Advertisement

သတို့သမီးလေးတို့ မင်္ဂလာဆောင်ခါနီး ခံစားရတာတွေကတာ့ အဆင်ပြေပါ့မလားဆိုတဲ့ စိတ်ဖိစီးမှုတွေပါပဲ။ ဒီလိုမျိုး စိတ်ဖိစီးတာတွေက သတို့သမီးတိုင်းပါပဲ။

သတို့သမီးလေးတို့ မင်္ဂလာဆောင်ခါနီး ခံစားရတာတွေကတာ့ အဆင်ပြေပါ့မလားဆိုတဲ့ စိတ်ဖိစီးမှုတွေပါပဲ။ ဒီလိုမျိုး စိတ်ဖိစီးတာတွေက တစ်ဦးတစ်ယောက်တည်းမဟုတ်ဘဲ သတို့သမီးအားလုံး နီးပါး ပါပဲ။ စိတ်ဖိစီးမှု များတာကြောင့် အလှအပကိုတောင် ထိခိုက်စေနိုင်ပါတယ်။ သတို့သမီးလောင်းလေးတို့ မင်္ဂလာပွဲ စီစဉ်ရတာတွေကြောင့် ပင်ပန်းပြီး စိတ်ဖိစီးမှု များနေတယ်ဆိုရင် လုပ်ဆောင်လို့ စိတ်ပြေလျော့စေဖို့အတွက် နည်းလမ်းလေးတွေ ဖော်ပြပေးလိုက်ပါတယ်။

စိတ်ပူပန်တာတွေလျှော့ပါ

အားလုံးအဆင်ပြေမယ်လို့ တွေးထားပါ (photo: Weddings From The Heart, Dayton, Ohio Wedding Planner)

သတို့သမီးလေးတို့အနေနဲ့ ကိုယ့်ရဲ့မင်္ဂလာပွဲကို ကောင်းစေချင်တဲ့ စိတ်ဆန္ဒတွေ များပြီး အားလုံးကို စိတ်ပူနေတာမျိုး ဖြစ်တတ်ပါတယ်။ သတို့သမီးလောင်းလေးတို့ Pre wedding ပုံရိုက်ပြီးရင်လည်း ပုံထွက်တာ လှပါ့မလား၊ ဖိတ်စာရော မှီပါ့မလား၊ဝတ်စုံရော လှပါ့မလား အစရှိသဖြင့် အားလုံးတွေးပြီး စိတ်ပူနေတာ လျှော့ပါ။ ကိုယ်ချိတ်ထားတဲ့ ဝန်ဆောင်မှုအားလုံးက ကောင်းမွန်အောင် လုပ်ပေးမှာပါလို့ ယုံကြည့်ထားပါ။

အကောင်းမြင်ပါ

သတို့သမီးလေးတို့အနေနဲ့ မင်္ဂလာပွဲ စီစဉ်တဲ့အချိန်မှာ ဆက်သွယ်ရတဲ့ မင်္ဂလာဆောင်ဝန်ဆောင်မှုပေးတဲ့ လုပ်ငန်းတွေအပေါ် အကောင်းမြင်ပါ။ တစ်ခါတလေမှာ ကိုယ်က စိတ်လောပြီး ပြောမိတာကြောင့် အဆင်မပြေတာတွေ ဆက်တိုက်ဖြစ်နိုင်ပါတယ်။ ဒါကြောင့် အကောင်းမြင်ပါ။ သတို့သမီးလေးတို့ မင်္ဂလာဆောင်ခါနီးမှာ နောက်ထပ် ကြုံရတဲ့ စိတ်ဖိစီးမှုကတော့ ကိုယ့်ရဲ့ အသားအရေ၊ ခန္ဓာကိုယ်အလေးချိန်တွေနဲ့ ပတ်သက်ပြီးတော့ပါ။ ခန္ဓာကိုယ် ပြည့်နေတယ်၊ ပိန်လွန်းနေတယ်ဆိုတဲ့ စိတ်တွေ ဖယ်ထားပါ။ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်ကိုယ်ကို အကောင်းမြင်ပါ။ ဒါဆိုရင် စိတ်ဖိစီးတာ လျှော့သွားမှာပါ။

စိတ်ပူတာတွေ လျှော့ပါ (Photo: Weddings From The Heart, Dayton, Ohio Wedding Planner)

 လေ့ကျင့်ခန်းလုပ်ပါ

သတို့သမီးလေးတို့ရေ စိတ်ဖိစီးမှု များတဲ့အခါမှာ လေ့ကျင့်ခန်း တစ်ခုခု လုပ်ပါ။ Gym မဟုတ်ရင်တောင် ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းလေးပေါ့။ ဒီလိုမျိုး လုပ်တာက သတို့သမီးလေးတို့ မင်္ဂလာပွဲနားနီးမှ ဖျားနာခြင်းမျိုးတွေကို တားဆီးပြီးသား ဖြစ်သလို ခန္ဓာကိုယ်လည်း ကိုယ်ရည်စစ် သွားမှာပါ။

ခန္ဓာကိုယ်အလေးချိန်ကြောင့်လည်း စိတ်မညစ်ပါနဲ့ (photo: Diets in Review)

အစားပုံမှန်စားပါ

သတို့သမီးလေးတို့ရေ စိတ်ဖိစီးမှုတွေ များလို့ အစားမစားဖြစ်တာ၊ အစားမစားဖြစ်တာကြောင့် ခန္ဓာကိုယ်က ပုံမှန်မဖြစ်ဘဲ စိတ်ဖိစီးမှု ဖြစ်တာတွေက တိုက်ရိုက်အချိုးကျနေတာပါ။ ဒါကြောင့် သတို့သမီးလေးတို့အနေနဲ့ စိတ်ဖိစီးမှု များနေရင်တောင် သက်သာစေဖို့ အစားပုံမှန်စားပါ။

စီစဉ်ပြီးသားတွေကြည့်ပါ

မင်္ဂလာပွဲတစ်ခု ကျင်းပတဲ့အခါ စီစဉ်ရတာတွေ အများကြီးပါ။ သတို့သမီးလေးတို့ တစ်ခုချင်း ဖြည်းဖြည်းချင်းစီ စီစဉ်ရမှာပါ။ စိတ်လောပြီး မပြီးသေးတာ၊ မစီစဉ်ရတာတွေကိုပဲ လိုက်ကြည့်နေမယ်ဆိုရင် စိတ်ညစ်ရမှာ အသေအချာပါပဲ။ ဒါကြောင့် စီစဉ်ထားပြီးသားလေးတွေကိုပဲ ကြည့်ပါ။

Tags: advicebeautyBridalwellnes

Comments

0 comments