ပိုက်ဆံမကုန်ဘဲ ကြည်လင်တောက်ပတဲ့ အသားအရေကို ပိုင်ဆိုင်နိုင်ဖို့

by: Nway Nway Aung
 0 comments  0 love

ည (၁၀) နာရီကနေ မနက် (၄) နာရီ အချိန်တွင်းမှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေမယ်ဆိုရင် အဲ့အချိန်တွေမှာ မအိပ်ဘဲ နေတုန်းကထက် အသားအရေက သိသိသာသာ ကြည်လင်လာမှာပါ

ပိုက်ဆံမကုန်ဘဲ ကြည်လင်တောက်ပတဲ့ အသားအရေကို ပိုင်ဆိုင်နိုင်ဖို့  (Photo – Korean Wedding Hairstyle Inspiration 2018)

Marry ရဲ့ သတို့သမီးလေးတို့ရေ သတို့သမီးလေးတွေ ဆိုတာ မင်္ဂလာဆောင်ခါနီး အချိန်မှာ စိတ်ဖိစီးမှုတွေ၊ ပင်ပန်းမှုတွေ မလွဲမသွေ ခံစားရတဲ့အတွက် အသားအရေနဲ့  အလှအပကို ထိခိုက်စေတဲ့ ပြဿနာတွေ အများကြီး ကြုံရပါတယ်။ မင်္ဂလာပွဲနီးမှ ဝက်ခြံတွေ ထွက်လာတွေ၊ မျက်ကွင်းတွေ ညိုလာတာ၊ ကိုယ်အလေးချိန် တက်လာတာ၊ ကိုယ်အလေးချိန် ကျသွားတာ အစရှိတဲ့ ပြဿနာပေါင်းစုံကို ကြုံရတတ်ပါတယ်။

Marry ရဲ့ သတို့သမီးလေးအတွက်တော့ မင်္ဂလာပွဲ နီးလာတဲ့အချိန်မှာ အလှအပနဲ့ ပတ်သက်တဲ့ ပြဿနာတွေ မကြုံရစေဖို့နဲ့ အစစအရာရာ ကုန်ကျစရိတ်များလှတဲ့ မင်္ဂလာပွဲ စီစဉ်နေတုန်းမှာ တတ်နိုင်သလောက် ငွေအပို မကုန်စေဖို့ အတွက် ပိုက်ဆံမကုန်စေဘဲ ဘယ်လိုနည်းလမ်းတွေနဲ့ အသားအရေ ကြည်လင်လှပသွားအောင် လုပ်လို့ရမလဲ ဆိုတဲ့  အကြံကောင်းလေးတွေ ပေးမယ်နော်။

နေ့တိုင်း ဟင်းသီး ဟင်းရွက်စားပါ

နေ့တိုင်း ဟင်းသီး ဟင်းရွက်စားပါ (Photo – Mashed)

ဟင်းသီးဟင်းရွက်တွေက အလှအပကို ထောက်ပံ့ပေးတဲ့ အစားအစာတွေရဲ့ ထိပ်ဆုံးတန်းမှာ ရှိနေတယ် ဆိုပေမယ့် အမြင်လှအောင်နဲ့ ကြီးမားအောင် ပြုပြင်မွမ်းမံထားတဲ့ ဟင်းသီးဟင်းရွက်တွေမှာတော့ သဘာဝ ကောင်းကျိုး သိပ်မရှိပါဘူး။ ဒါပေမယ့် ဓာတ်မြေသြဇာ မသုံးဘဲ သဘာဝ မြေသြဇာနဲ့သာ စိုက်ပျိုးထားတဲ့ ဟင်းသီးဟင်းရွက်တွေရဲ့  ကောင်းကျိုး အာနိသင်တွေကတော့ အံ့သြစရာ ကောင်းလောက်အောင် များပြားလှပါတယ်။ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဗီတာမင်တွေကို ဖြည့်တင်းပေးတဲ့အပြင် အမျှင်ဓာတ်ကိုလည်း ထောက်ပံ့ပေးနိုင်တာကြောင့် အလှအပ အတွက်ရော ကျန်းမာရေး အတွက်ပါ အထောက်အကူပြုနိုင်ပါတယ်။

ညတိုင်း ကောင်းမွန်စွာ အိပ်စက် အနားယူပါ

ညတိုင်း ကောင်းမွန်စွာ အိပ်စက် အနားယူပါ (Photo – Quora)

မင်္ဂလာပွဲနီးရင် သတို့သမီးလေးတွေက စိတ်တွေလှုပ်ရှားတာကြောင့်ရော၊ လုပ်စရာတွေ များတဲ့အတွက်ကြောင့်ပါ ကောင်းကောင်း မအိပ်ဖြစ်တာတွေ၊ အနားမယူ ဖြစ်တာတွေ ဖြစ်နိုင်ပါတယ်။ အိပ်စက်ချိန် မလုံလောက်ရင် ဝက်ခြံထွက်တာတွေ၊ အသားအရေ လျော့ရဲလာတာတွေနဲ့ ကျန်းမာရေး ထိခိုက်တာတွေ ဖြစ်နိုင်လို့ပါ။ Beauty Sleep လို့ တင်စားခေါ်ဝေါ်ကြတဲ့ အိပ်ချိန်အပိုင်းအခြားဖြစ်တဲ့ ည (၁၀) နာရီကနေ မနက် (၄) နာရီ အချိန်တွင်းမှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေမယ်ဆိုရင် အဲ့အချိန်တွေမှာ မအိပ်ဘဲ နေတုန်းကထက် အသားအရေက သိသိသာသာ ကြည်လင်လာမှာပါ။

 

From Marry with


Comments

0 comments
Latest video
Refer to more useful articles