မင်္ဂလာပွဲမတိုင်ခင် တစ်ပတ်အလိုမှာ အလှအပအတွက် ရှောင်ရမှာတွေ

by: seng yar
 1 comments  0 love

မင်္ဂလာပွဲလေးမှာ ကျန်းမာလှပနေဖို့ အတွက်ကတော့ အခု ပြောပြပေးတဲ့ အချက်လေး ၂ ချက်ကို မင်္ဂလာပွဲ မတိုင်ခင် တစ်ပတ် အလိုမှာ ရှောင်ရှားပေးပါနော်။

 

တစ်ခါမှ မလုပ်ဖူးတဲ့အရာတွေကို မင်္ဂလာပွဲ တစ်ပတ် အလိုမှာမှ စမ်းလုပ်တာမျိုးကို မလုပ်ပါနဲ့တော့ ( Photo : Osmosis )

မင်္ဂလာပွဲလေး ဆိုတာကတော့ ချစ်သူတွေတိုင်းရဲ့ ဘဝ တစ်ဆင့်ချိုး ပြောင်းလဲမှု ပေးမယ့် နေ့ကောင်း ရက်သာလေးတွေထဲက တစ်ရက် အပါပဲ ဖြစ်ပါတယ်။ ဒီလို နေ့လေးမှာတော့ မင်္ဂလာမောင်နှံလေးတွေတိုင်းက အလှဆုံး ကြည့်လို့ အကောင်းဆုံးပဲ ဖြစ်ချင်ကြပါတယ်။ Marry ပြောပြပေးချင်တာကတော့ မင်္ဂလာပွဲ မတိုင်ခင် တစ်ပတ်အလိုမှာ အလှအတွက် ရှောင်ရမှာတွေ အကြောင်းပဲ ဖြစ်ပါတယ်။ ကျန်းမာ လှပဖို့ သိထားရမယ့်အရာမျာျးကိုလည်း ဖတ်ကြည့်ပေးပါနော်။

အရောင်ပါတဲ့ အရာတွေကို စားသောက်ခြင်းကို ရှောင်ပါ

မင်္ဂလာပွဲ ဆိုတာကတော့ ဆွေမျိုး မိတ်ဆွေတွေ နှစ်ဖက် လူကြီး မိဘတွေ စုံညီပြီး ပျော်ရွှင် ကြည်နူးမှုတွေကို ဖြန့်ဝေတဲ့နေ့လေးပါ။ ဒီလို နေ့မျိုးမှာ မင်္ဂလာမောင်နှံလေးတွေရဲ့ အပြုံးလေးတွေကို အတောက်ပဆုံး ဖြစ်နေစေမယ့် သွားဖြူဖြူလေးတွေကို ထိန်းသိမ်းတတ်ပါစေ။ အရောင်ပါတဲ့ အစားအစာတွေ ဖြစ်တဲ့ ဝိုင်နီတို့လိုမျိုး ဘယ်ရီသီး၊ စပျစ်သီးတွေလိုမျိုးကို ရှောင်ပေးပါ။ တတ်နိုင်ရင် ကော်ဖီ လက်ဖက်ရည်တို့ကိုပါ ရှောင်ပေးပါ။ သွားတွေ ဝါညစ်ညစ် ဖြစ်နေတာကတော့ အပြုံးလေးတွေ အလှကို လျော့နည်းစေနိုင်တဲ့အတွက်ပါ။ ပိုမို ဖြူဖွေး တောက်ပတဲ့ သွားတွေ အတွက် ဆိုရင်တော့ သွားဆရာဝန်ဆီသွားပြီး သွားဖြူအောင် ပြုလုပ်ပေးဖို့ လိုမယ်နော်။

မင်္ဂလာပွဲလေးရဲ့ မင်းသမီးလေး (Photo: Presidents suites )

မလုပ်ဖူးတဲ့ အရာတွေကို စမ်းလုပ်ခြင်းကို ရှောင်ပါ

မင်္ဂလာပွဲ မတိုင်ခင် တစ်ပတ်လောက်မှ အသားအရေလေး လှအောင်တို့ ဘာတို့ ဆိုပြီး မလုပ်ဖူးတဲ့ Spa သွားတာတို့ ပေါင်းတင်လိုက်တာတို့ကို ရှောင်ပါနော်။ အသားအရေနဲ့ လိုက်ဖက်ပြီး လုပ်ဖူးတဲ့ အလှအပရေးရာတွေကိုပဲ ပြုလုပ်ပေးပါ။ မလုပ်ဖူးတာကို စမ်းလုပ်ကြည့်မိရင်း မတော်တဆ လှအောင် ပြင်ခါမှ မလှသွားတာမျိုး ဖြစ်မှာ စိုးရိမ်ရတဲ့ အတွက်ပါ။ ပြုလုပ်နေကျ သုံးနေကျ အလှကုန်တွေ အရာတွေကိုပဲ အသုံးပြုပေးပါ။

မင်္ဂလာပွဲလေးမှာ အလှဆုံး မင်္ဂလာမောင်နှံလေးတွေ ဖြစ်ပြီး ကျန်းမာလှပနေဖို့ အတွက်ကတော့ အခု ပြောပြပေးတဲ့ အချက်လေး ၂ ချက်ကို မင်္ဂလာပွဲ မတိုင်ခင် တစ်ပတ် အလိုမှာ ရှောင်ရှားပေးပါနော်။ ကျန်းမာ လှပဖို့ သိထားရမယ့်အရာများ ကိုလည်း ပြောပြထားပါတယ်။

From Marry with

Tag: beautybridewellnes

Comments

0 comments
Latest video