Advertisement

မနက်ခင်းတိုင်းမှာ ပေါင်မုန့်စားနေကျမို့ မဖြစ်မနေ ပေါင်မုန့်လေးမှ စားပါရစေဆိုရင်လည်း ပေါင်မုန့်အဖြူမစားဘဲ ပေါင်မုန့်အညိုကိုပဲ စားပါလို့ တိုက်တွန်းပါရစေ

မင်္ဂလာနေ့မှာ ဒါတွေလုံးဝ မစားမိအောင် ရှောင်ပါ (Photo – HelloMuse.com)

အစားမတော် တစ်လုပ်ဆိုတဲ့ မြန်မာစကားပုံကို ကြားဖူးကြတယ် မဟုတ်လား Marry ရဲ့ စုံတွဲလေးတို့ရေ။ ကိုယ့်အတွက် မသင့်တော်တဲ့ မစားသင့်တဲ့ အစားအစာဆိုရင် တစ်လုပ်လောက် စားလိုက်ရုံနဲ့တင် လူကို ဘေးဥပါဒ် ဖြစ်စေနိုင်ပါတယ်။ ပျော်ရွှင်ခြင်း၊ ကြည်နူးချမ်းမြေ့ခြင်းတွေနဲ့ တက်ကြွပျော်ရွှင်နေရမယ့် မင်္ဂလာရက်မြတ်လေးမှာ သတို့သမီးလေးရော၊ သတို့သားလေးရောက မအီမသာ ခံစားနေရမယ်၊ လေးလံ ထိုင်းမှိုင်းနေမယ်ဆိုရင် ပျော်စရာတွေ ပျောက်ဆုံးကုန်မှာ အမှန်ပါပဲနော်။

ဒါကြောင့် မင်္ဂလာမောင်နှံလေးတွေက ကိုယ်မင်္ဂလာဆောင်မယ့်ရက်မှာ မနက်အစောကတည်းက အစာမကြေဖြစ်စေမယ့်၊ လေပွစေမယ့်၊ အော့ချင်အန်ချင် ဖြစ်စေမယ့်၊ နေထိုင်မကောင်းဖြစ်စေမယ့် အစားအစာတိုင်းကို ရှောင်ရှားဖို့ လိုပါတယ်နော်။ ဘယ်လို အစားအစာတွေကို ရှောင်ရမလဲဆိုတာ Marry က ပြောပြပေးမယ်လေနော်။

အစပ်

မင်္ဂလာနေ့မှာတော့ အစပ်လုံးဝမစားဘဲ ရှောင်ရမယ်နော် (Photo – Men’s Health)

အစပ်ကို ဘယ်လောက်ပဲ ကြိုက်တယ်ပြောပြော မင်္ဂလာနေ့မှာတော့ အစပ်လုံးဝမစားဘဲ ရှောင်ရမယ်နော်။ အစပ်က အစာမကြေ ဖြစ်စေသလို၊ အစာအိမ်ကိုလည်း ရောင်ရမ်းနာကျင်စေပါတယ်။ ဒါ့ပြင် ခန္ဓာကိုယ်အပူချိန်ကိုလည်း အလွန်အကျွံ မြင့်တက်စေတာကြောင့် ချွေးတွေ လွန်လွန်ကဲကဲ ထွက်စေပါတယ်။ ခမ်းခမ်းနားနား ပြင်ဆင်ထားတဲ့ မင်္ဂလာနေ့ရက်မှာမှ ချွေးသံ တရွှဲရွှဲနဲ့ အင်္ကျီတွေ စွန်းပေတာ၊ မိတ်ကပ်    ပျက်ကုန်၊ ကွက်ကုန်တာမျိုးတွေ မဖြစ်ဖို့ အစပ်တွေကို မစားမိဖို့ သတိပြုပါနော်။

ကစီများတဲ့ အစားအစာတွေ

ပေါင်မုန့်အဖြူမစားဘဲ ပေါင်မုန့်အညိုကိုပဲ စားပါလို့ တိုက်တွန်းပါရစေ (Photo -restaurantmagazine.com )

ကစီဓာတ်ပါဝင်တဲ့ အစားအစာတွေက အစာမကြေဖြစ်တတ်ပါတယ်။ အဲ့လို အစာမကြေတာအပြင် လေထတာနဲ့ အော့အန်တာတွေကို ဖြစ်စေတတ်ပါတယ်။ ဒါကြောင့်  မင်္ဂလာဆောင်တဲ့နေ့မှာ ဆန်၊ အာလူး၊ ပေါင်မုန့်ဖြူနဲ့ ပါစတာလိုမျိုး အစားအစာတွေနဲ့ ဝေးဝေးနေဖို့ လိုမယ်နော်။ တကယ်လို့ မနက်ခင်းတိုင်းမှာ ပေါင်မုန့်စားနေကျမို့ မဖြစ်မနေ ပေါင်မုန့်လေးမှ စားပါရစေဆိုရင်လည်း ပေါင်မုန့်အဖြူမစားဘဲ ပေါင်မုန့်အညိုကိုပဲ စားပါလို့ တိုက်တွန်းပါရစေ။

 

Tags: advicefoodhealthideawellness

Comments

0 comments