သတို့သမီးလေးတို့ မင်္ဂလာပွဲနေ့မှာ ချွေးထွက်နည်းအောင်

by: Phyo Pyae Thu
 0 comments  1 love

ချွေးတွေ စိုရွဲနစ်နေတဲ့ သတို့သမီးလေး မဖြစ်ရလေအောင် Marry က ပြောပြတဲ့ အချက်တွေ မမေ့ပါနဲ့နော်

သတို့သမီးလောင်းလေးတို့ရေ မင်္ဂလာပွဲနေ့ဆိုတာ မပြေးမလွှားရပေမယ့် စိတ်တွေထဲမှာတော့ ကိစ္စတိုင်းကို အဆင်ပြေပါ့မလားလို့ စိတ်ပူနေကြရတဲ့အချိန်ပါ။ ပြီးတော့ မင်္ဂလာဝတ်စုံလည်း ဝတ်ထားရပြီး အလှပျက်မှာစိုးလို့ မလှုပ်မယှက်လေးလည်း နေရသေးတယ်လေနော်။ ဒီတော့ ချွေးထွက်တဲ့ ကိစ္စတွေ ဖြစ်လာနိုင်ပါတယ်။ ဒီလိုဆိုရင် စိတ်ညစ်ရမှာသေချာပါတယ်။ သတို့သမီးလေးတို့ မင်္ဂလာပွဲနေ့မှာ ချွေးထွက်နည်းအောင် လုပ်ထားသင့်တယ်နော်။

ချွေးထွက်နည်းအောင် (photo: POPSUGAR Australia)

အစပ်စားတာ ရှောင်ပါ

သတို့သမီးလောင်းလေးတို့ရေ ချွေးထွက်နည်းအောင် လုပ်ဆောင်ဖို့ဆိုရင် အစပ်စားတာတွေ လျှော့ချပါ။ အစပ် အရမ်းစားတာက ချွေးပိုထွက်စေဖို့ အထောက်အကူဖြစ်တဲ့အပြင် အခန့်မသင့်ရင် ဝက်ခြံတွေတောင် ထွက်လာစေနိုင်ပါသေးတယ်။

ချိုင်းကို သေချာ ဂရုစိုက်ပါ

မင်္ဂလာပွဲနေ့မှာ ချွေးထွက်နည်းချင်တယ်၊ ချွေးနံ့ ကင်းချင်တယ်ဆိုရင်တော့ ချိုင်းကို သေချာ ဂရုစိုက်ဖို့ လိုအပ်ပါတယ်နော်။ ချိုင်းမွှေးတွေ သေချာ ဖယ်ရှားပါ။ ရိတ်တာမဟုတ်ဘဲ Waxing လုပ်တာမျိုး လုပ်ပါ။ ကိုယ့်ဆီမှာ ချိုင်းက ချွေးအရမ်းထွက်လား၊ အနံ့ ဆိုးရနေသလား ဒါမျိုးတွေ သတိထားပေးနော်။

ချိုင်းကို သေချာ ဂရုစိုက်ပါ (photo: Dr. Weil)

သန့်ရှင်းရေး

ချိုင်းကို သန့်ရှင်းအောင် အမြဲလုပ်ဖို့ မမေ့ပါနဲ့နော်။ ချိုင်းကို သံပရာသီးကို ထက်ခြမ်းခြမ်းပြီး ပွတ်ပေးတာမျိုး၊ အဆီစုပ်စက္ကူလိုမျိုး cotton pad လေးတွေနဲ့ သန့်ရှင်းရေး လုပ်တာမျိုးနဲ့ ချိုင်းချွေးနံ့ ပျောက်စေမယ့် ပစ္စည်းတွေ သုံးပေးပါ။ ဒါဆိုရင် ချွေးထွက်နည်းမှာ ဖြစ်တဲ့အပြင် ဖြူဖြူဖွေးဖွေးလေးတွေလည်း ဖြစ်နေမှာပါ။

အသီးအရွက်စားပါ

ဒီအချက်ကိုတော့ သတို့သမီးလောင်းလေးတို့ သိထားပြီးသား ဖြစ်မှာပါ။ အသီးအရွက် စားတာက ကျန်းမာရေးအတွက် ကောင်းမွန်တဲ့အပြင် ခန္ဓာကိုယ် အလှအပအတွက်လည်း အကျိုးပြူပါတယ်။ အသီးအရွက်မှာပါတဲ့ ဗီတာမင် ဓါတ်တွေက ချွေးထွက် နည်းစေပါတယ်။

သန့်ရှင်းအောင် အမြဲလုပ်ဖို့ မမေ့ပါနဲ့နော် (photo: Dr. Weil)

ရေများများသောက်ပါ

ဒီအချက်ကတော့ အဓိက ကျတယ်နော်။ သတို့သမီးလောင်းလေးတို့ ရေများများ သောက်တဲ့ အလေ့အကျင့်ကောင်းလေးတွေ ရှိနေပါစေ။

မင်္ဂလာပွဲနေ့ ရောက်တဲ့အခါ

သတို့သမီးလောင်းလေးတို့ အပေါ်မှာ ပြောပြထားတဲ့ အချက်လေးတွေကို ပုံမှန် လုပ်ဆောင်ပြီးပြီဆိုရင်တော့ မင်္ဂလာပွဲနေ့မှာလည်း ချွေးထွက်နည်းအောင် လုပ်ဆောင်ရမှာတွေ ရှိပါတယ်။ စိတ်ကို ငြိမ်ငြိမ်ထားပါ။ စိတ်ပူတာတွေ လျှော့ပါ။ အင်္ကျီကို အရမ်းကျပ်အောင် မဝတ်ပါနဲ့။ လေကောင်းလေသန့် ရမယ့် နေရာမှာ နေရာယူထားပါ။ မိတ်ကပ်ပြင်တဲ့အခါမှာလည်း သဘာဝ အလင်းရောင် ရမယ့်နေရာနဲ့ Air con ရှိမယ့် နေရာတဝိုက်မှာ နေရာယူပါ။ ဒါဆိုရင် ချွေးထွက် နည်းမှာပါနော်။

သတို့သမီးလောင်းလေးတို့ရေ မင်္ဂလာပွဲနေ့ ရောက်တဲ့အခါ ချွေးတွေ စိုရွဲနစ်နေတဲ့ သတို့သမီးလေး မဖြစ်ရလေအောင် Marry က ပြောပြတဲ့ အချက်တွေ မမေ့ပါနဲ့နော်။

From Marry with

Tag: beautyadvicebride

Comments

0 comments
Latest video
Refer to more useful articles
Community
Latest wedding promotions
Keywords