Advertisement

အရောင်ဆန်းဆိုတာကတော့ ပုံမှန်မြင်တွေ့နေကျ အရောင်တွေလိုမျိုးထက် ကာလာရောလေးတွေနဲ့ အရောင်ဆန်းတာလေးတွေကို လူကြိုက်ပိုများလာမှာပါ။

တစ်နှစ်နဲ့ တစ်နှစ်ရဲ့ ဖက်ရှင် ရေစီးကြောင်းက ပြောင်းလဲသွားလေ့ရှိပါတယ်။ တစ်နှစ် တစ်မျိုး ဖက်ရှင် အမြင်တွေကြား မတူညီတဲ့ပုံစံလေးတွေကတော့ သတို့သမီးလေးတိုင်းရဲ့ အလှကို မတူညီတဲ့ပုံစံလေးတွေနဲ့ အလှဆုံး သတို့သမီးလေးတွေကို Marry ကနေ ဖန်တီးပေးလိုက်ပါရစေ။

 

ပန်းပန်တဲ့သတို့သမီးလေးအလှ ဖက်ရှင်

 

ပန်းပန်ထားတဲ့ သတို့သမီးလေး ဖက်ရှင်အလှ

အခုချိန်မှာ သတို့သမီးလေးတွေက ဆံထုံးလေးတွေ ထုံးပြီး ပန်းပန်တာထက် ကျောက်ခက်တွေ စိန်ကြိုးတွေ ပန်းတုတွေကို ပန်ဆင်တာများပါတယ်။ ၂၀၁၈ မှာတော့ သတို့သမီးလေးရဲ့ ဦးခေါင်းထက်မှာ ပန်းတွေပန်ဆင်ထားတဲ့ပုံစံလေးက တခေတ်ပြန် ပေါ်လာမှာပါ။

 

ပန်းတွေ အစားထက် သစ်ရွက် သစ်ခက်လေးတွေကိုလည်း အလှပန်ဆင်လို့ ရပါတယ်။

နောက်ကျောကျယ်တဲ့ဝတ်စုံပုံစံများ

သတို့သမီးဝတ်စုံပုံစံလေးများ အနေနဲ့ကတော့ ၂၀၁၈ မှာတော့ နောက်ကျောပြောင်လေးတွေ ပြန်ခေတ်စားလာမှာပါ။ ကျောပြည့်ပုံစံလေးတွေကြားက ကွဲထွက်ပြီး ကျောပြောင်လေးတွေနဲ့ ပုံစံလေးက ဆန်းပြားနေမှာပါ။ ချောမော ပြေပြစ်လှတဲ့ သတို့သမီးလေးအလှကို နောက်ကျောကျယ်တဲ့ ဝတ်စုံပုံစံလေးများနဲ့ ကျော့ရှင်းလှတဲ့ အလှတွေကို ဖော်ထုတ်ပေးလိုက်ရပါတယ်။ သတို့သမီးလေးရဲ့ ကျောပြင်လေးကိုလှပတင့်တယ်စေမယ့် ဂါဝန်ဒီဇိုင်းများကိုလည်း ရွေးချယ်ပေးလို့ ရနိုင်ပါသေးတယ်။

 

နောက်ကျောကျယ်တဲ့ဝတ်စုံပုံစံများ

 

အရောင်ဆန်းတဲ့ဝတ်စုံများ

၂၀၁၈ မှာ ဆန်းဆန်းပြားပြားဖြစ်လာမယ့်ဝတ်စုံတွေကတော့ အရောင်ဆန်းတဲ့ဝတ်စုံလေးတွေပဲ ဖြစ်ပါတယ်။ အရောင်ဆန်းဆိုတာကတော့ ပုံမှန်မြင်တွေ့နေကျ အရောင်တွေလိုမျိုးထက်အရောင်ဆန်းတာလေးတွေကို လူကြိုက်ပိုများလာမှာပါ။ ပုံမှန်ရွေးချယ်နေကျ အရောင်တွေကတော့ ရွှေရောင်၊ အပြာရောင်၊ အဖြူရောင်၊ ပန်းရောင်တွေ ဖြစ်ပြီး ၂၀၁၈ အတွက် အရောင်ဆန်းတွေက ခဲရောင်၊ မီးခိုရောင်နဲ့ ကာလာကွဲလေးတွေကြားက အရောင်ဆန်းလေးတွေက ပိုခေတ်စားလာနိုင်ပါတယ်။

အရောင်ဆန်းတာလေးတွေကို ရွေးချယ်လိုက်ပါ။

2018 မှာ ခေတ်စားလိမ့်မယ်လို့ ဖက်ရှင်ဒီဇိုင်နာတွေ ခန့်မှန်းပေးထားတဲ့ ဒီဇိုင်းလေးတွေအကြောင်းကို Marry ကနေ ပြောပြပေးလိုက်ရပါတယ်။ မင်္ဂလာဝတ်စုံရွေးမယ့်အချိန် သိထားသသင့်တဲ့ အချက်လေးတွေကိုလည်း ဖတ်ကြည့်ပေးဖို့ ဝေမျှလိုက်ရပါတယ်။

Comments

0 comments