မင်္ဂလာပွဲမစခင် ဒါတွေစားပေးပါ

by: seng yar
 0 comments  0 love

အသီးအနှံတွေ များများ စားပေးတာကတော့ အနံ့အသက် ပြင်းပြင်းထွက်တာမျိုးကို သက်သာစေနိုင်သလို ခံတွင်းနံ့ နံခြင်းကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ 

မင်္ဂလာနေ့လေးမှာ မနက်တည်းက ဘာစားထားရမလဲဆိုတာကို ကြိုတင် ပြင်ဆင်ထားပေးပါနော်

မင်္ဂလာပွဲဆိုတာကတော့ တစ်သက်မှာ တစ်ကြိမ်သာ ပြုလုပ်ရတဲ့ မင်္ဂလာနေ့ရက်လေးပဲ ဖြစ်ပါတယ်။ အထူး အလေးပေးရမယ့်နေ့ရက်လေး ဖြစ်တဲ့အတွက် အမှား အယွင်းသေးသေးလေးတွေတောင် မဖြစ်ပေါ်အောင် အဘက်ဘက်က အကောင်းဆုံး ပြင်ဆင်ပေးထားရမှာပါ။ ပြင်ဆင်တဲ့အချိန်မှာလည်း စာရင်းနဲ့ သေချာ လိုအပ်ချက် မရှိအောင် ထပ်ကာ ပြန်လည် စစ်ဆေးပေးတာမျိုး ပြုလုပ်ပေးရမှာပါ။ ပြင်ဆင်ဖို့ သတိပေးလိုက်ရင်း မင်္ဂလာပွဲ မစခင် စားပေးသင့်တဲ့ အစား အစာတွေ အကြောင်းကို ပြောပြပေးချင်ပါတယ်။

မင်္ဂလာနေ့ဆိုတာကတော့ အရေးကြီးတဲ့နေ့လေး ဖြစ်တဲ့အတွက် ထိုနေ့လေးအတွက် မနက် ပွဲ မစခင် အချိန်ကတည်းကစပြီး ညနေ ပွဲပြီးတဲ့အချိန်ထိ အချိန်ဇယားကို ပြင်ဆင်ထားရမှာပါ။ ပြင်ဆင်တဲ့အချိန်မှာ လိုအပ်တဲ့အရာတွေထဲက တစ်ခုက အစားအသောက်ပဲ ဖြစ်ပါတယ်။ မနက်တည်းက ဘာစားထားရမလဲဆိုတာကို ကြိုတင် ပြင်ဆင်ထားပေးပါနော်။

မင်္ဂလာပွဲလေး မတိုင်ခင် စားပေးရမယ့် အစာတွေထဲက အရေးကြီးဆုံး အချက်ဆိုရင်တော့ အဆာခံတဲ့အစား အစာတွေကို စားပေးရမှာပါ

အဆာခံတဲ့ အစားအစာ

ဗိုက်ဆာနေတဲ့အချိန်ဆို ဆာလောင်ခြင်းကို ခံစားလာရတဲ့အချိန်ဆို စိတ်တွေ အလိုလို အလိုမကျ ဖြစ်ပေးလာတတ်တာကို အမှတ်ရပေးပါ။ မင်္ဂလာပွဲလေး မတိုင်ခင် စားပေးရမယ့် အစာတွေထဲက အရေးကြီးဆုံး အချက်ဆိုရင်တော့ အဆာခံတဲ့အစား အစာတွေကို စားပေးရမှာပါ။ မုန့်လေး တို့တိ လောက်ပဲ စားပေးထားတာမျိုးဆိုရင် ဧည့်သည်တွေကို လိုက်လံ နှုတ်ဆက်တဲ့အချိန် ဗိုက်က ဆာလာတာမျိုးဆိုရင် မင်္ဂလာမောင်နှံလေးတွေရဲ့ အပြုံးလေးတွေက အရောင်တောက်ပနေနိုင်မှာ မဟုတ်လို့ပါ။

အသီးအနှံများများ စားပေးပါ

အသီးအနှံ

အသီးအနှံတွေကို များများစားပေးထားပါ။ အသီးအနှံစားပေးတာက အသားအရေတွေကို ကြည်လင် တောက်ပစေနိုင်တဲ့ အစွမ်း ရှိတဲ့အတွက် မင်္ဂလာပွဲ အလယ်က မင်္ဂလာမောင်နှံလေးတွေ အလှက တင့်တယ်နေစေမှာပါ။ နောက်တစ်ချက်က အသီးအနှံတွေ များများ စားပေးတာကတော့ ကိုယ်က ထွက်တဲ့ ချွေးနံ့တွေကိုလည်း အနံ့အသက် ပြင်းပြင်းထွက်တာမျိုးကို သက်သာစေနိုင်သလို ခံတွင်းနံ့ နံခြင်းကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

From Marry with


Comments

0 comments
Latest video