Advertisement

မင်္ဂလာနေ့ရက် တစ်ရက်အတွင်းမှာတင် မကဘဲ နေ့တိုင်းမှာ အလှတရားတွေ ရေရှည်တည်တံ့နေဖို့အတွက် ဘယ်လိုစည်းကမ်းတွေကို လိုက်နာသင့်သလဲဆိုတာ Marry က ပြောပြပေးချင်လို့ပါ

အလှတရားတွေ ရေရှည်တည်တံ့ဖို့ မဖြစ်မနေ လိုက်နာရမယ့် စည်းကမ်းတွေ (Photo – Макияж глаз)

သတို့သမီးလေးတို့ရေ မင်္ဂလာပွဲမှာ အလှဆုံး ဖြစ်နေဖို့အတွက် သတို့သမီးလေးတို့ရဲ့ အသားအရေက လှပနေဖို့ လိုပါတယ်။ ဘာကြောင့်လဲ ဆိုတော့ မိန်းကလေးတစ်ယောက်အတွက် စစ်မှန်တဲ့ အလှတရားမှာ အသားအရေအလှကလည်း အရေးတကြီး ပါဝင်လို့ပါ။ အသားအရေ လှဖို့ဆိုတာ နေ့ချင်းညချင်း ပြုပြင်ရုံနဲ့ ရနိုင်တာမျိုး မဟုတ်ပါဘူး။ နေ့စဉ်နေ့တိုင်း အသားအရေနဲ့ ပတ်သက်ပြီး လိုက်နာရမယ့် စည်းမျဉ်းလေးတွေနဲ့  လုပ်ဆောင်ရမယ့် တာဝန်လေးတွေရှိပါတယ်။ သတို့သမီးလေးတို့ အနေနဲ့ မင်္ဂလာနေ့ရက် တစ်ရက်အတွင်းမှာတင် မကဘဲ နေ့တိုင်းမှာ အလှတရားတွေ ရေရှည်တည်တံ့နေဖို့အတွက် ဘယ်လိုစည်းကမ်းတွေကို လိုက်နာသင့်သလဲဆိုတာ Marry က ပြောပြပေးချင်လို့ပါ။

အသားအရေ လှဖို့ဆိုတာ နေ့ချင်းညချင်း ပြုပြင်ရုံနဲ့ ရနိုင်တာမျိုး မဟုတ်ပါဘူး (Photo – PagalParrot)

  • နေရောင်ခြည်နဲ့ တိုက်ရိုက် မထိတွေ့ဖြစ်အောင် ရှောင်ပါ။
  • မျက်နှာ အသားအရေ တစ်ခုတည်းအတွက်သာ မကဘဲ ခန္ဓာကိုယ် တစ်ကိုယ်လုံး အတွက်ပါ စဉ်းစားပါ။ (ဥပမာ – လည်ပင်း၊ လက်၊ ခြေထောက်၊ ကျောကုန်း အစရှိသည်)
  • ညအိပ်ရာဝင်တိုင်း မိတ်ကပ်တွေကို သေသေချာချာ ဖျက်ပြီး မျက်နှာသန့်စင်ပြီးမှ အိပ်ပါ။
  • တစ်ခုခု စားတဲ့အခါတိုင်း အသားအရေအတွက် ဘယ်လိုအကျိုး သက်ရောက်နိုင်သလဲဆိုတာ သေချာ သိနားလည်ပြီးမှ စားပါ။
  • အရည်အသွေးကောင်းတဲ့ အစိုဓာတ်ဖြည့် ခရင်မ်ကို သုံးပါ။

တစ်နေ့ကို အနည်းဆုံး (၇)နာရီ (၈) နာရီ အိပ်စက် အနားယူပါ (Photo – Good Health Academy)

  • တစ်နေ့ကို အနည်းဆုံး (၇)နာရီ (၈) နာရီ အိပ်စက် အနားယူပါ။
  • အစိမ်းရောင် ဖျော်ရည် တစ်မျိုးမျိုးကို နေ့တိုင်းသောက်ပါ။
  • ဆဲလ်ဟောင်း၊ ဆဲလ်သေ ဖယ်ရှားမှု (Exfoliate) ကို ပုံမှန် ပြုလုပ်ပေးပါ။ ဒါပေမယ့် အလွန်အကျွံတော့ မပြုလုပ် မိပါစေနဲ့။
  • အသားအရေ အတွက် ဗီတာမင် တစ်မျိုးမျိုး လိုအပ်နေတဲ့ အခြေအနေ ဖြစ်နေရင် ဖြည့်စွက်ဆေး သောက်ပေးပါ။ (ဥပမာ – ဗီတာမင်-အီး၊ ဗီတာမင် – စီ ။ လူတစ်ယောက်နဲ့ တစ်ယောက်က ကြုံရတဲ့အသားအရေ ပြဿနာတွေပေါ် မူတည်ပြီး လိုအပ်တဲ့ ဗီတာမင် အမျိုးအစား ကွာသွားပါတယ်။)
Tags: advicebeautybridehealthideainspirationskincarewellness

Comments

0 comments
Advertisement