Wedding Accessories ဆိုရင် များသောအားဖြင့်က သတို့သမီးနဲ့ မင်္ဂလာပွဲ အပြင်အဆင်ကိုပဲ ပြေးမြင်တတ်ကြပါတယ်။ သတို့သားလေးအတွက်လည်း Wedding Accessories ဆိုတာက အရေးကြီးလှပါတယ်။ အခုပြောပြပေးချင်တာက သတို့သားလေးရဲ့ Wedding Accessories လေးတွေအကြောင်းပဲ ဖြစ်ပါတယ်။
ဖိနပ်နဲ့ နာရီ
သတို့သားလေးအတွက်မှာလည်း လိုအပ်တဲ့ Wedding Accessories တွေ အများကြီး ရှိပါတယ်။ သတို့သားလေး လှမ်းလိုက်တဲ့ခြေလှမ်းတိုင်း တက်ကြွနေဖို့အတွက်ကတော့ ဖိနပ်လေးကအရေးပါသလို မင်္ဂလာအချိန် တိကျဖို့အတွက်ဆိုလည်း နာရီကတော့ မရှိမဖြစ်ပါပဲ။
ခြေအိတ်၊ လည်စည်းဖဲပြား
သတို့သားအတွက် ဖိနပ်ဆိုတာ အနောက်တိုင်းဝတ်စုံဝတ်တဲ့အချိန် ရှူးစီးကြတဲ့အတွက် ခြေအိတ်ကတော့ လိုလာပါတယ်။ နက်တိုင်အရှည် မဝတ်ချင်တဲ့သတို့သားတွေအတွက်ကတော့ လည်စည်းဖဲပြားက လိုအပ်ပါတယ်။ ဒါမှ လည်ပင်းက ပြောင်ရှင်းကြီး ဖြစ်မနေမှာပါ။
ခါးပတ်၊ ရေမွှေး
ဘောင်းဘီရှည်ဝတ်တဲ့အချိန်တိုင်းမှာ ခါးပတ်ပါမှ ပြည့်စုံတဲ့ကြည့်ကောင်းခြင်းကို ဖြစ်စေသလို လုံခြုံစိတ်ချမှုကို ဖြစ်ပေါ်စေမှာဖြစ်လို့ပါ။ သတို့သမီးဘေးနားမှာနေပြီး မင်္ဂလာပွဲတစ်လျောက်လုံး ဧည့်သည်တွေကြားမှာ လိုက်ဧည့်ခံရမယ့်သတို့သားလေးအနေနဲ့က မွှေးကြိုင်နေဖို့ အရေးကြီးသလို ရေမွှေးနံ့ကလည်း စူးနေတာမျိုး မဖြစ်ရဘဲ ယောက်ျားဆန်ဆန် ဆွဲဆောင်နိုင်တဲ့အနံ့မျိုးကို ရွေးချယ်ပေးရမှာပါ။
နက်ခ်တိုင်
လည်စည်းဖဲပြား သဘောမကျတဲ့သတို့သားတွေအတွက်ကတော့ ဝတ်စုံနဲ့လိုက်ဖက်တဲ့နက်တိုင်ကို ရွေးချယ်ပေးရမှာပါ။ နက်တိုင် အရောင်တွေအများကြီးထဲမှာမှ ဝတ်စုံနဲ့လိုက်ဖက်ညီတဲ့အရောင်၊ ပုံစံတွေထဲမှာလည်း ဘယ်လိုနက်တိုင်မျိုးက ဝတ်စုံနဲ့ အလိုက်ဖက်ဆုံးဖြစ်မလဲဆိုတာကို သေချာ ရွေးချယ်ပေးပါ။
ရင်ကပ်ပန်း
သတို့သားလေးရဲ့ Wedding Accessories တွေဆိုရင်တော့ ရင်ကပ်ပန်းလေးကို မေ့ထားလို့ မရပါဘူး။ ရင်ကပ်ပန်းကိုလည်း သတို့သမီးလက်ကိုင်ပန်းလေးနဲ့ တူတဲ့ပန်းတွေထဲက ရွေးချယ်လိုက်တာက အလိုက်ဖက်ဆုံး ဖြစ်စေမှာပါ။
Marry က ပြောပြပေးထားတဲ့ Wedding Accessories ကြားက သတို့သားအသုံးအဆောင်များကို ဖတ်ကြည့်ပေးပြီး မင်္ဂလာပွဲမှာ ပြီးပြည့်စုံတဲ့ မင်္ဂလာ အရာလေးတွေကြားက သတို့သားလေး အဖြစ် ဝင့်ကြွားလိုက်ပါ။
Comments