Advertisement

သတို့သမီးလောင်းလေးတို့ရေ မင်္ဂလာ့ပွဲမှာ ကျန်းမာပြီးလှပတဲ့ သတို့သမီးလေးတစ်ဦးဖြစ်ဖို့ Marry က ပြောပြထားတဲ့ အချက်လေးတွေ မမေ့နဲ့နော်။

သတို့သမီးလောင်းလေးတို့ရေ မင်္ဂလာပွဲမှာ လှပတဲ့ သတို့သမီိးလေး တစ်ဦးဖြစ်နေဖို့ဆိုတာ ကျန်းမာနေဖို့လည်း လိုတယ်နော်။ သတို့သမီးလောင်းလေးတို့ရေ မင်္ဂလာပွဲမှာ ကျန်းမာဖို့ဆိုတာလည်း ကြိုတင်ပြီး ကျန်းမာအောင် နေဖို့ လိုပါတယ်။ ကျန်းမာပြီး လှပနေစေဖို့ ဘယ်လိုမျိုး နေရမလဲဆိုတာ ပြောပြပေးမယ်နော်။

စိတ်ဖိစီးမှု နည်းအောင်ထားပါ

စိတ်ထောင်းကိုယ်ကြေဆိုတဲ့ စကားလိုပါပဲ စိတ်ပိုင်းဆိုင်ရာ အဆင်ပြေနေမှ ကိုယ်ကျန်းမာမှာပါ။ သတို့သမီးလောင်းလေးတို့ တော်တော်များများ မင်္ဂလာပွဲနီးလာပြီဆိုရင် စိတ်ဖိစီးမှုတွေ ဖြစ်လာနိုင်ပါတယ်။ စိတ်ဖိစီးမှု နည်းမှ သတို့သမီးလေးတို့ အသားအရေရော၊ ရုပ်ပိုင်းဆိုင်ရာပါ ကျန်းမာနိုင်မှာပါ။ နောက်တစ်ခုကတော့ စိတ်ဖိစီးပြီး အစားတွေ အရမ်းစားတာမျိုးတွေက လူကို ဝလာစေနိုင်တယ်လေ။ ဒါကြောင့် စိတ်ဖိစီးမှု နည်းအောင် ထားပါ။

စိတ်ဖိစီးမှု နည်းအောင်ထားပါ (photo: Dreamstime)

ရေများများသောက်ပါ

ဒီအချက်က အရေးကြီးပါတယ်။ မင်္ဂလာပွဲနီးရင် ရေများများ သောက်ပေးဖို့ လိုပါတယ်။ ဒါမှသာ ရေဓါတ်ခမ်းခြောက်တာတွေ မဖြစ်ဘဲ ဝက်ခြံထွက်တာတို့ အသားအရေမကြည်လင်တာတို့ကို ကာကွယ်ပြီးသားဖြစ်မှာပါ။ မဟုတ်ရင်တော့ အလှအပကို ထိခိုက်စေနိုင်ပြီး စိတ်ဖိစီးမှု ကြုံရနိုင်ပါတယ်။

လေ့ကျင့်ခန်း လုပ်ပါ

သတို့သမီးလေးတို့ နေမကောင်းသလို ခံစားနေရတယ်ဆိုရင်တော့ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းလေး လုပ်ကြည့်ပါ။ ဒီလိုဆိုရင် ကိုယ်လက်ပေါ့ပါးသွားတာမျိုး ဖြစ်နိုင်ပြီး စိတ်ပိုင်းဆိုင်ရာရော၊ ရုပ်ပိုင်းဆိုင်ရာရော ကျန်းမာလာနိုင်ပါတယ်။

မင်္ဂလာပွဲနီးမှ မဖျားရအောင်

သတို့သမီးလေးတို့ရေ အအေးမိဖျားနာတာက ကူးစက်နိုင်တယ်လေ။ ဒီတော့ ကိုယ့်ပတ်ဝန်းကျင်မှာ ဖျားနေတဲ့သူတွေ ရှိတာ၊ နှာချေ၊ ချောင်းဆိုးတာမျိုး ရှိတဲ့သူတွေနဲ့ နည်းနည်းလေး ဝေးဝေးမှာ နေပေးနော်။ ဒါမှ မကူးစက်မှာပါ။ သတို့သမီးလေးတို့ ဒီအချက်ကို သတိထားနော်။

လေ့ကျင့်ခန်း လုပ်ပါ (photo:ilrisoeilraso.com)

အစားအသောက်

သတို့သမီးလောင်းလေးတို့ရေ အစားအသောက် စားတဲ့အခါ သတိထားရပါမယ်။ နေမကောင်းဖြစ်စေမယ့် အစားအစာတွေ ရှောင်စားပါ။ သတို့သမီးလောင်းလေးတို့နဲ့ မတည့်တဲ့ အစားအစားတွေ မင်္ဂလာပွဲနီးချိန်မှာ မစားပါနဲ့။ ဗိုက်အောင့်စေနိုင်တာတွေ၊ အရေပြားယားယံစေတတ်တာတွေ မစားပါနဲ့။

သတို့သမီးလောင်းလေးတို့ရေ ကျန်းမာပြီးလှပတဲ့ သတို့သမီးလေးတစ်ဦးဖြစ်ဖို့ Marry က ပြောပြထားတဲ့ အချက်လေးတွေ မမေ့နဲ့နော်။

Tags: advicebeautybridewellness

Comments

0 comments