Advertisement

သတို့သမီးလေးတို့ရေ ကိုယ့်ရဲ့ မင်္ဂလာဆောင် နေ့ရက်တွေ မရောက်ခင်မှာ ဒီလိုလေးတွေ လုပ်ထားပေးပါနော်။

သတို့သမီးလေးတို့ရေ မင်္ဂလာပွဲမှာ အလှဆုံး သတို့သမီးလေး ဖြစ်ချင်လား။ ဒါဆိုရင်တော့ မင်္ဂလာပွဲမတိုင်ခင်ကတည်းက ကြိုလုပ်ထားရမှာတွေ ရှိပါတယ်။ မင်္ဂလာပွဲမှာ လှပတဲ့ သတို့သမီးလေး ဖြစ်ဖို့ ကြိုတင်ပြီး ကိုယ့်အလှအပကို ထိန်းသိမ်းထားရမှာပါ။ ဘာတွေ ဘယ်လိုထိန်းရမလဲဆိုတာ ပြောပြလိုက်ပါတယ်။

သွားကျန်းမာရေး

သတို့သမီးလေးတို့ အလှအပအတွက် လုပ်သင့်တဲ့ အချက်တွေထဲမှာ သွားကျန်းမာရေးလည်း ပါဝင်ပါတယ်နော်။ မင်္ဂလာပွဲမှာ အပြုံးလေးတွေ ဝေဝေဆာဆာ ဖြစ်နေဖို့အတွက် သွားဖြူဖြူလေးတွေ ရှိနေဖို့ လိုတာပေါ့။ သွားဖြူဖြူလေး ဖြစ်နေစေဖို့အတွက် သွားဆေးခန်းတွေမှာ ဖြူအောင်လုပ်တာ၊ သွားကျဲတာတွေဆိုရင် Braces တပ်တာမျိုးတွေ လုပ်ပါ။

ခန္ဓာကိုယ်အလေးချိန်ထိန်းထားပါ

သတို့သမီးလေးတို့ရေ မင်္ဂလာပွဲ မတိုင်ခင်မှာ ခန္ဓာကိုယ် အလေးချိန် ထိန်းထားဖို့ လိုပါတယ်။ ထိုင်မသိမ်းပဲ ဖြစ်ဖြစ်၊ အနောက်တိုင်း ဝတ်စုံပဲဖြစ်ဖြစ် ခန္ဓာကိုယ် လှလှလေး ဖြစ်နေဖို့ လိုပါတယ်။ ခန္ဓာကိုယ်လေး ပေါ်ရင် သတို့သမီးလေးတို့ ယုံကြည်မှု ပိုရှိတာပေါ့နော်။ အဲဒါကြောင့် Gym ဆော့တာ၊  Zomba  ကတာမျိုး လုပ်ပါ။

မိတ်ကပ်အစမ်းပြင်ပါ

မင်္ဂလာပွဲနေ့ မတိုင်ခင်မှာ မိတ်ကပ်အစမ်းပြင်ဖို့ မမေ့ပါနဲ့နော်။ ခုနောက်ပိုင်းမှာလည်း မိတ်ကပ်ပညာရှင်တွေက အစမ်းပြင်ပေးလေ့ ရှိပါတယ်။ မင်္ဂလာပွဲနေ့မတိုင်ခင်မှာ အစမ်းပြင်တာတွေ လုပ်ပါ။ ပွဲနေ့မှာ မိတ်ကပ်နဲ့ ကိုယ်အသားကျနေဖို့ အရေးကြီးတယ်နော်။

ကျန်းမာရေးအတွက်

အလှအပအတွက် ဂရုစိုက်နေချိန်မှာ ကျန်းမာရေးကို မေ့ထားလို့ မရဘူးနော်။ ကျန်းမာမှ လှပနေနိုင်မှာလေ။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေပဲ စားပါ။ အသားအရေကို အထောက်အကူပြုမယ့် အစားအသောက်တွေ ရွေးစားထားပါ။ ဒါဆိုရင်တော့ ကျန်းမာပြီး လှလှပပ ဖြစ်မှာပါ။

(photo: www.mirror.co.uk)

 

မျက်နှာအသားအရေအတွက်

သတို့သမီးလေးတို့ မျက်နှာအသားအရေအတွက် ပြင်ဆင်ထားဖို့ လိုပါတယ်နော်။ အပေါ်မှာ ပြောပြထားတဲ့ အချက်တွေကို ပြင်ဆင်ပြီးပြီဆိုရင်တော့ မျက်နှာကို ဂရုစိုက်ပါ။ ပေါင်းတင်တာ၊ Skin ဆေးခန်းတွေ သွားတာ၊ Skin care ကောင်းကောင်း သုံးတာစတာတွေ နေ့တိုင်းလုပ်ပါ။ တစ်ရက်မှမပျင်းဘဲ လုပ်ထားပါနော်။ ဒါမှ ပွဲနေ့ကျ လှတဲ့ သတို့သမီးလေးဖြစ်မှာ။

Tags: beauty weddingBridalTips

Comments

0 comments