Advertisement

ချပ်ရပ်တဲ့ ဗိုက်သားပြင်လေးကို ပိုင်ဆိုင်နိုင်ဖို့ အတွက် မှန်ကန်တဲ့နေထိုင်စားသောက်မှု လျှို့ဝှက်ချက်လေးအချို့အကြောင်း Marry က ဝေမျှပေးချင်ပါတယ်

အဆီပိုတွေ မရှိဘဲ ချပ်ရပ်နေတဲ့ ဗိုက်သားလေးတွေ ဆိုတာ မိန်းကလေးသား မက်မောတဲ့ အလှတရားမဟုတ်လား (Photo – Woman’s Day)

သတို့သမီးလောင်းလေးတို့ရေ အဆီပိုတွေ မရှိဘဲ ချပ်ရပ်နေတဲ့ ဗိုက်သားလေးတွေ ဆိုတာ မိန်းကလေးတိုင်း မက်မောတဲ့ အလှတရားမဟုတ်လား။ အထူးသဖြင့် ထိုင်မသိမ်းဝတ်ရမယ့် သတို့သမီးလေးတွေ အနေနဲ့ မင်္ဂလာပွဲ မတိုင်ခင်ကတည်းက ဗိုက်သားလေးတွေ ချပ်ရပ်နေအောင် လုပ်ဆောင်ထားရမှာပါ။ ဒါပေမယ့် နေထိုင်၊ စားသောက်မှု ပုံစံတွေကြောင့် မိန်းကလေးတွေက အရမ်းမဝရင်တောင် ဗိုက်ကလေးတွေ ပူတတ်ကြပါတယ်။ ဒါကြောင့် ချပ်ရပ်တဲ့ ဗိုက်သားပြင်လေးကို ပိုင်ဆိုင်နိုင်ဖို့ အတွက် မှန်ကန်တဲ့နေထိုင်စားသောက်မှု ပုံစံလိုအပ်ပါတယ်။ လျှို့ဝှက်ချက်လေးအချို့အကြောင်း Marry က ဝေမျှပေးချင်ပါတယ်။

အရမ်းမဝရင်တောင် ဗိုက်လေးတွေ ပူတတ်ကြပါတယ် (Photo – My Health Tips)

  • ထမင်းမစားခင်မှာ ရေ (၁) ခွက်သောက်ပါ။
  • အစားစားတဲ့ အခါ ကျေညက်အောင်ဝါးပြီး ဖြည်းဖြည်းစားပါ။

( Photo – Tumblr)

  • အိပ်ထမတင် လေ့ကျင့်ခန်းကို တစ်နေ့လျှင် မိနစ် (၂၀) နှုန်းနဲ့ တစ်ပတ်မှာ (၅)ရက် ပုံမှန် လုပ်ပေးပါ။
  • အချို လျှော့စားပါ။
  • ထိုင်တဲ့အခါ ခါးမတ်မတ်ထားပါ။
  • ဆယ့်ငါးမိနစ် တစ်ခါ လမ်းထလျှောက်ပါ။
  • ဆီကြော်တွေကို တတ်နိုင်သလောက် ရှောင်ပါ။
  • ဗိုက်သားတွေရဲ့ အခြေအနေကို သိနိုင်ဖို့ ကိုယ်ကျပ်အင်္ကျီ မကြာခဏ ဝတ်ကြည့်ပေးပါ။
  • မနက်စာ ( Breakfast ) မစားဘဲ မနေပါနဲ့။

(Photo – Weight Loss Tips)

  • နေ့တိုင်း ရေများများ သောက်ပေးပါ။
  • အငံ လျှော့စားပါ။
  • စိတ်ဖိစီးမှု ကင်းဝေးအောင် နေပါ။
  • ညစဉ် အိပ်စက်ချိန် (၇)နာရီ (၈) နာရီခန့် ရအောင် အိပ်စက်ပါ။
  • အရက်၊ ဘီယာ လျှော့ပါ။
  • အရွက် များများစားပါ။

(Photo _ NHS Choices)

  • လမ်းများများ လျှောက်ပါ။
  • အသင့်စား အစားအစာတွေ ရှောင်ပါ။
  • လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက် အသီးအနှံတွေကို အရောင်စုံလင်အောင် စားပေးပါ။
Tags: advicebeautybridefoodwellness

Comments

0 comments