညီနေမှ လှမှာပါ။ ဝတ်စုံရဲ့ တနေရာရာမှာ ချောင်နေတာ၊ ကျပ်နေတာ ဒါမှမဟုတ် သီဇာတွေ များနေတာက သတို့သမီးလေးအတွက် အဆင်မပြေနိုင်ပါဘူး။ လှဖို့လည်း ရာခိုင်နှုန်းနည်းပါတယ်နော်။ ဒါကြောင့် အလှဆုံး သတို့သမီးလေး ဖြစ်ဖို့ဆိုတာ ဝတ်စုံရဲ့ fitting နဲ့ ဆိုင်လို့ အထူးဂရုစိုက်ပါ။

ဖိနပ်

ဖိနပ်ကလည်း အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုပါပဲ။ သတို့သမီးလေးတို့ လှဖို့ ဖိနပ်ကိုလည်း ဂရုစိုက်ရမှာပါ။ ခြေထောက်မနာမယ့် ဖိနပ်၊ သတို့သားရဲ့ အရပ်ကို ညှိဖို့ လိုသလို ကိုယ်ကြိုက်တဲ့ ဒီဇိုင်း အရောင် ဖြစ်ဖို့ လိုပါတယ်နော်။

မင်္ဂလာပွဲနေ့မှာ လှပတဲ့ သတို့သမီးလေးတစ်ဦး ဖြစ်ဖို့ ကိုယ်ကိုယ်တိုင် ဂရုစိုက်ရမယ့် အချက်လေးတွေ သိပြီဆိုတော့ ကြိုတင်ပြင်ဆင်ထားပါနော်။

Comments

0 comments