Advertisement

အလှအပနဲ့ ပတ်သက်တဲ့ ပြဿနာတွေ မကြုံရစေဖို့ ဘယ်လိုအစားအစာတွေကို စားသောက်သင့်ပြီး ဘယ်လို အစားအစာတွေကိုတော့ ရှောင်ရှားသင့်သလဲ ဆိုတာ

သတို့သမီးလောင်းတို့ စားသင့်တာနဲ့ မစားသင့်တာတွေ (Photo – Step To Health)

Marry ရဲ့ သတို့သမီးလေးတို့ရေ သတို့သမီးလေးတွေ ဆိုတာ မင်္ဂလာဆောင်ခါနီး အချိန်မှာ စိတ်ဖိစီးမှုတွေ၊ ပင်ပန်းမှုတွေ မလွဲမသွေ ခံစားရတဲ့အတွက် အသားအရေ၊ အလှအပကို ထိခိုက်စေတဲ့ ပြဿနာတွေ အများကြီး ကြုံရပါတယ်။ မင်္ဂလာပွဲနီးမှ ဝက်ခြံတွေ ထွက်လာတွေ၊ မျက်ကွင်းတွေ ညိုလာတာ၊ ကိုယ်အလေးချိန် တက်လာတာ၊ ကိုယ်အလေးချိန် ကျသွားတာ အစရှိတဲ့ ပြဿနာပေါင်းစုံကို ကြုံရတတ်ပါတယ်။ Marry ရဲ့ သတို့သမီးလေးအတွက်တော့ မင်္ဂလာပွဲ နီးလာတဲ့အချိန်မှာ အလှအပနဲ့ ပတ်သက်တဲ့ ပြဿနာတွေ မကြုံရစေဖို့ ဘယ်လိုအစားအစာတွေကို စားသောက်သင့်ပြီး ဘယ်လို အစားအစာတွေကိုတော့ ရှောင်ရှားသင့်သလဲ ဆိုတာ ပြောပြပေးမယ်နော်။

စားသင့်တဲ့ ဆန်လုံးညို

စားသင့်တဲ့ ဆန်လုံးညို (Photo – NDTV Food)

အမြဲ လှနေဖို့အတွက်ရော ကျန်းမာရေးနဲ့ ညီညွတ်ဖို့ အတွက်ပါ ဆန်လုံးညိုကို စားပေးရပါမယ်။ ထမင်းစားတဲ့အခါ စားနေကျ ဆန်အဖြူ ထမင်းအစား ဆန်လုံးညို ထမင်းကို စားပေးမယ်ဆိုရင် သတို့သမီးလေးတို့ ဗိုက်အဝစားလည်း  ဝိတ်တက်မှာနဲ့  ဗိုက်ပူလာမှာကို  ပူစရာမလိုပါဘူးနော်။ ဆန်လုံးညိုမှာ အမျှင်ဓာတ်တွေ ပါဝင်တဲ့ အတွက်လည်း ကိုယ်အလေးချိန်ကို ထိန်းညှိပေးပါတယ်။ အာဟာရဓာတ်တွေ ကြွယ်ဝစွာ ပါဝင်တာကြောင့်လည်း ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာ တစ်ခုဖြစ်ပါတယ်။ မင်္ဂလာမဆောင်ခင် (၆)လ အလိုမှာ ပိန်အောင်လုပ်မယ် ဆိုရင် ဆန်လုံးညိုကို (၆)လအလိုလောက်ကတည်းက ပုံမှန် စားပေးသွားရပါမယ်။ အမျှင်ဓာတ်ကြောင့် အသားအရေလည်း သိသိသာသာ ထူးထူးခြားခြား ကြည်လင်လှပလာမှာပါ။

ရှောင်ရမယ့် အငန်နဲ့ အစပ်

ရှောင်ရမယ့် အငန်နဲ့ အစပ် (Photo – NutraIngredients-Asia )

ငပိရည်၊ ငပိချက်တို့လို အငန် အရသာကဲတဲ့ အစားအစာတွေကို မင်္ဂလာပွဲ မတိုင်ခင် တစ်ပတ်လောက် အလိုကတည်းက မစားသင့်တော့ပါဘူး။ အခန့်မသင့်ရင် ဝက်ခြံပြဿနာတွေကို ကြုံရနိုင်လို့ပါ။ စပ်တဲ့ အစားအစာတွေကိုလည်း မင်္ဂလာပွဲ နီးလာတာနဲ့ အမျှ သတိပြုရှောင်ရှား ရမှာ ဖြစ်ပြီး အထူးသဖြင့် မင်္ဂလာရက်မှာ လုံးဝ (လုံးဝ) မစားမိအောင် ရှောင်ရှားရပါမယ်။ အစပ်ဓာတ်ကြောင့် ချွေးအလွန်အကျွံထွက်တာ၊ ဝက်ခြံထွက်တာ အစရှိတဲ့ အလှအပ ပြဿနာတွေ အပြင် ဗိုက်နာ၊ ဗိုက်အောင့်တာ အစရှိတဲ့ ဝမ်းပြဿနာတွေနဲ့ အစာအိမ်နာတဲ့ ဝေဒနာတွေကိုလည်း ခံစားရနိုင်လို့ပါ။

Tags: advicebeautybridewellness

Comments

0 comments
Advertisement