သတို့သမီးလေးအတွက် စိတ်တိုင်းကျတဲ့ မိတ်ကပ်အပြင်အဆင် ရချင်ရင်

by: Phyo Pyae Thu
 0 comments  0 love

Review တွေများများ ဖတ်ဖို့လိုသလို တခြားသတို့သမီးလေးတွေနဲ့ အဆင်ပြေပေမယ့် ကိုယ်နဲ့ ပြေချင်မှ ပြေမယ်ဆိုတာလည်း ထည့်စဉ်းစားထားပါ

မိတ်ကပ်ဒီဇင်ဘာနှင်းရဲ့ သတို့သမီးပြင်ဆင်မှု

သတို့သမီးလောင်းလေးတို့ရေ မင်္ဂလာပွဲနေ့မှာ မိတ်ကပ်အပြင်အဆင်က ကိုယ့်စိတ်ကြိုက်လည်း ဖြစ်ရမယ်၊ အလှဆုံးလည်း ဖြစ်ရမယ် ဆိုတာမျိုး လိုချင်တာမလား။ စိတ်တိုင်းကျတဲ့ မိတ်ကပ်အပြင်အဆင်ဖြစ်ဖို့ဆိုတာလည်း သတို့သမီးလေးတို့  ကြိုတင်ပြင်ဆင်ထားမှ ရမှာနော်။ မဟုတ်ရင် ကိုယ့်စိတ်တိုင်းကျ လှပတဲ့ သတို့သမီးမိတ်ကပ် အပြင်အဆင် ရမှာ မဟုတ်ပါဘူး။

သတို့သမီးလေးတို့ စိတ်တိုင်းကျတဲ့ မိတ်ကပ်အပြင်အဆင် ရဖို့ အချက် (၂) ချက်ပဲ လိုပါတယ်နော်။

(၁) မျက်နှာအသားအရေ

မျက်နှာအသားအရေ(Photo: Weddingbells)

 

သတို့သမီးလောင်းလေးတို့ စိတ်တိုင်းကျတဲ့ မိတ်ကပ်အပြင်အဆင် ရဖို့ဆိုတာ မိတ်ကပ်ဆရာတစ်ဦးတည်းနဲ့ မဆိုင်ပါဘူးနော်။ သတို့သမီးလေးတို့ အသားအရေ ကောင်းမွန်ဖို့အတွက် ပြင်ဆင်ထားရပါမယ်။ ကိုယ့်ရဲ့ မျက်နှာအသားအရေ ကောင်းလေ မိတ်ကပ်လိမ်းရတာ ပိုအဆင်ပြေလေ၊ မိတ်ကပ် ပိုကြာကြာခံပြီး ကြည့်ကောင်းလေပါ။ ချွေးပေါက်ကျယ်တာ၊  ဝက်ခြံထွက်တာ၊ အဆီပြန်လွန်းတာတွေ မဖြစ်အောင် အသားအရေကို ဂရုစိုက်ထားပါ။ ဒါမှ ပိုကောင်းပြီး စိတ်တိုင်းကျတဲ့ အသားအရေ ရရှိမှာပါ။

(၂) မိတ်ကပ်ဆရာ ရွေးမယ်

မိတ်ကပ်ဆရာ ရွေးမယ် (Photo: Weddingbells)

သတို့သမီးလောင်းလေးတို့ စိတ်တိုင်းကျ မိတ်ကပ်ဖြစ်ဖို့ မိတ်ကပ်ဆရာ ရွေးချယ်တတ်ဖို့လည်း လိုပါတယ်။ Review တွေများများ ဖတ်ဖို့လိုသလို တခြားသတို့သမီးလေးတွေနဲ့ အဆင်ပြေပေမယ့် ကိုယ်နဲ့ ပြေချင်မှ ပြေမယ်ဆိုတာလည်း ထည့်စဉ်းစားထားပါ။ မိတ်ကပ်ဆရာ ရွေးတဲ့အခါ ကိုယ့်စိတ်ကြိုက် ပြင်ဆင်ပေးတဲ့ အပြင်အဆင်၊ စိတ်ရှည်ပြီး ကိုယ့်အသားအရေနဲ့ လိုက်အောင် ပြင်ပေးနိုင်တဲ့သူမျိုး ရှာပါနော်။ တချို့မိတ်ကပ်ဆရာတွေကတော့ ဘယ်သူ့ကိုပြင်ပြင် Make Up တူနေတာမျိုး ရှိတတ်ပါတယ်။ အဲဒီလိုတွေ ကြိုက်ရဲ့လားဆိုတာ ပြန်စမ်းစစ်ပါ။

နောက်တစ်ခုကတော့ မိတ်ကပ်ဆရာ ရွေးတဲ့အခါမှာ အစမ်းပြင်ပေးတဲ့ မိတ်ကပ်ဆရာမျိုးကိုပဲ ရွေးပါ။ အစမ်းပြင်နေချိန်မှာ ကိုယ့်စိတ်ကြိုက်ဖြစ်မယ့် မိတ်ကပ်အပြင်အဆင်တွေကို ပြောပါ။ ပြင်ပါ။ အစမ်းပြင်ချိန်ကတည်းက ကိုယ့်စိတ်ကြိုက် ဖြစ်နေပါစေ။ အဲဒါမှ သတို့သမီးလေးတို့ စိတ်တိုင်းကျ မိတ်ကပ်ရမှာပါ။ နောက်ပြီး မိတ်ကပ်ပြင်တဲ့ ပုံစံလေးတွေလည်း ကိုယ်က တီးမိခေါက်မိ ရှိနေပါစေနော်။ ဒါမှ ကိုယ်လိုချင်တာကို ပြောပြလို့ ရမှာပါ။ ဝန်ဆောင်မှုတွေနဲ့ ပတ်သက်ပြီးတော့လည်း မေးမြန်းပါ။ ဒါမှ ဝန်ဆောင်မှုတွေနဲ့ ပတ်သက်ပြီး စိတ်ချမ်းသာရမှာပါ။ မိတ်ကပ်ဆရာ အရွေးမှန်မှ စိတ်တိုင်းကျ ဖြစ်မှာပါနော်။

သတို့သမီးလးတို့ စိတ်တိုင်းကျတဲ့ မိတ်ကပ်အပြင်အဆင် ရချင်တယ်ဆိုရင်တော့ Marry က ပြောပြထားတဲ့ အချက် (၂) ချက်ကို မမေ့ပါနဲ့နော်။

 

 

 

 

စိတ်ကူးထဲက မင်္ဂလာပွဲလေးဖြစ်မြောက်ဖို့ သတို့သား သတို့သမီးလောင်းတို့ ကိုယ်တိုင်အပင်ပန်းခံ စီစဉ်စရာလုံးဝမလိုအောင် Marry Wedding Planner ရဲ့ပြီးပြည့်စုံလွန်းတဲ့ Wedding Package (၃) မျိုး နဲ့ မိတ်ဆက်ပေးလိုက်ပါပြီ။ ဒါကြောင့် အခုပဲ Marry ရဲ့ဖုန်း : 09 694 496 926 ကိုဆက်သွယ်ပြီး အကောင်းဆုံး Wedding Package တွေကို ရယူလိုက်တော့နော်။
From Marry with


Comments

0 comments
Latest video
Refer to more useful articles
Community
Latest wedding promotions
Keywords