Advertisement

ပုဝါရွေးချယ်တဲ့အခါမှာ ကိုယ်ရွေးချယ်ထားတဲ့ ခန်းမရဲ့ အနေအထားကို ကြည့်ပါ။ ခန်းမက ပုဝါအရှည်ကြီးနဲ့ လမ်းလျှောက်လို့ရတဲ့ ခန်းမလားဆိုတာ ကြည့်ဖို့ လိုပါတယ်

သတို့သမီးလောင်းလေးတို့ရေ ခုနောက်ပိုင်းမှာ ထိုင်မသိမ်းနဲ့ပဲ ဆောင်ဆောင်၊ အနောက်တိုင်းဝတ်စုံနဲ့ပဲ ဆောင်ဆောင် ပုဝါတွေကို သေချာဒီဇိုင်းထွင်လာကြတယ်မလား။ မင်္ဂလာဝတ်စုံရဲ့ ခမ်းနားလှပမှုကို ပုဝါမှာလည်း တွေ့ရနိုင်တယ်လေနော်။ သတို့သမီးလေး တော်တော်များများကလည်း ပုဝါကို ရှည်တာ၊ စီးကွင့်များတာ၊ အလှဖော်တာတွေ ပိုပြီး လုပ်လာကြတာမို့ ရွေးချယ်စရာလည်း များပါတယ်။ မင်္ဂလာပွဲနေ့မှာ လှပတဲ့ ပုဝါလေး ရဖို့ ဘယ်လိုရွေးချယ်ရမလဲဆိုတာ ပြောပြမယ်နော်။

ပုဝါဘယ်လို ရွေးချယ်မလဲ (photo Wannakhwarnee)

ခန်းမ အနေအထား

ပုဝါရွေးချယ်တဲ့အခါမှာ ကိုယ်ရွေးချယ်ထားတဲ့ ခန်းမရဲ့ အနေအထားကို ကြည့်ပါ။ ခန်းမက ပုဝါအရှည်ကြီးနဲ့ လမ်းလျှောက်လို့ရတဲ့ ခန်းမလားဆိုတာ ကြည့်ဖို့ လိုပါတယ်။ ဘာလို့လဲဆိုတော့ ပုဝါက ဖြန့်ချထားပြီး အဲ့ဒီနောက်မှာမှ နှစ်ဖက်မိဘတွေဆိုတော့ ပုဝါရှည်လေ လူစီတန်းတာက ရှည်လေ ဖြစ်မှာပါ။ အဲ့အတွက် ပုဝါရဲ့ အလှ ပေါ်ဖို့ဆိုရင် လျှောက်လမ်းရှည်လား၊ ကျယ်လားဆိုတာ သိထားဖို့ လိုပါတယ်။ အဲဒါမှ ပုဝါအရှည်ကို မှန်းပြီး ရွေးချယ်လို့ရမှာပါ။ စင်မြင့်က ခုံကရော ပုဝါနဲ့ အဆင်ပြေလားဆိုတာ ကြည့်ပါ။

ဒီဇိုင်နာနဲ့ တိုင်ပင်ပါ

မင်္ဂလာပွဲ ပုံစံ

ပုဝါရွေးချယ်တဲ့အခါ မင်္ဂလာပွဲရဲ့ ပုံစံကိုလည်း ထည့်စဉ်းစားပါ။ မင်္ဂလာပွဲက ပွဲထွက်၊ စုလျားရစ်ပတ်ဆိုရင်တော့ အဆင်ပြေပေမယ့် ရိုးရိုးဧည့်ခံပွဲ၊ ဧည့်သည် ဝိုင်းတွေကြားဆီ လိုက်ဧည့်ခံမယ် ဆိုရင်တော့ ပုဝါကို အဖြုတ်အတပ် ချက်ချင်း လုပ်လို့ရတာမျိုး ရွေးပါ။ တချို့ဆို ခါးနေရာကနေ ဆက်ထားတာမျိုး ရှိပါတယ်။ ဧည့်ခံချိန်မှာ ဖြုတ်ထားပြီး အလှဓါတ်ပုံရိုက်မှ ပြန်ဝတ်တာမျိုးပေါ့။ ပွဲပုံစံကို ကြည့်ပါ။

ဒီဇိုင်နာနဲ့ တိုင်ပင်ပါ

ပုဝါရွေးချယ်တဲ့အခါမှာ ဒီဇိုင်နာနဲ့ တိုင်ပင်ပါ။ ပုဝါကလည်း ဝတ်စုံပေါ် မူတည်ပြီး ဒီဇိုင်းကွဲပြားတာမို့ သေချာသိဖို့ လိုပါတယ်။ ပန်းပွင့် ပုံစံ ကြိုက်လား၊ ကျောက်များများ ပါတာ၊ Bling Bling ဖြစ်တာ၊ အနားသတ်အတွန့်များတာ၊ နှစ်ဖက်ချ ပုံစံ ရွေးစရာတွေ များပါတယ်။ ဒီဇိုင်နာကို ပုဝါအတွက် ကုန်ကျနိုင်မယ့် ကုန်ကျစရိတ် ပြောပြီး ဒီဇိုင်းအရင်ဆွဲခိုင်းကြည့်ပါ။ ဒါဆိုရင်တော့ အကောင်းဆုံး၊ အလှဆုံး ထွက်လာပါလိမ့်မယ်။ အပေါ်မှာ ပြောပြထားတဲ့ အချက်တွေကိုလည်း ဒီဇိုင်နာကို ပြောပြပါ။

ပုဝါသီးသန့် ရွေးချယ်ရင် (photo Wannakhwarnee)

ပုဝါသီးသန့် ရွေးချယ်ရင်

ပုဝါကို ဒီဇိုင်နာနဲ့ ချုပ်တာ မဟုတ်ဘဲ ချုပ်ပြီးသားထဲကမှ သီးသန့် ရွေးချယ်မယ်ဆိုရင်တော့ အရောင်နဲ့ ဒီဇိုင်းကို သေချာကြည့်ပါ။ ရွေးချယ်တဲ့အခါ ဝတ်စုံရဲ့ အရောင်နဲ့ တိုက်ကြည့်ပါ။ အရောင်ရော၊ ဒီဇိုင်းရောက တူညီနေဖို့ လိုပါတယ်နော်။ အင်္ကျီမှာက ပန်းပွင့်နဲ့ ပုဝါက စီးကွင့်ဆို မလိုက်ဘူးလေနော်။ အဲဒါကြောင့် ဝတ်စုံနဲ့ အနီးစပ်ဆုံး ရွေးဖို့ ဆိုင်များများ ကြည့်ပါ။ ဝတ်စုံ ယူသွားပြီး ဝတ်ကြည့်ပါ။ ဒါမှ လိုက်ဖက်ညီတာ ရမှာပါ။

သတို့သမီးလေးတို့ မင်္ဂလာဆောင်အတွက် ပုဝါရွေးချယ်တဲ့အခါ အခက်အခဲ ဖြစ်နေရင် Marry က ပြောပြထားတာလေးအတိုင်း စဉ်းစားနော်။

Tags: advicebrideveilwedding tips

Comments

0 comments
Advertisement