Advertisement

မနက်ခင်းမှာ အရမ်းလှတဲ့ သတို့သမီးလေးတစ်ဦးဖြစ်ဖို့ဆိုရင် ညဘက်မှာ လုပ်သင့်တဲ့ အသားအရေ ထိန်းသိမ်းနည်းလေးတွေ သိထားသင့်ပါတယ်နော်။

သတို့သမီးလောင်းလေးတို့ရေ မနက်ခင်း မင်္ဂလာဆောင်ပွဲလေး ကျင်းပတော့မယ်ဆိုတော့  ရင်တွေခုန်နေလောက်ပြီပေါ့။ မနက်ခင်းကျရင် အရမ်းကို လှပတဲ့သတို့သမီးလေး တစ်ဦး ဖြစ်နေမှာပါနော်။ မနက်ခင်းမှာ အရမ်းလှတဲ့ သတို့သမီးလေးတစ်ဦးဖြစ်ဖို့ဆိုရင် ညဘက်မှာ လုပ်သင့်တဲ့ အသားအရေ ထိန်းသိမ်းနည်းလေးတွေ သိထားသင့်ပါတယ်နော်။ (၃) ခုတည်းမို့ သတို့သမီးလောင်းလေးတို့ ညဘက်မှအမြန် လုပ်နိုင်ပါတယ်။

မျက်နှာသန့်စင်ခြင်း

မျက်နှာကို deep cleansing လုပ်ဖို့ လိုပါတယ် (photo: Dr. Oz)

သတို့သမီးလောင်းလေးတို့ရေ ညဘက်မှာ မျက်နှာကို deep cleansing လုပ်ဖို့ လိုပါတယ်။ အညစ်အကြေးတွေ သန့်စင်ဖို့အတွက်ပေါ့။ မျက်နှာသေချာ သစ်ဖို့ လိုပါတယ်။ မိတ်ကပ်လိမ်းထားတယ်ဆိုရင် မိတ်ကပ်ဖျက်ဆေးလေး သုံးပြီး ဖျက်ဖို့လိုပါတယ်နော်။ မျက်နှာသစ်ဆေးကိုတော့ အဲဒီညမှ ပြောင်းသုံးတာမျိုး၊ အသစ်စမ်းသုံးတာမျိုး လုံးဝလုံးဝကို မလုပ်ပါနဲ့နော်။ မျက်နှာကို သန့်တဲ့ သဘက်နဲ့ပဲ သုတ်ပါ။

Skin care အဆင့်ဆင့်

မျက်နှာကို ဆိုင်မှာ ပေါင်းတင်တာမျိုး မလုပ်တော့ဘဲ Mask လေး ကပ်ပါ (photo:Savvy Tokyo)

သတို့သမီးလောင်းလေးတို့ရေ မနက်ဖြန်မနက်မှာ သတို့သမီးလေးတို့ အလှဆုံးဖြစ်ဖို့အတွက် ဝက်ခြံထွက်နေတာမျိုးရှိရင် တခါတည်း နှိမ်နင်းထားဖို့ လိုပါတယ်။ ဝက်ခြံရောင်ရမ်းနေရင် ရေခဲကပ်တာမျိုး လုပ်ပါ။ မျက်နှာကို ဆိုင်မှာ ပေါင်းတင်တာမျိုး မလုပ်တော့ဘဲ Mask လေး ကပ်ပါ။ မျက်ကွင်းညိုတာတွေ ရှိတယ်ဆိုရင် သခွားသီးလေး ပါးပါးလှီးပြီး မျက်လုံးနား တဝုက်မှာ ကပ်ထားပါနော်။ ဆယ်မိနစ်လောက်ပဲ ကပ်ပါ။ ပုံမှန်လိမ်းနေကျ Skin care အဆင့်ဆင့်လိမ်းပါ။

သတိပြုရမှာက ကိုယ်တစ်ခါမှ မလိမ်းဘူးတဲ့ လိမ်းနေကျ မဟုတ်တဲ့ ဘယ်လို skin care ကိုမှ မလိမ်းပါနဲ့နော်။ အသားအရေ မညီညာတာမျိုး ဖြစ်သွားနိုင်တာကြောင့်ပါ။ သတို့သမီးလောင်းလေးတို့ ရေဓါတ်ပါဝင်တဲ့ ပစ္စည်းလေးတွေကိုပဲ ညဘက်မှာ လိမ်းပါ။ ဒါမှ မနက်မှာ မျက်နှာက ကြည်ကြည်လင်လင်လေးနဲ့ စိုစိုပြေပြေဖြစ်နေပြီး မိတ်ကပ်လိမ်းရတာ အဆင်ပြေမှာပါ။ မိတ်ကပ်လိမ်းတာ အဆင်ပြေမှ အလှဆုံး သတို့သမီးလေး ဖြစ်မှာပါနော်။

ရေသောက်ပြီး အိပ်ရေးဝအောင်အိပ်ပါ

ရေအဝသောက်ဖို့ လိုသလို အိပ်ရေးဝဝ အိပ်ဖို့လည်း လိုအပ်ပါတယ် (photo: Dr. Oz)

မျက်နှာအသားအရေ ရေဓါတ်ပြည့်ဖို့ skin care သုံးသလိုမျိုးပဲ ခန္ဓာကိုယ် အသားအရေ ကြည်လင်နေဖို့လည်း ရေသောက်ဖို့ လိုပါတယ်။ ရင်ခုန်စိတ်လှုပ်ရှားတဲ့ ညလေးဖြစ်နေတယ်ဆိုပေမယ့် ရေအဝသောက်ဖို့ လိုသလို အိပ်ရေးဝဝ အိပ်ဖို့လည်း လိုအပ်ပါတယ်။ သတို့သမီးလောင်းလေးတို့အနေနဲ့ ညဘက်အိပ်ရေးဝဝ အိပ်မှသာ မနက်ခင်းမှာ အသားအရေ ကြည်လင်နေမှာ ဖြစ်သလို မနက်ခင်းမှာလည်း ခေါင်းကြည်လင်နေမှာပါ။

သတို့သမီးလောင်းလေးအနေနဲ့ မနက်ဖြန်မနက် အလှဆုံး သတို့သမီးလေးဖြစ်ဖို့ ရင်ခုန်စိတ်လှုပ်ရှားနေတာမျိုး ဖြစ်နိုင်ပေမယ့် အလှဆုံး ဖြစ်ဖို့တော့ မျက်နှာနဲ့ အသားအရေ ထိန်းသိမ်းထားဖို့လိုပါတယ်။ အပေါ်မှာ ဖော်ပြထားတဲ့အချက်(၃) ချက်ကို မမေ့ပါနဲ့နော်။ 

Comments

0 comments