Advertisement

သတို့သမီးလောင်းလေးတို့ရေ မင်္ဂလာပွဲအတွက် ဒီဇိုင်နာနဲ့ ဒီဇိုင်းအပ်တော့မယ်ဆိုရင် Marry က ပြောပြထားတဲ့အချက်တွေ ပြင်ဆင်ထားပါ။ ဒါဆိုရင်တော့ စိတ်တိုင်းကျတဲ့ ဝတ်စုံရမှာပါ။ 

သတို့သမီးလေးတို့ရဲ့ မင်္ဂလာပွဲမှာ အလှဆုံးဖြစ်နေဖို့ ကျက်သရေ ရှိပြီး လှပတဲ့ မင်္ဂလာဝတ်စုံ ဖြစ်ဖို့ လိုပါတယ်။ အဲဒီလို မင်္ဂလာဝတ်စုံ ရဖို့ဆိုရင်လည်း သတို့သမီးလေးတို့ ဝတ်စုံ ရွေးချယ်တဲ့အခါမှာ သေချာလေး ရွေးချယ်ရပါမယ်နော်။ ဝတ်စုံရွေးရင်လည်း အငှားရှိသလို ဒီဇိုင်နာနဲ့ အပ်တာတွေလည်း ရှိပါတယ်။  မင်္ဂလာဝတ်စုံကို ဒီဇိုင်နာနဲ့ အပ်တော့မယ်ဆိုရင် အားလုံးအဆင်ပြေချောမွေ့စေဖို့ သိထားရမှာတွေ ရှိပါတယ်နော်။ ဘယ်အချက်တွေကို ဆောင်ရ ရှောင်ရမလဲဆိုတာ ဖတ်ကြည့်ကြည့်ရအောင်နော်။

ကုန်ကျစရိတ်ပမာဏ

မင်္ဂလာဝတ်စုံကို ဒီဇိုင်နာနဲ့ အပ်တော့မယ်ဆိုရင် အရင်ဆုံး ကုန်ကျစရိတ်ကို သတ်မှတ်ပါ။ အဲဒီလို သတ်မှတ်လိုက်တာက စုံတွဲလေးတို့ ဒီဇိုင်နာ ရွေးချယ်ရလည်း ပိုပြီး လွယ်ကူသလို ဝတ်စုံ ရဖို့လည်း ပိုပြီးမြန်ဆန်စေနိုင်ပါတယ်။ ဝတ်စုံရဲ့ ကုန်ကျစရိတ်က မင်္ဂလာပွဲရဲ့ (၅%) ကနေ(၁၀%) လောက်အထိ ရှိသင့်ပါတယ်။

ကုန်ကျစရိတ်ပမာဏ (photo: Mum’s Lounge)

အချိန်

သတို့သမီးလောင်းလေးတို့ မင်္ဂလာပွဲအတွက် ဝတ်စုံ ရွေးချယ်တဲ့အခါမှာ အချိန်ကိုလည်း ထည့်သွင်းစဉ်းစားဖို့ လိုပါတယ်။ တချို့သတို့သမီးလောင်းလေးတို့က ပွဲရက်နား နီးမှ ကပ်ပြီး စီစဉ်တတ်ကြပါတယ်။ တကယ်တော့ အချိန်ကြိုယူပြီး စီစဉ်သင့်ပါတယ်။ နောက်တစ်ခုကတော့ ကြိုတင်အပ်တဲ့အခါမှာ ဝိတ်ကျသွားတာ၊ ဝိတ်တက်လာတာတွေအတွက်လည်း ကြိုပြီး ပြင်ဆင်ထားသင့်ပါတယ်နော်။ အဲဒီအချက်ကိုလည်း မမေ့နဲ့နော်။

ဒီဇိုင်းရွေးရင် (photo: thedressconsignment.com)

ဒီဇိုင်းရွေးရင်

မင်္ဂလာဝတ်စုံအတွက် ဒီဇိုင်းရွေးရင် လူအများကြီးနဲ့ တိုင်ပင်ပြီး မရွေးချယ်ပါနဲ့။ စုံတွဲလေးတို့လောက်ပဲ သွားရွေးပါ။ လူတွေ အများကြီးနဲ့ သွားရွေးတဲ့အခါမှာ ဘာရွေးချယ်ရမယ် မသိတော့ဘဲ စိတ်ရှုပ်စရာတွေ ဖြစ်လာတတ်ပါတယ်။ ဒီလိုဆိုရင် ဒီဇိုင်နာလည်း စိတ်ရှုပ်သွားနိုင်ပါတယ်နော်။

ပုံကြမ်းတောင်းပါ (photo: Dreamlines Wedding Dress Sketch)

ပုံစံ

သတို့သမီးလောင်းလေးတို့ ခုနောက်ပိုင်းမှာ လေ့လာလို့ရတဲ့ မင်္ဂလာဝတ်စုံ ဒီဇိုင်းတွေ အများကြီးပါပဲ။ ဘယ်လိုပုံစံလေး ဝတ်ချင်တယ်၊ ဘယ်လိုပုံစံလေး ကြိုက်တယ်ဆိုတာ ကြိုကြည့်ထားပြီးမှ ဒီဇိုင်နာဆီ သွားအပ်ပါ။ ဒါဆိုရင် ပိုပြီး စိတ်ကြိုက်ဖြစ်နိုင်ပါတယ်။

ဒီဇိုင်းရွေးရင် (photo: Shutterstock)

ဖိနပ်

ဝတ်စုံအပ်ဖို့ ဒီဇိုင်နာနဲ့ တွေ့တော့မယ်ဆိုရင် မင်္ဂလာပွဲမှာ စီးမယ့် ဖိနပ်ပုံစံကို ယူသွားပါ။ ပွဲအတွက် ရည်ရွယ်ထားတဲ့ ဖိနပ် မဟုတ်သေးရင်တောင် ဒေါက်အမြင့်ကတော့ ပွဲမှာစီးမယ့် လက်မ ဖြစ်ပါစေ။ (၃) လက်မ ဒေါက်ဆိုလည်း (၃) လက်မ ဒေါက်ပေါ့နော်။ ဒါမှ ဝတ်စုံရဲ့ အရှည်ကို တိုင်းရတဲ့အခါ လွယ်မှာပါ။

ပုံကြမ်းတောင်းပါ

သတို့သမီးလောင်းလေးတို့ရေ လည်ပင်းက ဒီလိုပုံစံလေး၊ ပုဝါကတော့ ဒါမျိုးလေး ယူမယ်ဆိုပြီး အပြောနဲ့တင်ပဲ ဒီဇိုင်း မအပ်ထားခဲ့ပါနဲ့နော်။ လိုချင်တဲ့ ပုံစံတွေ ပြောပြီးရင် ဒီဇိုင်းပုံကြမ်း ဆွဲခိုင်းပါ။ ဒါမှ သတို့သမီးလောင်းလေးတို့ ဝတ်စုံမချုပ်ရခင် ဒီိဇိုင်းမြင်ရမှာပါ။

သတို့သမီးလောင်းလေးတို့ရေ မင်္ဂလာပွဲအတွက် ဒီဇိုင်နာနဲ့ ဒီဇိုင်းအပ်တော့မယ်ဆိုရင် Marry က ပြောပြထားတဲ့အချက်တွေ ပြင်ဆင်ထားပါ။ ဒါဆိုရင်တော့ စိတ်တိုင်းကျတဲ့ ဝတ်စုံရမှာပါ။ 

Comments

0 comments