Advertisement

အရက်နာကျတာကြောင့် ခေါင်းမကြည်တာတွေ၊ မျက်နှာ အသားအရေ အလွန်အကျွံ နီမြန်းတာတွေ ဖြစ်နေရင် သတို့သားတို့ အတွက် အဆင်မပြေနိုင်ပါဘူးနော်

တစ်ပတ် အလိုလောက်ကနေ စပြီး ဘာတွေကို ငြင်းဆိုသင့်သလဲ ဆိုတာ

မင်္ဂလာဆောင်ခါနီး သတို့သား၊ သမီးလေးတို့ အနေနဲ့ မင်္ဂလာရက်အတွင်း ကျန်းမာရေးနဲ့ အလှအပ အကုန်လုံးအတွက် အနေအထိုင် အစားအသောက်တွေကို အထူးဂရုပြုရမှာ ဖြစ်ပါတယ်။ ကိုယ်ခန္ဓာအတွက် ကောင်းကျိုးများတဲ့ ဗီတာမင်ပြည့်ဝတဲ့ သဘာဝ အစားအစာတွေကို များများစားပေးဖို့ လိုပြီး အသားအရေအလှအပနဲ့ ကျန်းမာရေးအတွက် ဆိုးကျိုးသက်ရောက်စေမယ့် အရာတွေကို သတိပြု ရှောင်ရှားရပါမယ်။  Marry ရဲ့ သတို့သားလောင်း၊ သတို့သမီးလောင်းတို့အတွက်လည်း မင်္ဂလာပွဲနေ့မှာ အလှအပ ပြဿနာ ကျန်းမာရေး ပြဿနာတွေ မကြုံရစေဖို့ ပွဲမတိုင်ခင် တစ်ပတ် အလိုလောက်ကနေ စပြီး ဘာတွေကို ငြင်းဆိုသင့်သလဲ ဆိုတာ ပြောပြပေးမယ်နော်။

ငန်တဲ့ အစားအသောက်တွေ

အငံရှောင်ပါ

အထူးသဖြင့် သတို့သမီးလေးတွေပါ။ ငပိရည်၊ ငပိချက်တို့လို အငန် အရသာကဲတဲ့ အစားအစာတွေကို မင်္ဂလာပွဲ မတိုင်ခင် တစ်ပတ်လောက် အလိုကတည်းက မစားသင့်တော့ပါဘူး။ အခန့်မသင့်ရင် ဝက်ခြံပြဿနာတွေကို ကြုံရနိုင်လို့ပါ။

စပ်တဲ့ အစားအသောက်တွေ

အစပ်မစားပါနဲ့

စပ်တဲ့ အစားအစာတွေကိုလည်း မင်္ဂလာပွဲ နီးလာတာနဲ့ အမျှ သတိပြုရှောင်ရှား ရမှာ ဖြစ်ပြီး အထူးသဖြင့် မင်္ဂလာရက်မှာ လုံးဝ (လုံးဝ) မစားမိအောင် ရှောင်ရှားရပါမယ်။ အစပ်ဓာတ်ကြောင့် ချွေးအလွန်အကျွံထွက်တာ၊ ဝက်ခြံထွက်တာ အစရှိတဲ့ အလှအပ ပြဿနာတွေ အပြင် ဗိုက်နာ၊ ဗိုက်အောင့်တာ အစရှိတဲ့ ဝမ်းပြဿနာတွေနဲ့ အစာအိမ်နာတဲ့ ဝေဒနာတွေကိုလည်း ခံစားရနိုင်လို့ပါ။

အရက်

အရက် မသောက်ပါနဲ့

အရက်ကိုလည်း မင်္ဂလာပွဲ နီးလာတာနဲ့ အမျှ ရှောင်ရှားရမှာပါ။ အထူးသဖြင့် သတို့သားတွေ အတွက် ဖြစ်ပါတယ်။ အရက်နာကျတာကြောင့် ခေါင်းမကြည်တာတွေ၊ မျက်နှာ အသားအရေ အလွန်အကျွံ နီမြန်းတာတွေ ဖြစ်နေရင် သတို့သားတို့ အတွက် အဆင်မပြေနိုင်ပါဘူးနော်။

Marry အခု ပြောပြထားတဲ့ ရှောင်ရမယ့် အရာသုံးခုက သတို့သားလေးတို့၊ သတို့သမီးလေးတို့ရဲ့ နေ့စဉ်ဘဝမှာ လက်တစ်ကမ်းကနေ အလွယ်တကူ ရနိုင်တဲ့ အရာတွေ ဖြစ်နေတဲ့အတွက် အမှတ်တမဲ့ စားမိသောက်မိတတ်ပါတယ်။ ဒါပေမယ့် သူတို့တွေက ကျန်းမာရေးအတွက်ရော၊ အလှအပအတွက်ပါ ပြဿနာ ရှိနိုင်တာမို့ သတိပြုပြီး ရှောင်ရှားကြပါလို့. . .။

Tags: advicebeautyfoodgroomhealthwellness

Comments

0 comments