မင်္ဂလာပွဲအမီ ဝိတ်မကျမှာ စိုးရိမ်နေတဲ့ သတို့သမီးလောင်းလေးတွေအတွက်

by: Phyo Pyae Thu
 0 comments  0 love

သတို့သမီးလောင်းလေးတို့ရေ အခု Marry က ပြောပြထားတဲ့ အချက်လေးတွေ လုပ်ဆောင်မယ်ဆိုရင် ပွဲနေ့အမီ ဝိတ်မကျမှာ စိုးရိမ်စရာ မလိုတော့ပါဘူးနော်။

သတို့သမီးလောင်းလေးတို့ရေ မင်္ဂလာဝတ်စုံဆိုတာ ခန္ဓာကိုယ်လေး ကျစ်လစ်လေ ပိုလှလေဆိုတာ သတိထားပြီးသား ဖြစ်မှာပါနော်။ သတို့သမီးလောင်းလေး တော်တော်များများလည်း မင်္ဂလာပွဲအမီ ခန္ဓာကိုယ် ဝိတ်ကျအောင် ကြိုးစားကြပါတယ်။ ဒါမှ ထိုင်မသိမ်းဖြစ်ဖြစ် အနောက်တိုင်း ဂါဝန်ပဲ ဖြစ်ဖြစ် ခန္ဓာကိုယ် ကောက်ကြောင်းလေး ပေါ်ပြီး လှနေမှာပါနော်။ မင်္ဂလာပွဲ အမီ ဝိတ်မကျမှာ စိုးရိမ်နေတဲ့ သတို့သမီးလောင်းလေးတွေအတွက် မင်္ဂလာပွဲအမီ ဝိတ်ကျအောင် Marry က ဝိတ်ကျစေမယ့် နည်းလမ်းလေး တချို့ ပြောပြမယ်နော်။

ရည်မှန်းချက် ထားပါ (photo: tweb.club)

ရည်မှန်းချက်ထားပါ

မင်္ဂလာပွဲလေးမှာ ကျစ်လစ်နဲ့ ခန္ဓာကိုယ်လေး ရချင်လိုက်တာ ဆိုရုံနဲ့တော့ မရနိုင်ပါဘူး။ ဒီလိုမျိုးဆိုရင် မင်္ဂလာပွဲ အမီ ဝိတ်မကျနိုင်ပါဘူး။ ခန္ဓာကိုယ် ကျစ်လစ်မှ ဝတ်စုံသွားရွေးမယ်ဆိုတာမျိုးလောက်အထိ ရည်မှန်းချက်ကို ထားထားပါ။ ဒီလိုမှသာ မင်္ဂလာပွဲအမီ ဝိတ်ကျ နိုင်မှာပါ။

စိတ်အားတင်းထားပါ

သတို့သမီးလောင်းလေးတို့ရေ ခန္ဓာကိုယ် အလေးချိန်ကျအောင် ကြိုးစားတယ်ဆိုတာ ထင်သလောက်တော့ မလွယ်ပါဘူးနော်။ မင်္ဂလာပွဲ အမီလို့ တွေးထားရင် ပိုပြီးတောင် စိတ်မော၊ စိတ်လောနေမှာပါ။ ဒါပေမယ့် ဖြစ်ကို ဖြစ်ရမယ်၊ လုပ်ကို လုပ်မယ်လို့ စိတ်အားတင်းထားပါ။ Gym ပုံမှန်သွားတာ၊ အစားအသောက် ထိန်းပြီး စားတာမျိုးပေါ့။ ပင်ပန်းပေမယ့် အားတင်းထားပါ။ အားလျှော့လိုက်ရင် မင်္ဂလာဝတ်စုံလေးနဲ့ မလှဘဲ နေမယ်နော်။

ဝိတ်ထိန်းဖို့ ကြိုးစားပါ (photo: tweb.club)

ဝိတ်ကျဖို့အတွက် ကြိုးစားပါ

သတို့သမီးလေးတို့ရေ Gym တော့ ပုံမှန်သွားပါရဲ့၊ ထိရောက်တဲ့ လေကျင့်ခန်း မရှိရင် မကျနိုင်ပါဘူး။ ဒီလိုဆိုရင် Gym လည်း သွားနေလျက်နဲ့ ဝိတ်မကျလို့ဆိုပြီး စိုးရိမ်စိတ်တွေ ဝင်လာမှာပါ။ ဗိုက်ဆိုဗိုက်၊ တင်ဆိုတင် ထိရောက်တဲ့ လေ့ကျင့်ခန်းကို လုပ်ပါနော်။

အဆီတက်တာတွေ မစားပါနဲ့ (photo: Donnaclick)

အစားအသောက်လည်း မှန်ပါစေ

သတို့သမီးလောင်းလေးတို့ရေ အစားအသောက် လျှော့ရမယ်ဆိုတာ မှန်ပါတယ်။ လေ့ကျင့်ခန်း လုပ်ဖို့လည်း အားရှိဖို့တော့ လိုပါတယ်။ ဒီတော့ သတို့သမီးလောင်းလေးတို့ အဆီ မတက်တဲ့ အစားအစာ၊ ခန္ဓာကိုယ် အလေးချိန်ကို ထိန်းပေးတဲ့ အစားအစာမျိုး စားသောက်ပေးဖို့ လိုပါတယ်။ ဒီလိုဆိုရင်တော့ အဆီ မကျမှာ စိုးရိမ်စရာ မရှိပါဘူးနော်။

မင်္ဂလာပွဲ မတိုင်ခင် ဝိတ်မကျမှာ စိုးရိမ်နေတဲ့ သတို့သမီးလောင်းလေးတို့ရေ အခု Marry က ပြောပြထားတဲ့ အချက်လေးတွေ လုပ်ဆောင်မယ်ဆိုရင် ပွဲနေ့အမီ ဝိတ်မကျမှာ စိုးရိမ်စရာ မလိုတော့ပါဘူးနော်။

 

 

 

 

စိတ်ကူးထဲက မင်္ဂလာပွဲလေးဖြစ်မြောက်ဖို့ သတို့သား သတို့သမီးလောင်းတို့ ကိုယ်တိုင်အပင်ပန်းခံ စီစဉ်စရာလုံးဝမလိုအောင် Marry Wedding Planner ရဲ့ပြီးပြည့်စုံလွန်းတဲ့ Wedding Package (၃) မျိုး နဲ့ မိတ်ဆက်ပေးလိုက်ပါပြီ။ ဒါကြောင့် အခုပဲ Marry ရဲ့ဖုန်း : 09 694 496 926 ကိုဆက်သွယ်ပြီး အကောင်းဆုံး Wedding Package တွေကို ရယူလိုက်တော့နော်။
From Marry with


Comments

0 comments
Latest video
Refer to more useful articles
Community
Latest wedding promotions
Keywords