Advertisement

ခဲရောင်တောက်နေတဲ့ ဝတ်စုံလေးကတော့ သတို့သမီးလေးဝတ်စုံ အရောင်တိုင်းနဲ့ လိုက်ဖက်ညီတဲ့ သတို့သားဝတ်စုံလေးအတွက် အကောင်းဆုံး အရောင်လေးပဲ ဖြစ်ပါတယ်။

ရဲရင့်ခြင်း အသွင်ပြည့်နေတဲ့ အနီရင့်ရောင် သတို့သားလေး

၂၀၁၈ အတွက် သတို့သားဝတ်စုံ ဒီဇိုင်းတွေမှာတော့ ဆန်းဆန်းပြားပြား အရောင်လေးတွေက တစ်ခေတ်ပြန်ဆန်း လာနိုင်ပါတယ်။ အရောင်လေးတွေ ရွေးချယ်တဲ့အချိန်မှာ ဘယ်လိုအရောင်လေးတွေက ပိုပြီး ဆွဲဆောင်မှု ရှိတဲ့ အရောင်လေးတွေ ဖြစ်မလဲ ဆိုတာကို Marry က ပြောပြပေးလိုက်ရပါတယ်နော်။ ကုတ်အကျီတိုင်းနဲ့ လိုက်ဖက်တဲ့ ရှပ်အကျီဒီဇိုင်းလေးတွေကိုလည်း ဖတ်ကြည့်ပေးပါဦး။

ခဲရောင် အနက်ရောင် မီးခိုးရောင် အတွဲအဆက်ကြားက သတို့သား ဝတ်စုံလေး

သတို့သားလေးရဲ့ အနောက်တိုင်း ဝတ်စုံအတွက်ကတော့ တစ်ရောင်တည်းကိုပဲ ဝတ်ဆင်ပေးနိုင်သလို အရောင် အုပ်စုတူတာတွေကိုလည်း တွဲဖက် ဝတ်ဆင်ပေးလို့ ရပါတယ်။ ခဲရောင် အနက်ရောင် မီးခိုးရောင် အတွဲအဆက်ကြားက သတို့သား ဝတ်စုံလေးလို အရောင် ၃ ရောင်ကို စပ်ဝတ်ဆင်ပေးတာကလည်း ကြည့်လို့ ကောင်းနေပါတော့တယ်။

အရောင် တစ်ရောင်တည်းနဲ့ ကြည့်ကောင်းနေတဲ့ ပုံစံလေး

အရောင် ရွေးချယ်တဲ့အချိန်မှာလည်း အရောင် တစ်ရောင်တည်းနဲ့ ကြည့်ကောင်းနေတဲ့ ပုံစံလေးကို ရွေးချယ်ပေးနိုင်ပါသေးတယ်။ နက်တိုင်ကိုပါ ဝတ်စုံနဲ့ အရောင်တူတာကို ရွေးချယ်ပြီး လိုက်ဖက်တဲ့ သတို့သားလေးဝတ်စုံကို ရယူလိုက်ပါ။

ခဲရောင်တောက်နေတဲ့ ဝတ်စုံလေး

ခဲရောင်ဆိုတာကတော့ သတို့သမီးလေးဝတ်စုံ အရောင်တိုင်းနဲ့ လိုက်ဖက်ညီတဲ့ သတို့သားဝတ်စုံလေးအတွက် အကောင်းဆုံး အရောင်လေးပဲ ဖြစ်ပါတယ်။ သတို့သားလေးတိုင်းနဲ့ လိုက်ဖက်တဲ့ ခဲရောင်အနောက်တိုင်းဝတ်စုံများဆိုပြီး ရွေးချယ်စရာပုံစံလေးတွေလည်း စုံလင်လှပါတယ်။

နွေးထွေးနေမယ့် ဝတ်စုံပုံစံလေး

ရာသီဥတု အေးလာတဲ့ ဆောင်းတွင်းလို အချိန်ခါမှာ နွေးထွေးနေမယ့် ဝတ်စုံပုံစံလေး အတွက်ကတော့ သက္ကလတ်သားလို အနောက်တိုင်း ဝတ်စုံလေးများကို ရွေးချယ်ပေးလိုက်ပါနော်။

ဖြူစင်ခြင်းကြားက အပြာရောင်လေး

သတို့သားလေး အတွက်ဆိုရင် သိပ်ပြီး ပြင်ဆင်ပေးဖို့ လိုက်ဖက်ညီတာ ရွေးချယ်ပေးဖို့အတွက် အများကြီး မလိုအပ်ဘူးလို့ ထင်ထားတတ်ကြပါတယ်။ Marry ပြောပြပေးထားတာလေးတွေကို ဖတ်ကြည့်ပေးပြီး သတို့သားလေးအတွက် ကြည့်ကောင်းစေမယ့် ပုံစံလေးတွေကို ရွေးချယ်ပေးလိုက်က်ပါနော်။

Comments

0 comments