2019 အတွက် မိတ်ကပ်ပညာရှင်တွေ ရွေးချယ်ကြတဲ့ သတို့သမီးမိတ်ကပ်ပုံစံများ

by: Phyo Pyae Thu
 0 comments  0 love

အပြင်အဆင်တွေကို သိရပြီိဆို သတို့သမီးလေးတို့လည်း ရွေးချယ်ဖို့ အဆင်ပြေမှာပါ

သတို့သမီးလောင်းလေးတို့ရေ မိတ်ကပ်ပုံစံဆိုတာကလည်း တစ်နှစ်နဲ့ တစ်နှစ် မတူဘဲ ပြောင်းလဲနေတာပါ။ ဒီတော့ သတို့သမီးလေးလောင်းတို့ မိတ်ကပ်အပြင်အဆင် ရွေးတဲ့အခါမှာလည်း ကိုယ်ဆောင်မယ့် မင်္ဂလာနှစ်မှာ ဘယ်လို မိတ်ကပ်အပြင်အဆင်က ခေတ်စားလဲ၊ ကိုယ်ကဘယ်လိုပုံစံမျိုး ကြိုက်လဲ၊ ဘယ်မိတ်ကပ်ပညာရှင်တွေကရော ဘယ်လို အမျိုးအစားလေး ပြင်ပေးကြလဲဆိုတာ သိထားဖို့ လိုပါတယ်နော်။ ဒါမှ သတို့သမီးလောင်းလေးတွေလည်း ရွေးချယ်လို့ရမှာပါ။

(၂၀၁၉) မှာ ခေတ်စားလာမယ့် မိတ်ကပ်အပြင်အဆင်တွေ( photo: Ma Htet’fb)

ဒီဇင်ဘာနှင်း

ဒီဇင်ဘာနှင်းရဲ့ မိတ်ကပ်ပြင်ဆင်မှုကတော့ သတို့သမီးလေးတို့ အကြိုက်ဖြစ်တဲ့ မိတ်ကပ်အပြင်အဆင်တွေထဲက တစ်ခုပါ။ သတို့သမီးလေးရဲ့ မျက်နှာကျနဲ့ လိုက်ဖက်အောင် ပြင်ဆင်နိုင်တဲ့အပြင် ဆံထုံးဆိုရင်လည်း ဘယ်လိုပုံစံဆံထုံးပဲ ဖြစ်ဖြစ် သေသေသပ်သပ် လှပအောင် ထုံးဖွဲ့ပေးလေ့ ရှိပါတယ်။ မျက်လုံးခြယ်သမှုကို ပိုဦးစားပေးပြီး ခြယ်တဲ့ မိတ်ကပ်ပုံစံကို သုံးတာ များပါတယ်။

မိတ်ကပ်ခင်စန်းဝင်း

မြန်မာထိုင်မသိမ်းနဲ့ လိုက်ဖက်တဲ့ မိတ်ကပ် အပြင်အဆင်ပုံစံမျိုးကို သေချာ ပြင်ပေးလေ့ရှိပါတယ်။ ပြီးတော့ ဆံထုံးဆိုရင်လည်း လှပသေသပ်အောင် ထုံးဖွဲ့လေ့ ရှိပါတယ်။ ပါးပါးကြည်ကြည်လေးတွေ ပြင်ပေးလေ့ရှိပြီး နန်းဆန်တဲ့ မိတ်ကပ်ပုံစံလေးတွေ ပြင်ပေးလေ့ရှိတာကြောင့် နားကောက်ဆံထုံး ထုံးချင်တဲ့ သတို့သမီးလေး အများစုကတော့ ရွေးချယ်ကြပါတယ်။

Glow ဖြစ်စေတဲ့ မိတ်ကပ်အပြင်အဆင် (photo: May Oo’sfb)

မိတ်ကပ်မထက်(Pop Soul)

မျက်နှာကို ညိုတဲ့ဘက်လေး လိမ်းချင်တဲ့ သတို့သမီးလေးတွေနဲ့ ပါးပါးကြည်ကြည်လေး လိုချင်တဲ့ သတို့သမီးလေး တော်တော်များများကတော့ မိတ်ကပ်မထက်ကို ရွေးချယ်လေ့ ရှိပါတယ်။ ဒီနှစ်မှာလည်း ပါးပါးကြည်ကြည်လေးနဲ့ Glow ဖြစ်တဲ့ မိတ်ကပ်လေးတွေကို ရွေးချယ်မှု ပိုများလာပါတယ်။

မေဦး (Magic)

မိတ်ကပ်ပါးပါးကြည်ကြည်လေးနဲ့ သတို့သမီးလေးတို့ မျက်နှာနဲ့ လိုက်ဖက်တဲ့ မိတ်ကပ်အပြင်အဆင် ပြင်ပေးလေ့ရှိတာကြောင့် သတို့သမီး တော်တော်များများ ရွေးချယ်ကြပါတယ်။ (၂၀၁၉) မှာ ခေတ်စားမယ့် မိတ်ကပ်အပြင်အဆင် ဖြစ်တဲ့ Glow မိတ်ကပ်ကိုလည်း သေချာ သေသပ်အောင် ပြင်ဆင်ပေးနိုင်တဲ့သူပါ။

သတို့သမီးလောင်းလေးတို့ရေ (၂၀၁၉) မှာ မိတ်ကပ်ပညာရှင်တွေ ရွေးချယ်ကြတဲ့ သတို့သမီးမိတ်ကပ်အပြင်အဆင်တွေကို သိရပြီိဆိုတော့ သတို့သမီးလေးတို့လည်း ရွေးချယ်ဖို့ အဆင်ပြေမှာပါ။

 

From Marry with


Comments

0 comments
Latest video