Advertisement

အလှဆုံး သတို့သမီးလေး ဘေးမှာ ရှိနေမယ့် သတို့သားလေး စတိုင်ကျနေဖို့ အတွက် အနောက်တိုင်းဝတ်စုံလေး (၃)စုံကို Marry ကနေ ရွေးချယ် ဖော်ပြပေးလိုက်ရပါတယ်။

မင်္ဂလာပွဲလေး အတွက် ပြင်ဆင်တဲ့ အချိန်မှာ သတို့သမီးလေးအတွက်ကို အလှပဆုံး ရွေးချယ် ပြင်ဆင်သလို သတို့သားလေး အတွက်လည်း ပြင်ဆင်ဖို့ လိုအပ်ပါတယ်နော်။ အလှဆုံး သတို့သမီးလေး ဘေးမှာ ရှိနေမယ့် သတို့သားလေး စတိုင်ကျနေဖို့ အတွက် အနောက်တိုင်းဝတ်စုံလေး (၃)စုံကို Marry ကနေ ရွေးချယ် ဖော်ပြပေးလိုက်ရပါတယ်။

အကွက်ပုံစံ အနောက်တိုင်း ဝတ်စုံ

အကွက်ကြီးလေးတွေ ပုံစံကလည်း ဘယ်တော့မှ မရိုးနိုင်ပါဘူးနော် (Photo: onethreeonefour)

သတို့သားလေးတို့အတွက် အဆင်ပြေမယ့် ဝတ်စုံတွေထဲက တစ်ခုကတော့ အကွက်ကြီး ပုံစံပဲ ဖြစ်ပါတယ်။ အကွက် ပုံစံကတော့ ပိန်တဲ့သူပဲ ဖြစ်ဖြစ် ဝတဲ့သူပဲ ဖြစ်ဖြစ် နဲ့ လိုက်ဖက်မှု ရှိမယ့် ပုံစံလေးပါ။ ဝတ်စုံ ရွေးချယ်တဲ့အချိန်မှာ အရောင်တောက်တောက်က အသားအရေနဲ့ မလိုက်ဖက်တာတွေ ဖြစ်နေနိုင်တာမျိုး ရှိတာကြောင့် အရောင်ကိုတော့ မတောက်တာမျိုးကို ရွေးချယ်ဝတ်ဆင်ပေးပါနော်။

အနက်ရောင် အနောက်တိုင်းဝတ်စုံ

အနက်ရောင် ဝတ်စုံလေးကတော့ အမြဲတမ်းစာ (Photo: onethreeonefour)

အမြဲတမ်း လူရွေးများတဲ့ အရောင်လို့ ဆိုရမယ့် အနက်ရောင် ဝတ်စုံလေးပါ။ တည်ငြိမ်ပြီး ခန့်ညားတဲ့ သတို့သားလေး အသွင်ကို ဖော်ဆောင်နိုင်ဖို့ အတွက်ကတော့ အနက်ရောင် ဝတ်စုံကို ရွေးချယ်ပေးလိုက်ပါ။ အနက်ရောင်ရဲ့ အားသာချက်ကတော့ သတို့သမီးဝတ်စုံ အရောင်တိုင်းနဲ့ လိုက်ဖက်မှု ရှိနေခြင်းပါ။

အပေါ်နဲ့ အောက် မတူတဲ့ အနောက်တိုင်း ဝတ်စုံ

အပေါ်နဲ့ အောက် မတူတဲ့ အရောင်တွေကို ဝတ်ဆင်ကြည့်ပါ (Photo: onethreeonefour)

အနောက်တိုင်း ဝတ်စုံ အများစုကတော့ အပေါ်နဲ့ အောက်ကို တစ်ရောင်တည်း ဝတ်ဆင်တာ များပါတယ်။ ဒါပေမယ့် အပေါ်နဲ့ အောက် မတူညီတာကို ဝတ်ဆင်တာမျိုးလည်း ရှိပါတယ်။ ဒီလို ဝတ်ဆင်လိုက်တာမျိုးကလည်း သတို့သားလေးကို ကြည့်လို့ ကောင်းစေနိုင်ပါတယ်။ ဆန်းဆန်းပြားပြားလေး ဖြစ်ချင်တဲ့သတို့သားလေးတွေ အတွက်ကတော့ ဒီပုံစံလေးကလည် ရွေးချယ်သင့်ပါတယ်နော်။

Comments

0 comments