Advertisement

ကိုယ့်ရဲ့ ခန္ဓာကိုယ် အချိုးအစားနဲ့ လိုက်ဖက်ညီတဲ့ ဝတ်စုံမျိုးကိုသာ ရွေးနိုင်ရင်အကောင်းဆုံးပါ

(Photo – karriehlistadesigns)

Marry ရဲ့ သတို့သမီးလောင်းလေးတွေထဲမှာ ခန္ဓာကိုယ် ပြည့်ပြည့်ဖောင်းဖောင်းလေးနဲ့ ချစ်စရာကောင်းလှတဲ့ သတို့သမီး ဝတုတ်လေးတွေ ရှိမယ်ထင်ပါတယ်။ ဝတုတ်လေးတွေက တကယ်ချစ်ဖို့ကောင်းကြတယ် ဆိုပေမယ့် မိန်းကလေး အများစုကတော့ ခန္ဓာကိုယ် ပြည့်လာကြရင် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု နည်းသွားတတ်ကြပါတယ်။ တကယ့်အလှတရားက ဝတာ ပိန်တာနဲ့ ဘာမှ မဆိုင်ဘူးဆိုတာ သတို့သမီးလေးတို့ကို သိစေချင်ပါတယ်။ ကိုယ့်ရဲ့ ခန္ဓာကိုယ် အချိုးအစားနဲ့ လိုက်ဖက်ညီတဲ့ ဝတ်စုံမျိုးကိုသာ ရွေးနိုင်ရင် အလှဆုံးသတို့သမီးလေး ဖြစ်မှာမို့ သတို့သမီး ဝတုတ်လေးတို့ ရွေးချယ်သင့်တဲ့ မင်္ဂလာဝတ်စုံတွေ အကြောင်း Marry က ပြောပြပေးမယ်နော်။

ပခုံးသားလေးကို ဖော်ထားတဲ့ ဒီဇိုင်း

ပခုံးသားလေးကို ဖော်ထားတဲ့ ဒီဇိုင်း  (Photo – sixpenceeventsmn)

ခန္ဓာကိုယ် ပြည့်တဲ့ မိန်းကလေးတွေတိုင်းက ပခုံးသားလေးတွေ၊ ရင်သားလေးတွေ လုံးဝန်းပြည့်ဖောင်းနေတတ်တာမို့ ပခုံးဖော် ဒီဇိုင်းလေးတွေနဲ့ သိပ်ကို လိုက်ဖက်ပါတယ်။ ရင်ပြတ် ဒီဇိုင်းလေးတွေကို ရွေးချယ်ပြီး အလှဆုံး သတို့သမီးလေး ဖြစ်နိုင်တယ်နော်။

ကိုယ်လုံးအလှကို ပေါ်လွင်စေတဲ့ ဒီဇိုင်း

ကိုယ်လုံးအလှကို ပေါ်လွင်စေတဲ့ ဒီဇိုင်း  (Photo – A Practical Wedding)

ကိုယ်လုံးပြည့်တဲ့ သတို့သမီးလေးတွေ အနေနဲ့ ဂါဝန်ကားကားဖောင်းဖောင်းတွေ မရွေးချယ်ဘဲ ကိုယ်လုံးအလှကို ပေါ်လွင်စေတဲ့ ကိုယ်ကျပ်ဒီဇိုင်းတွေ ရွေးချယ်သင့်ပါတယ်။ အထပ်အထပ်တွေ၊ အတွန့် အခေါက်တွေနဲ့ ခန့်ညားအောင် လုပ်ထားတဲ့ ဂါဝန်ဒီဇိုင်းမျိုးကို မရွေးချယ်ဘဲ ဇာတွေနဲ့ ဖန်တီးထားတဲ့ ရိုးရှင်းတဲ့ ဒီဇိုင်းမျိုးကို ရွေးချယ်သင့်ပါတယ်။

အရောင်ရင့်တွေ

အရောင်ရင့်တွေ  (Photo – CairoScene)

အရောင်တွေရဲ့ သဘောတရားအရ အရောင်အနုတွေက အရာဝတ္ထုတွေကို ပိုပြီး ကြီးမား ကျယ်ပြန့်သယောင် ဖြစ်စေကာ အရောင်ရင့်တွေကတော့ ပိုပြီး သေးသွယ်သွားသယောင် ထင်ရစေတဲ့အတွက် သတို့သမီးလေးတို့က အရောင်ရင့်ရင့် ဝတ်စုံလေးတွေ ရွေးချယ်လိုက်ရင် ခန္ဓကိုယ်က ကိုယ်ရည်စစ်သွားသလို ထင်ရစေမှာပါ။

Comments

0 comments
Advertisement