သတို့သမီးလေးတွေရွေးချယ်စရာ ကျောပေါ်ဆံပင်ချထားတဲ့ ပုံစံသုံးမျိုး

by: Editor
 0 comments  1 love

ဆံပင်ပုံစံလေးကို ရိုးရိုးလေး ပြုလုပ်ပေးတာကတော့ သတို့သမီးလေးရဲ့ မျက်နှာလေးကို ဖူးပြီး ကြည်လင်နေစေတဲ့ပုံစံလေး ဖြစ်ပေါ်စေတာကို သိထားပေးပါနော်။

ပန်းပွင့်လေးတွေနဲ့ အလှဆင်လိုက်ပါ (photo:vanitee)

သတို့သမီးလေးတို့အတွက် ဒီတစ်ခါ ပြောပြပေးချင်တာကတော့ ဆံထုံး မထုံးချင်ဘူးဆိုရင်  ရွေးချယ်စရာ ကျောပေါ်ဆံပင်လေးချထားတဲ့ပုံစံ သုံးမျိုးအကြောင်းပဲ ဖြစ်ပါတယ်။ မင်္ဂလာပွဲလေးရဲ့ ပင်တိုင် မင်းသမီးလေးအဖြစ် အလှကြီး လှရမယ့် သတို့သမီးလေးတွေက ဆံထုံးထုံးတာ များပါတယ်။ ဒါပေမယ့် ဆံထုံး မထုံးချင်ဘူး ဆိုရင်လည်း အခုပြောပြပေးမယ့်ဆံပင်ပုံစံလေးတွေကို ရွေးချယ်လိုက်နိုင်ပါတယ်နော်။

ပန်းပွင့်လေးတွေနဲ့ အလှဆင်ထားတဲ့ပုံစံ

ပုံမှာ ပြထားတဲ့အတိုင်းလေး ဆံပင်ကို ကျစ်ဆံမြီး ပွပွလေး ပုံစံ ကျစ်လိုက်ပါ။ ဆံလိပ်လေးတွေ ခွေခွေ ဖြစ်နေတဲ့ကျစ်ဆံမြီးလေးတွေကြားမှာ နှင်းဆီပွင့်လေး သေးသေးလေးတွေကို ပြန်အလှဆင်လိုက်ပါ။ ပန်းလေးတွေကိုမှ နှင်းဆီပွင့်ပုံစံပန်းတုလေးတွေနဲ့ အလှဆင်လို့ ရသလို ပန်းအစစ်လေးတွေကိုလည်း ရွေးချယ်လိုက်နိုင်ပါတယ်။ ပန်းလေးတွေမှာလည်း သတို့သမီးလေးတွေ နှစ်သက်တဲ့ပန်းမျိုးကို ရွေးချယ်လို့ ရသလို ဝတ်စုံနဲ့ လိုက်ဖက်တာကိုလည်း ဆင်မြန်းလို့ ရပါတယ်။

ရိုးရိုး နောက်စည်းပုံစံလေး (photo:vanitee)

ရိုးရိုးနောက်စည်းပုံစံလေး

ဆံပင်ပုံစံလေးကို ရိုးရိုးလေး ပြုလုပ်ပေးတာကတော့ သတို့သမီးလေးရဲ့ မျက်နှာလေးကို ဖူးပြီး ကြည်လင်နေစေတဲ့ပုံစံလေး ဖြစ်ပေါ်စေတာကို သိထားပေးပါနော်။ ရိုးရိုးနောက်စည်းလေး ပုံစံမျိုးကို ပြင်ဆင်ထားတဲ့ သတို့သမီးလေးရဲ့ မျက်နှာလေးကတော့ ရှင်းပြီး ကြည်နေတာကို မြင်တွေ့ရမှာပါ။

ဖဲကြိုးလေးနဲ့ ချစ်စရာ ပုံစံလေး (photo:vanitee)

ဖဲကြိုးလေးနဲ့ ချစ်စရာ ပုံစံလေး

ချစ်စရာကောင်းတဲ့သတို့သမီးလေး ဖြစ်ဖို့ အတွက်ကတော့ ဖဲကြိုလေး ပုံစံကို ရွေးချယ်လိုက်ပါနော်။ ဒီပုံလေးကတော့ ဆယ်ကျော်သက် သတို့သမီးအလား နုပျို လှပနေစေမယ့် သတို့သမီးလေးလို အပြစ်ကင်းတဲ့အလှကို ပုံဖော်နေမှာပါ။ ငယ်ဂုဏ်ကို ဖော်ဆောင်နေမယ့်သတို့သမီးလေးမျိုး ဖြစ်ချင်တယ် ဆိုရင်တော့ ဒီဆံပင်ပုံစံလေးကတော့ အလိုက်ဖက်ဆုံးပဲ ဖြစ်ပါတယ်။

သတို့သမီးလေးတို့ မင်္ဂလာပွဲလေးမှာ အလိုက်ဖက်ဆုံးဆံပင်ပုံစံကို ရွေးချယ်လိုက်နိုင်ဖို့ Marry က ပြောပြပေးလိုက်ရပါတယ်။

From Marry with

Tag: beautyadvicebridehairstyle

Comments

0 comments
Latest video
Refer to more useful articles