Advertisement

မင်္ဂလာပွဲမှာ ရွေးချယ်ဖြစ်မယ့် ဝတ်စုံအရောင်ကိုလည်း ပြောပြခဲ့ပါတယ်။

ချစ်သူနှစ်ဦးဖြစ်သူ ဒါရိုက်တာဏကြီးနဲ့ သရုပ်ဆောင် ပိုင်ဖြိုးသုတို့ဟာ ဇွန်လ (၂၁) ရက်နေ့မှာ စေ့စပ်ပွဲ အခမ်းအနားလေး ပြုလုပ်ခဲ့တာ ဖြစ်ပြီး ရိုးရှင်းတဲ့ ဝတ်စုံလေးတွေ ဝတ်ဆင်ခဲ့ကြပါတယ်။ ရိုးရှင်းတဲ့ ဝတ်စုံလေးတွေနဲ့ စေ့စပ်ပွဲလေးကျင်းပခဲ့တဲ့ သရုပ်ဆောင် ပိုင်ဖြိုးသုဟာ မင်္ဂလာပွဲမှာ ရွေးချယ်ဖြစ်မယ့် ဝတ်စုံအရောင်ကိုလည်း ပြောပြခဲ့ပါသေးတယ်။

စေ့စပ်ပွဲမှ ရိုးရှင်းတဲ့ ဝတ်စုံလေး

မင်္ဂလာပွဲလေးမှာ ရွေးချယ်ဖြစ်မယ့် ဝတ်စုံအရောင်

စေ့စပ်ပွဲမှာလည်း အရောင်ရော ဝတ်စုံပုံစံလေးရောကို ရိုးရိုးရှင်းရှင်းပုံစံလေးပဲ ကြိုက်တယ်ဆိုပြီး ဒီဇိုင်နာနဲ့ တိုင်ပင်ပြီး စီစဉ်ဖြစ်တာပေါ့နော်။ မင်္ဂလာပွဲလေးမှာလည်း အရောင်ဖျော့တာလေးပဲ ရွေးဖြစ်မယ်၊ အဖြူဘက် များများရောက်တဲ့ အရောင်ကို ရွေးဖြစ်မှာပါ လို့ ဆိုထားပါတယ်။

လက်တွဲဖော်ကို ရွေးဖြစ်ပုံလေးကရော

အဓိကကတော့ သူ့ရဲ့ စိတ်ထားပေါ့နော်။ အေးချမ်းတဲ့အတွက်ရယ် သုအပေါ်မှာ မေတ္တာထားပေးနိုင်တဲ့အတွက် ရွေးချယ်ဖြစ်ခဲ့တာပါ။ သူ့ကို သဘောကျတဲ့အချက်တွေကတော့ သူ့အလုပ်နဲ့ ပတ်သက်ရင် အရမ်းအာရုံစိုက်တယ်၊ အနုပညာအပေါ်မှာ ရူးသွပ်တယ်ပေါ့။ ဒီအချက်တွေက သုနဲ့လည်း တူတော့ သဘောကျတာပေါ့နော်။

ဒါရိုက်တာ ဏကြီးနဲ့ သရုပ်ဆောင် ပိုင်ဖြိုးသု

အချစ်ဆိုတာကိုရော ဘယ်လိုမြင်လဲ

အချစ်ဆိုကတော့ တစ်ယောက်နဲ့ တစ်ယောက် နားလည်ပေးနိုင်တာ၊ ယုံကြည်မှုနဲ့ ကိုယ်ချင်းစာနာနိုင်မှုပေါ် မူတည်ပြီး ဖြစ်တည်တယ်လို့ ထင်တယ်ပေါ့နော်။

သရုပ်ဆောင် ပိုင်ဖြိုးသု

မင်္ဂလာဆောင်မယ့် စုံတွဲလေးတွေအတွက်

မင်္ဂလာဆောင်မယ့် စုံတွဲလေးတွေ တစ်သက်လုံး တစ်ယောက်နဲ့တစ်ယောက် ချစ်ချစ်ခင်ခင် နားလည်မှုတွေနဲ့ မိသားစုဘဝလေး တည်ဆောက်နိုင်ပါစေလို့ ဆုတောင်းပေးထားပါတယ်။

Marry က စုံတွဲလေးတို့ရေ မင်္ဂလာဆောင်တဲ့အခါမှာ ဝတ်စုံကို ဘယ်လိုပုံစံလေး ရွေးချယ်ဖြစ်မယ်ဆိုတာရော စဉ်းစားထားပြီးပြီလား၊ သတို့သမီးလေးတို့ မင်္ဂလာပွဲမှာ အလှဆုံး ဖြစ်ဖို့ဆိုရင်တော့ ကြိုတင်ပြီး စီစဉ်ထားသင့်ပါတယ်နော်။

photo: paing phyo thu

Comments

0 comments