သတို့သမီးလေးတွေအတွက် အရောင်မပါတဲ့ မိတ်ကပ်ပြင်ဆင်ပုံ

by: Editor
 0 comments  0 love

နှုတ်ခမ်းနီကိုလည်း အရောင်ရင့်တာ ရှောင်ပြီး အရောင်ပြေပြေလေးကို ရွေးချယ်လိုက်သလို ပါးနီကိုလည်း ပြေပြေလေးပဲ မသိသာအောင် ဆိုးလိုက်ပါ။

နှုတ်ခမ်းနီကို သဘာယ ဆန်တဲ့အရောင် ရွေးချယ်လိုက်ပါ (Photo:pinterest)

Marry ရဲ့ သတို့သမီးလေးတို့ရေ မိတ်ကပ်ပြင်တယ် ဆိုတဲ့အချိန်မှာ ဘယ်လိုပုံစံလေး ပြင်ဆင်လိုက်တာကတော့ အလိုက်ဖက်ဆုံးလဲ ဆိုတာကို အကောင်းဆုံး ရွေးချယ်နိုင်ဖို့ အရောင်မပါတဲ့မိတ်ကပ်ပြင်ဆင်ပုံနဲ့ သတို့သမီးလေး အလှကို ပြောပြပေးလိုက်ရပါတယ်။ ပုံမှန် မိတ်ကပ်ပြင်တယ် ဆိုတာကတော့ အရောင်လေး နည်းနည်းတော့ ပါ ပါတယ်။ ပါးမို့ နီနီလေးတွေ Eye shadow တွေ  နှုတ်ခမ်းနီတွေကို သုံးပြီး မိတ်ကပ်ကို အရောင်တွေနဲ့ ပြင်ဆင်ပေးပါတယ်။

ရိုးရိုးလေးနဲ့ လှနေမယ့် သတို့သမီးလေး (Photo:pinterest)

အရောင်မပါတဲ့မိတ်ကပ်

သဘာဝ အဆန်ဆုံး မိတ်ကပ်ပြင်ဆင်နည်းဆိုရင်တော့ အရောင်မပါတဲ့ မိတ်ကပ်ပြင်နည်းလို့ ဆိုရမှာပါ။ အရောင်ကိုမှ သတို့သမီးလေးရဲ့ ပင်ကိုယ်မျက်နှာမှာ ရှိတဲ့အရောင်လေးကိုပဲ ပိုပြီး သိသာအောင် ပြင်ဆင်လိုက်တဲ့ပုံလေးပဲ ဖြစ်ပါတယ်။ မိတ်ကပ်ပြင်တဲ့အခါမှာလည်း အရောင်ရင့်တာတွေ၊ အရောင်တောက်တာတွေကို ရှောင်ပြီး ပြင်ဆင်လိုက်တဲ့ပုံစံမျိုးပါ။

အချိန်တိုင်းစာ လှနေမယ့် ပုံစံလေး (Photo:pinterest)

ညက်နေတဲ့ပြင်ဆင်မှုမျိုးကို ရွေးချယ်ပါ

မိတ်ကပ်ကို အရောင်တွေနဲ့ ပြင်ဆင်လိုက်တာမျိုး မဟုတ်ဘဲ ညက်နေတဲ့ ပုံစံမျိုးလေးပဲ ရအောင် ပြင်ဆင်လိုက်တဲ့မိတ်ကပ်မျိုးပါ။ နှုတ်ခမ်းနီကိုလည်း အရောင်ရင့်တာ ရှောင်ပြီး အရောင်ပြေပြေလေးကို ရွေးချယ်လိုက်သလို ပါးနီကိုလည်း ပြေပြေလေးပဲ မသိသာအောင် ဆိုးလိုက်ပါ။ Eye shadow ကိုလည်း အရောင်တွေနဲ့ မခြယ်ဘဲ High light လေးပဲ သုံးပေးလိုက်တာမျိုးပဲ ဖြစ်ပါတယ်။

အခု Marry ပြောပြပေးထားတဲ့ ပြင်ဆင်ပုံလေးကတော့ အရောင်မပါတဲ့မိတ်ကပ်နဲ့ ညက်ညက်လေး လှနေတတ်တဲ့ ပြင်ဆင်မှုမျိုးပဲ ဖြစ်ပါတယ်။ သတို့သမီး မိတ်ကပ်ဆိုလို့ အရောင်တောက်တောက်လေးတွေနဲ့ တောက်နေတာမျိုး မဟုတ်ဘဲ ညက်ညက်လေးနဲ့ ပြင်ဆင်လိုက်လို့လည်း ယဉ်နေမယ့်အကြောင်းကို ပြောပြလိုက်ရပါတယ်။

From Marry with

Tag: beautyadvicemake upbride

Comments

0 comments
Latest video
Refer to more useful articles
Community
Latest wedding promotions
Keywords