Advertisement

လိုက်ဖက်အောင် ပြင်ဆင်ရမယ့် မိတ်ကပ်ပုံစံတွေထဲကမှ အသားဖြူတဲ့ သတို့သမီးလေးတို့နဲ့ အလှဆုံးဖြစ်မယ့် ပုံစံလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ 

သတို့သမီးလေးတို့ရေ မင်္ဂလာပွဲမှာ အလှဆုံးဖြစ်ဖို့ဆိုရင်တော့ မိတ်ကပ်အပြင်အဆင်ပေါ် အများကြီး မူတည်တယ်ဆိုတာ သိထားပြီးသား ဖြစ်မယ်ထင်ပါတယ်။ သတို့သမီးလေးတို့အနေနဲ့လည်း မိတ်ကပ်ဆရာ ရွေးချယ်ရတာ လွယ်မှာတော့ မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ ကိုယ့်အသားအရေနဲ့ လိုက်ဖက်အောင် ပြင်ပေးနိုင်မယ့် မိတ်ကပ်ဆရာကို ရှာရတာကိုးနော်။ အသားညိုတဲ့သူရော၊ အသားဖြူတဲ့သူရော လိုက်ဖက်အောင် ပြင်ဆင်ရမှာပါ။ လိုက်ဖက်အောင် ပြင်ဆင်ရမယ့် မိတ်ကပ်ပုံစံတွေထဲကမှ အသားဖြူတဲ့ သတို့သမီးလေးတို့နဲ့ အလှဆုံးဖြစ်မယ့် ပုံစံလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

 

နှုတ်ခမ်းကို အဓိကထားပြီး ပြင်ထားတဲ့ပုံစံ

အနီရောင်၊ လိမ္မော်ရောင်၊ ပန်းဆီရောင်လိုမျိုးတွေ ရွေးပြီးဆိုးပါ (photo:Best-wallpaper.net)

သတို့သမီးလောင်းလေးတို့ မျက်နှာအသားအရေက ဖြူတယ်ဆိုရင် နှုတ်ခမ်းကို ရဲအောင် ပြင်တဲ့ မိတ်ကပ်ပုံစံလေးတွေနဲ့ လိုက်ဖက်မှာ သေချာပါတယ်။ သတို့သမီးလေးတို့ရဲ့ နှုတ်ခမ်းကို ရွှန်းလဲ့စိုပြေစေပြီး အရောင်တောက်တောက် ဖြစ်မယ့် မိတ်ကပ်ပုံစံမျိုးကို ရွေးချယ်ပါ။ အနီရောင်၊ လိမ္မော်ရောင်၊ ပန်းဆီရောင်လိုမျိုးတွေ ရွေးပြီးဆိုးပါ။

ပါးအို့လေးတွေ ရဲနေတဲ့ မိတ်ကပ်ပုံစံ

ပါးအို့လေးတွေ ရဲနေတဲ့ မိတ်ကပ်ပုံစံ (photo:Friday Magazine)

သတို့သမီးလေးတို့ အလှဆုံးဖြစ်ဖို့အတွက် ပါးအို့လေးတွေမှာ လိမ္မော်ရောင်လေး သမ်းနေတာ၊ ပန်းရောင်အဖျော့လေး သမ်းနေတာမျိုး မိတ်ကပ်ပုံစံနဲ့ဆိုရင် လိုက်ဖက်မှု ရှိမှာ သေချာပါတယ်။ သတို့သမီးလေးတို့ ရှက်သွေးဖြာနေတဲ့ ပုံစံလေးတွေပေါ့နော်။ ဒီလိုမျိုး မိတ်ကပ်ပုံစံလေးတွေက ဓါတ်ပုံထဲမှာလည်း ထင်ပေါ်နေမှာဖြစ်ပြီး သတို့သမီးလေးတို့ကို အလှတိုးစေပါတယ်။

မျက်လုံး လင်းအောင်ခြယ်ထားတဲ့ပုံစံ

မျက်လုံး လင်းအောင်ခြယ်ထားတဲ့ပုံစံ (photo: BeautyMNL.com)

အသားဖြူတယ်ဆိုရင် မင်္ဂလာမိတ်ကပ် လှနေစေဖို့အတွက် မျက်လုံးလင်းအောင် ခြယ်ထားတဲ့ မိတ်ကပ်ပုံစံမျိုးလေးတွေ ရွေးချယ်လို့ ရပါတယ်။ မျက်လုံးကို ဆွဲဆောင်မှု ရှိအောင် ခြယ်သတာမျိုး၊ ထူးထူးခြားခြား အရောင်အတွဲအစပ်လေးတွေ ခြယ်သတာမျိုး ဆိုရင် သတို့သမီးလေးတို့ အလှက လင်းနေပြီး လှနေမှာပါ။ မျက်လုံးကို နည်းနည်းလေး လင်းတဲ့ဘက်ရောက်ေအာင်ခြယ်သပါ။ ဒါက အသားဖြူတဲ့ သတို့သမီးလေးတို့နဲ့ အလိုက်ဖက်ဆုံး မိတ်ကပ်ပြင်ဆင်တဲ့ ပုံစံလေး ဖြစ်စေမှာပါ။

သတို့သမီးလေးတို့ မိတ်ကပ်ဆရာနဲ့ ပြင်မယ်ဆိုရင် အပေါ်မှာပြောပြထားတဲ့ မိတ်ကပ်ပုံစံ(၃) နည်းထဲက ကိုယ့်မျက်နှာကျနဲ့ ပိုလိုက်ဖက်မယ့် ပုံစံလေး ရွေးပြီး ပြင်ခိုင်းပါနော်။ မင်္ဂလာမိတ်ကပ် အစမ်းပြင်ကြည့်ဖို့ မမေ့ပါနဲ့နော်။

Comments

0 comments