သတို့သမီးလေးတို့ကြား ရေပန်းစားတဲ့ မိတ်ကပ်ပညာရှင်များ

by: Phyo Pyae Thu
 0 comments  0 love

သတို့သမီးလေးတို့ ကြိုက်နှစ်သက်ပြီး လိုချင်တဲ့ ပုံစံလေးတွေ ရရှိဖို့ ရွေးချယ်လိုက်နော်

သတို့သမီးလေးတို့ရေ မိတ်ကပ်ပညာရှင် ရွေးပြီဆိုရင် တခြားပြင်ဖူးတဲ့ စီနီယာ သတို့သမီးလေးတွေကို မေးပြီး ရွေးချယ်ကြတယ်မလားနော်။ လူအရင်ရွေးပြီးမှ မိတ်ကပ်အစမ်းပြင်တာမျိုး လုပ်လေ့ ရှိကြတယ်မလားနော်။ မိတ်ကပ်ပြင်ဖို့ ပညာရှင်ရွေးတဲ့အခါမှာ သတို့သမီးလေးတို့အနေနဲ့ Review ကောင်းတဲ့သူနဲ့ စီနီယာ သတို့သမီးလေးတို့ အရွေးများတဲ့ သူကိုပဲ ရွေးကြတယ်မလား၊ ဒီတော့ သတို့သမီးလေးတို့ကြားမှာ ရေပန်စားတဲ့မိတ်ကပ်ပညာရှင်တွေကို သိထားဖို့လိုပါတယ်။

ဒီဇင်ဘာနှင်း

ဒီဇင်ဘာနှင်း (photo: December’sfb)

သတို့သမီးလေးတွေကြားထဲမှာ နှစ်တွေကြာသည့်တိုင်အောင် နာမည်ကြီးနေတဲ့ မိတ်ကပ်ပညာရှင်တစ်ဦးပါ။ နန်းဆန်ပြီး ကျက်သရေ ရှိလွန်းတဲ့ မိတ်ကပ်အပြင်ဆင်နဲ့ သပ်ရပ်ပြီး လှပတဲ့ ဆံထုံးပုံစံလေး လိုချင်တဲ့ သတို့သမီးတိုင်းကတော့ ဒီဇင်ဘာနှင်းကို ရွေးချယ်ကြပါတယ်။ မြန်မာထိုင်မသိမ်းနဲ့ လိုက်ဖက်တဲ့ မိတ်ကပ်ပုံစံမျိုး ရရှိမှာ သေချာပါတယ်နော်။

မေဦး(Magic)

မေဦး(Magic) (photo:may oo’fb)

သတို့သမီးလေးတို့ ပါးပါးကြည်ကြည်လေးနဲ့ Glow ဖြစ်တဲ့ သတို့သမီး မိတ်ကပ် ပြင်ပေးတဲ့ နေရာမှာ အရမ်းတော်တဲ့ မိတ်ကပ်ပညာရှင်တစ်ဦးပါ။ အရမ်းရှေးမဆန်ဘဲ ဗိုလ်ဆန်ဆန် လှအောင်ပြင်ဆင်ပေးလေ့ ရှိပါတယ်။ ပင်ကိုယ်မျက်နှာပုံစံမပြောင်းဘဲ သဘာဝအတိုင်းလှနေစေတဲ့အပြင် မြန်မာထိုင်မသိမ်းနဲ့ရော အနောက်တိုင်းဂါဝန်နဲ့ပါ လိုက်ဖက်အောင် ပြင်ဆင်ပေးလေ့ ရှိတာကြောင့် သတို့သမီးလေးတွေ အကြိုက်များပါတယ်။

Vivian (Taiwan)

Vivian (Taiwan)

အနောက်တိုင်းဂါဝန်ဝတ်မယ့် သတို့သမီးလေး တော်တော်များများ သဘောကျတဲ့ မိတ်ကပ်ပညာရှင်တစ်ဦးကတော့ Vivian (Taiwan)ပါ။ သတို့သမီး ငယ်ငယ်လေးတွေ အရမ်းကြိုက်ကြတဲ့ မိတ်ကပ်ပညာရှင်တစ်ဦးပါ။ မိတ်ကပ်နုနုလေးနဲ့ သဘာဝကျအောင် ပြင်ပေးတဲ့အပြင် လူငယ်ပုံစံ ဆံထုံးလေးတွေနဲ့ ကျစ်ဆံမြီးလှလှလေးတွေ ထုံးဖွဲ့တဲ့အခါမှာ သေသပ်ပြီး လှပတာကြောင့် သတို့သမီးလေးတို့ အကြိုက်များပါတယ်။

သတို့သမီးလေးတို့ရေ သတို့သမီးမိတ်ကပ်ပြင်ဆင်ပေးတဲ့ ပညာရှင်တွေကို ဖော်ပြပြီးပြီဆိုတော့ သတို့သမီးလေးတို့ ကြိုက်နှစ်သက် လိုချင်တဲ့ ပုံစံလေးတွေ ရရှိဖို့ ကြိုတင်ပြီး ရွေးချယ်နော်။

From Marry with


Comments

0 comments
Latest video