Advertisement

စိတ်ရှည်ရှည်ထားပါ။ အချိန်ပေးပါ။ အချိန်ယူပါ လို့ Marry ကတော့ ထပ်ခါ ထပ်ခါ အကြံပေးချင်ပါတယ်

လိုတဲ့ အချက်လေးတွေ (Photo: Pintrest)

အတောက်ပဆုံးမင်္ဂလာပွဲလေး ဖြစ်ဖို့အတွက်ကတော့ သတို့သမီးလေးက အလှဆုံး ဖြစ်နေဖို့ လိုအပ်ပါတယ်။ သတို့သမီးလေး လှဖို့အတွက်ကျ မင်္ဂလာဝတ်စုံ၊ မိတ်ကပ်၊ ဆံပင်၊ ဖိနပ်စတာတွေ အကုန် အချိုးညီညီ ပံ့ပိုးပေးနိုင်ဖို့က အဓိက ကျလှပါတယ်။ အလှဆုံး သတို့သမီးလေး ဖြစ်ဖို့ သတို့သမီးလေးအတွက် မင်္ဂလာဝတ်စုံရွေးမယ်ဆို သိထားဖို့ အရေးကြီးတဲ့အချက်လေးတွေကို Marry ကနေ ပြောပြလိုက်ရပါတယ်။

ခေတ်စားနေတာကို ရှောင်ပါ

နှစ်စဉ် နှစ်တိုင်းအတွက် မင်္ဂလာအရောင်ဆိုတာကတော့ တစ်နှစ်နဲ့ တစ်နှစ် မတူဘဲ ပေါ်လာတတ်ပါတယ်။ ခေတ်စားနေတဲ့ဝတ်စုံတွေကို ရှောင်ပါ။ ခေတ်စားတယ်၊ လူကြိုက်များတယ် ဆိုရင်တောင်မှ မိမိနဲ့ မလိုက်ဖက်ရင်တော့ အလကားပါ။ မိမိနဲ့ လိုက်ဖက်ညီမှု ရှိ မရှိကို အရင်ဆုံး ရွေးချယ်ပါ။  လိုက်ဖက်ညီတဲ့အရောင်၊ ပုံစံကို သေချာ ရွေးချယ်ပါ။ လူရွေးများတယ်။ နောက်ဆုံးပေါ်ပုံစံဆိုတာတွေတိုင်းကို နားမယောင်ပါနဲ့။

အသားရောင်နဲ့ လိုက်ဖက်ညီတဲ့အရောင်ကို သေချာရွေးချယ်ပေးနိုင်ပါမှ သတို့သမီးလေးအတွက် အလိုက်ဖက်ဆုံးမင်္ဂလာဝတ်စုံလေးကို ရရှိမှာပါ (Photo: Pintrest)

အသားရောင်နဲ့ လိုက်ဖက်ညီပါစေ

ဘယ်အသားရောင်နဲ့ ဘာအရောင်က လိုက်ဖက်မှု အရှိဆုံးဆိုတာလည်း ဆိုတာကို သိထားရမှာပါ။အသားရောင်နဲ့ လိုက်ဖက်ညီတဲ့အရောင်ကို သေချာရွေးချယ်ပေးနိုင်ပါမှ သတို့သမီးလေးအတွက် အလိုက်ဖက်ဆုံးမင်္ဂလာဝတ်စုံလေးကို ရရှိမှာပါ။

မင်္ဂလာပွဲမှာ အလှဆုံးသတို့သမီးလေး ဖြစ်နေဖို့အတွက်ကတော့ အချိန်ပေးမှ ရမှာပါ (Photo: Pintrest)

တတ်နိုင်သမျှ အချိန်ပေးရွေးချယ်ပါ

စိတ်ရှည်ရှည်ထားပါ။ အချိန်ပေးပါ။ အချိန်ယူပါ လို့ Marry ကတော့ ထပ်ခါ ထပ်ခါ အကြံပေးချင်ပါတယ်။ တတ်နိုင်သလောက် အချိန်ပေး ရွေးချယ်ပါ။ ဝတ်စုံ ရွေးချယ်ဖို့အတွက် ဆိုင်တွေကို များများသွားပါ။ လက်လှမ်းမီသလောက် အစမ်းဝတ်ဆင်ကြည့်ပါ။ ဝတ်စုံတွေ စမ်းဝတ်ရတာ အလုပ်ရှုပ်တာတော့ အမှန်ဆိုပေမယ့် တစ်သက်မှ တစ်ခါ ပြုလုပ်မယ့် မင်္ဂလာပွဲမှာ အလှဆုံးသတို့သမီးလေး ဖြစ်နေဖို့အတွက်ကတော့ အချိန်ပေးမှ ရမှာပါ။ အဆင်ပြေမယ် ထင်တဲ့ဝတ်စုံတိုင်းကို စမ်းဝတ်ကြည့်ပါ။ တစ်ဆိုင် အဆင်မပြေရင် နောက်တစ်ဆိုင်ကို ပြောင်းဝတ်ဆင်ကြည့်ပါ။ အဆင်ပြေတယ်ဆိုရင်လည်း ထပ်ရှာပါ။ ပိုဝတ်ကြည့်မိတယ်ဆိုတာမျိုး ရှိမှာ မဟုတ်တဲ့အတွက် တတ်နိုင်သလောက် အချိန်ပေး ရွေးချယ်ပါလို့ အကြံပေးလိုက်ရပါတယ်။

 

Comments

0 comments