Advertisement

ဝတ်စုံက ဘယ်လောက်ပဲ လှလှ ကိုယ့်ခန္ဓာကိုယ်အချိုးအစားနဲ့ မအပ်စပ်ရင်လည်း ဝတ်စုံရဲ့ ရှိရင်းစွဲအလှလေးတောင် မှေးမှိန်သွားတတ်ပါတယ်။

မင်္ဂလာဆောင်တော့မယ့် သတို့သမီးလေးတွေတိုင်းက မင်္ဂလာပွဲမှာ အလှဆုံးဖြစ်ချင်ကြပါတယ်။ မင်္ဂလာဆောင်ဖို့ စ စဉ်းစားပြီ ဆိုတာနဲ့ အလှဆုံးဖြစ်နေဖို့ ဘယ်လို ဝတ်စုံကို ဝတ်ရမလဲဆိုတာ စဉ်းစားကြတယ် မဟုတ်လား။ သတို့သမီးလေးတွေ သတိမထားမိတာ တစ်ခုက ဝတ်စုံလှနေဖို့ထက် ခန္ဓာကိုယ်လှနေဖို့က ပိုအရေးကြီးတယ် ဆိုတာကိုပါ။ ရှိသင့်ရှိထိုက်တဲ့ အလှတွေရှိနေတဲ့ ခန္ဓာကိုယ်က ဘယ်လို အ၀တ်အစားနဲ့ပဲ ဖြစ်ဖြစ် လှနေတာပါနော်။ ဝတ်စုံက ဘယ်လောက်ပဲ လှလှ ကိုယ့်ခန္ဓာကိုယ်အချိုးအစားနဲ့ မအပ်စပ်ရင်လည်း ဝတ်စုံရဲ့ ရှိရင်းစွဲအလှလေးတောင် မှေးမှိန်သွားတတ်ပါတယ် ။ ဒီတော့ ကိုယ့်ခန္ဓာကိုယ် အချိုးအစားနဲ့ကိုယ် ဝတ်ဆင်မယ့် မင်္ဂလာဝတ်စုံကြားမှာ အလှတရားတွေ ပေါင်းကူးပေးမယ့် အရာတစ်ခုခုတော့ လိုလာပြီလေ။ သတို့သမီးလေးတွေကို ပိုလှအောင် ကူညီပေးမှာက မင်္ဂလာဝတ်စုံနဲ့အတူတူ ဝတ်လိုက်မယ့် အတွင်းခံ ဖြစ်ပါတယ်။

မြန်မာဝတ်စုံ ၀တ်မယ့် သတို့သမီးလေးတွေ ဆိုရင်လည်း ဗိုက်ပူနေရင် ကြည့်မကောင်းနိုင်ဘူးလေ။ ဒီတော့ ဗိုက်လေးကို ချပ်သွားအောင် ဖန်တီးပေးမယ့် အတွင်းခံ အင်္ကျီလေးလိုတာပေါ့။ ခါးလေးက တုတ်နေရင်လည်း ထိုင်မသိမ်းလေးရဲ့ အလှက ဘယ်ပေါ်တော့မလဲနော်။ အဲ့ချိန်ကျရင် ခါးလေးကို သိမ်သိမ်လေး ဖြစ်သွားစေမယ့် မျက်လှည့်ဆရာလေးက အတွင်းဝတ်လေး ဖြစ်ပါတယ်။ ပြီးတော့ ထိုင်မသိမ်းဆိုတာမျိုးကလည်း ရင်သားလေး မို့မောက် ဖွံ့ထွားနေမှ ကြည့်လို့ကောင်းတာမျိုး ဆိုတော့ကာ သေသေချာချာ ချုပ်လုပ်ထားတဲ့ ရင်ခံအင်္ကျီမျိုး လိုအပ်ပါတယ်။

အတွင်းဝတ်အင်္ကျီလေးကို မှန်မှန်ကန်ကန် ရွေးချယ်ထားရင် သတို့သမီးလေးရဲ့ ခန္ဓာကိုယ်ကို ပိုပြီးလှအောင် ဖန်တီးပေးမှာပါ။ ဒါကြောင့်မို့ မင်္ဂလာပွဲနေ့မှာ အလှဆုံး ဖြစ်နေမနေဆိုတာ သတို့သမီးလေး ၀တ်ထားတဲ့ အတွင်းခံအပေါ်လည်း မူတည်ဆိုတာ သတိရပါနော်။ အနောက်တိုင်း ၀တ်စုံတွေဆိုတာကလည်း တစ်နေ့ထက်တစ်နေ့ ပိုပို ဆန်းပြားပြီး လှတဲ့ ၀တ်စုံမျိုးတွေ ပေါ်နေတာဆိုတော့ ကိုယ်ရွေးချယ်လိုက်တဲ့ ၀တ်စုံရဲ့ ဒီဇိုင်းပေါ်မှာ မူတည်ပြီး ၀တ်သင့်တဲ့ အတွင်းခံကို သေချာရွေးချယ်မှ ၀တ်စုံလေးက ကိုယ်နဲ့ ပိုလှ၊ပိုလိုက်သွားမှာပါလို့ အကြံပြုပေးလိုက်ပါတယ်နော်။

Tags: advicedressfashionwedding tips

Comments

0 comments
Advertisement