လက်ပြတ်အကျီ ဝတ်ဖို့ ယုံကြည်မှု မရှိဘူးဆိုရင်

by: Nway Nway Aung
 0 comments  0 love

မင်္ဂလာမဆောင်ခင် တစ်လလောက်အလိုကတည်း ချိုင်းသားဖြူဖို့ ချေးချွတ်ပေါင်းတင်တာတွေနဲ့ မင်္ဂလာမဆောင်ခင် တစ်ပတ်အလိုမှာ ချိုင်း Waxing လုပ်ဖို့ လိုအပ်ပါတယ်နော်

ပခုံးနဲ့ လက်မောင်းသားတွေ ကျစ်လစ်လှပနေဖို့လိုပါတယ်(Photo – Hairstyle Ideas)

ရင်ပြတ်ဒီဇိုင်းတွေနဲ့ ရင်သပ်ရှုမောရအောင် လှနေဖို့က ပခုံးနဲ့ လက်မောင်းသားတွေ ကျစ်လစ်လှပနေဖို့လိုပါတယ်။ ရေပုံမှန်ကူးတဲ့ သူတွေကတော့ ရင်ပြတ်အင်္ကျီတွေ ဝတ်တဲ့အခါ သိပ်စဉ်းစားစရာမလိုပါဘူး လှပြီးသားပါ။ ရေကူးကျင့်မရှိသူတွေကတော့ ဒိုက်ထိုးပေးသင့်ပါတယ်။ အမျိုးသမီးတွေရဲ့ သဘာဝ ခန္ဓာကိုယ်တည်ဆောက်ပုံအရ ရင်အုပ်နဲ့ လက်မောင်းတွေမှာ ကျစ်လစ်သန်မာမှု အားနည်းတတ်ကြပါတယ်။ အထူးသဖြင့် ဝလာတဲ့အခါမျိုးမှာ လက်မောင်းသားတွေကပါ လျော့တိလျော့ရဲဖြစ်ပြီး ကြီးမားလာပါတော့တယ်။ ဒါကြောင့်မို့ ရင်ပြတ်ဒီဇိုင်းလေးရွေးချယ်ထားတယ် ဆိုရင်တော့ ပခုံးနဲ့ လက်မောင်းသားတွေ လှပစေဖို့ လေ့ကျင့်ခန်းတွေတော့ လုပ်ဖို့လိုတာပေါ့။

ပခုံးနဲ့ လက်မောင်းသားတွေ လှပစေဖို့ လေ့ကျင့်ခန်းတွေတော့ လုပ်ဖို့လိုတာပေါ့ (Photo – OneThreeOneFour)

ပခုံးနဲ့ လက်မောင်းသားလှပစေမယ့် လေ့ကျင့်ခန်း – ဒိုက်ထိုးခြင်း

အဆင့်(၁)

ဒိုက်ထိုးမယ့် မှောက်ရက်အနေအထားအတိုင်း ခန္ဓာကိုယ်ကို ဖြောင့်တန်းစွာထားပါ။

အဆင့် (၂)

လက်တွေကိုတော့ ပခုံးအကျယ်အတိုင်း ဖြောင့်တန်းစွာ ထောက်ထားပါ။

အဆင့် (၃)

လက်ချောင်းထိပ်တွေနဲ့ တစ်တန်းတည်းဖြစ်နေတဲ့ ကြမ်းပြင်ထိ နှာခေါင်းကို ထိလုနီးပါးဖြစ်အောင် ကိုယ်ကို နှိမ့်ချပါ။

အဆင့် (၄)

ကိုယ်ကို ပြန်မတ်ဖို့ လက်တွေကို ဖြည်းဖြည်းချင်း ဆန့်ထုတ်လိုက်ပါ။

စပြီး ဒိုက်ထိုးတဲ့ရက်တွေမှာ တစ်နေ့ကို ဆယ်ကြိမ်လောက်စီ ထိုးပြီး တဖြည်းဖြည်းနဲ့ အကြိမ်(၅၀) လောက်အထိ ထိုးနိုင်အောင် ကြိုးစားသင့်ပါတယ်။ နောက်ပြီးတော့ မင်္ဂလာ မဆောင်ခင် (၁၆) ပတ်လောက် အလိုကတည်းက ဒိုက်ထိုးကျင့်ထားဖို့ လိုအပ်ပါတယ်။

ဒီလေ့ကျင့်ခန်းလေးတွေကတော့ လက်မောင်းသားလေးကို သွယ်လျသွားစေမယ့် လေ့ကျင့်ခန်းလေးတွေပါ။ လက်ပြတ်အင်္ကျီလေးတွေနဲ့ လိုက်ဖက်ဖို့က ချိုင်းကြားအသားအရေတွေ ဖြူဖွေးနေဖို့နဲ့ အမွှေးအမျှင်တွေ မရှိဖို့ လိုအပ်တာကြောင့် မင်္ဂလာမဆောင်ခင် တစ်လလောက်အလိုကတည်း ချိုင်းသားဖြူဖို့ ချေးချွတ်ပေါင်းတင်တာတွေနဲ့ မင်္ဂလာမဆောင်ခင် တစ်ပတ်အလိုမှာ ချိုင်း Waxing လုပ်ဖို့ လိုအပ်ပါတယ်နော်။

From Marry with

Tag: adviceexercisefor arms

Comments

0 comments
Latest video