မင်္ဂလာပွဲစီစဉ်ရတာကြောင့် သတို့သမီးလေးတို့ ပင်ပန်းပြီး မပိန်နေရအောင်

by: Phyo Pyae Thu
 0 comments  0 love

မင်္ဂလာပွဲတွေ စီစဉ်ရတဲ့အခါမှာ ပင်ပန်းပြီး ပိန်သွားတာမျိုးတောင် ဖြစ်နိုင်ပါတယ်။့ မင်္ဂလာပွဲစီစဉ်တာကြောင့် ပင်ပန်းပြီး မပိန်ရအောင် နည်းလမ်းလေးတွေ ပြောပြမယ်နော်။

မင်္ဂလာပွဲတစ်ပွဲ စီစဉ်ရတာကြောင့် သတို့သားရော သတို့သမီးလေးပါ စိတ်ရော ကိုယ်ပါ ပင်ပန်းရတာမျိုးတွေ ရှိပါတယ်။ တချို့စုံတွဲလေးတွေဆိုရင် သူ့ဘက် ကိုယ့်ဘက် နယ်နှ်စ်နေရာအပြင် ရန်ကုန်မှာလည်း ပွဲလုပ်တာမို့ (၃) ပွဲဆောင်တာမျိုးတွေ ရှိပါတယ်။ နောက်တစ်ခုကတော့ လက်မှတ်ထိုးဆွမ်းကျွေး၊ မင်္ဂလာပွဲ၊ ညစာစားပွဲလိုမျိုး (၃) ခု စီစဉ်ရတာမျိုးတွေလည်း ရှိပြန်ပါတယ်။ ဒီလိုမျိုး မင်္ဂလာပွဲတွေ စီစဉ်ရတဲ့အခါမှာ သတို့သမီးလေးတို့အနေနဲ့ ပင်ပန်းပြီး ပိန်သွားတာမျိုးတောင် ဖြစ်နိုင်ပါတယ်။ Marry က သတို့သမီးလောင်းလေးတို့ မင်္ဂလာပွဲစီစဉ်တာကြောင့် ပင်ပန်းပြီး မပိန်ရအောင် နည်းလမ်းလေးတွေ ပြောပြမယ်နော်။

ဖြည်းဖြည်းချင်း စီစဉ်ပါ (photo:Foothills Bridal Extravaganza)

စိတ်လျှော့ထားပါ

ပိန်ဖို့အတွက် တချို့သတို့သမီးလေးတွေဆိုရင် အပြင်းအထန်ကြိုးစားကြတယ်မလား၊ ဒါပေမယ့် အလွန်အကျွံ ပိန်လို့တော့ မရဘူးလေနော်။ သတို့သမီးလေးတို့ ရွေးချယ်ထားတဲ့ ဝတ်စုံနဲ့ လိုက်ဖက်တဲ့ ခန္ဓာကိုယ်လေး ရှိနေဖို့တော့ လိုပါတယ်နော်။ ပင်ပန်းမှုတွေကြောင့် ပိန်သွားတာတွေ မဖြစ်စေဖို့အတွက် စိတ်လျှော့ထားဖို့ လိုပါတယ်။ သေချာစီစဉ်ထားတဲ့ မင်္ဂလာပွဲလေး သေသေချာချာ အောင်မြင်စွာ ပြီးဆုံးမယ်လို့ ယုံကြည်ပြီး စိတ်လျှော့ထားပါ။ လုပ်ဆောင်စရာတွေကို စိတ်မလောဘဲ ဖြည်းဖြည်းချင်း ဆောင်ရွက်ပါ။

အစားအချိန်မှန်စားပါ

စားပါ (photo:Parent Toolkit)

မင်္ဂလာပွဲတစ်ပွဲ စီစဉ်ရတာဟာအရမ်းကို ပင်ပန်းလွန်းလှပါတယ်။ အစအဆုံး ကိုယ်ပဲမလား၊ နောက်တစ်ခု အချိန်နဲ့ တပြေးညီ လုပ်ဆောင်ရတာတွေ ဖြစ်တဲ့အတွက် တစ်ခါတစ်လေမှာ ထမင်းစားဖို့အချိန်ကျော်သွားတာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒီလိုအချိန်မျိုးမှာ ပိန်သွားတာ၊ ခန္ဓာကိုယ် အလေးချိန်များတာမျိုး ဖြစ်တတ်ပါတယ်။ အစားကို အချိန်မှန်စားပါ။ သရေစာ လျှော့စားရင်တော့ ပိုကောင်းပါတယ်။

အိပ်ရေးဝဝ အိပ်ပါ

အိပ်ပါ (photo:LearnEnglish Teens – British Council)

မင်္ဂလာပွဲကိစ္စတွေအကြောင်း စဉ်းစားပြီး အိပ်မရ ညတွေ ရှိကောင်းရှိနိုင်ပါတယ်။ အိပ်ရေးပျက်တာ များတဲ့အခါမှာ သတို့သမီးလေးတို့အနေနဲ့ ခန္ဓာကိုယ် အလေးချိန်လျော့ကျလာတာမျိုးတွေ ရှိပါတယ်။ ဒါကြောင့် ပင်ပန်းပြီး ပိန်တာမျိုး မဖြစ်ချင်ဘူးဆိုရင် အိပ်ရေးဝဝ အိပ်ဖြစ်အောင် ကြိုးစားပါ။

နွားနို့သောက်ပါ

နွားနို့ သောက်ပါ (photo:The List)

မင်္ဂလာပွဲနီးမှ မပိန်ရလေအောင် နွားနို့သောက်ပါ။ နွားနို့မှာ ပါဝင်တဲ့ ပရိုတင်းဓါတ်တွေက သတို့သမီးလေးကို အားပြည့်စေမှာပါ။ ဒီတော့ မင်္ဂလာပွဲ စီစဉ်ရတာကြောင့် ပင်ပန်းတာတွေ သက်သာစေပြီး ပိန်သွားတာမျိုး မဖြစ်စေဖို့ နွားနို့သောက်ပါ။ နေ့တိုင်းမဟုတ်ရင်တောင် တပတ်ကို (၃) ကြိမ်လောက်တော့ သောက်ပါနော်။

ကျန်းမာရေး ဂရုစိုက်ပါ

အားဆေးသောက်ချင် သောက်ပါ (photo: express.co.uk)

မင်္ဂလာပွဲနီးပြီး စီစဉ်ရတာတွေကြောင့် စိတ်တွေရှုပ်၊ လူလည်း ပင်ပန်းပြီး ဖျားနာတာမျိုး ဖြစ်နိုင်ပါတယ်။ သေချာတာကတော့ ဖျားနာပြီဆိုရင် ခန္ဓာကိုယ်မှာ အားရှိနေမှာ မဟုတ်ဘူးလေနော်။ ဒါကြောင့် သတို့သမီးလေးတို့ ကျန်းမာရေး အထူးဂရုစိုက်ပါ။ မဟုတ်ရင်တော့ ပိန်သွားနိုင်ပါတယ်။

တာဝန်တွေ ခွဲယူခိုင်းပါ

မင်္ဂလာပွဲ စီစဉ်နေတဲ့ သတို့သမီးလောင်းလေးတို့အနေနဲ့ ဒီအချက်က အရမ်းအရေးကြီးပါတယ်။ ပင်ပန်းတာတွေ သက်သာစေနိုင်ဖို့ မင်္ဂလာဆောင်ကိစ္စ တချို့ကို သတို့သားလောင်းနဲ့ မိသားစုကို ခွဲဝေပေးပါ။ ဥပမာ ဖိတ်စာဖိတ်တာမျိုးဆိုရင် ကိုယ်ကိုယ်တိုင် အစအဆုံး မပါဝင်တာမျိုး လုပ်လို့ ရပါတယ်နော်။ ဒါဆိုရင် ပင်ပန်းတာ နည်းနည်းလျော့သွားမှာပါ။

မင်္ဂလာပွဲ စီစဉ်နေတဲ့ သတို့သမီးလောင်းလေးတို့ရေ အရမ်းပင်ပန်းပြီး ခန္ဓာကိုယ် မပိန်သွားဖို့ Marry က ပြောပြပေးထားတဲ့ အချက်လေးတွေ လိုက်နာပေးပါနော်။ဒါမှ သတို့သမီးလေးတို့ ရွေးချယ်ထားတဲ့ မင်္ဂလာဝတ်စုံလေးနဲ့ လုံးဝကွက်တိဖြစ်ပြီး လှပနေနိုင်မှာပါနော်။ 

 

 

 

From Marry with


Comments

0 comments
Latest video