သတို့သမီးလေးတို့ သီတင်းကျွတ်ပိတ်ရက်မှာ ဘာတွေပြင်ဆင်ထားရမလဲ

by: Phyo Pyae Thu
 0 comments  0 love

သတို့သမီးလေးတို့ရေ သီတင်းကျွတ် ပိတ်ရက်မှာ မင်္ဂလာပွဲအတွက် Marry က ပြောပြထားတဲ့ အချက်လေးတွေကို ပြင်ဆင်ထားနော်။ ဒါမှ ပွဲနေ့မှာ အဆင်သင့် ဖြစ်နေမှာ။

သတို့သမီးလောင်းလေးတို့ရေ သီတင်းကျွတ်မှာ မင်္ဂလာဆောင်မယ်ဆိုရင်တော့ ပွဲမတိုင်ခင်ကတည်းက ကြိုတင်ပြီး ပြင်ဆင်ထားဖို့ လိုပါတယ်နော်။ ဒါမှ သတို့သမီးလေးတို့ သီတင်းကျွတ် မင်္ဂလာဆောင်ရင် အဆင်ပြေပြေ ဖြစ်မှာပါ။ ဒီပိတ်ရက်မှာ သတို့သမီးလေးတို့ ဘယ်အချက်တွေ ပြင်ဆင်ရမလဲဆိုတာ ပြောပြမယ်နော်။

မျက်နှာ (photo: grabone.co.nz)

ဆံပင်

သတို့သမီးလေးတို့ရေ ဒီပိတ်ရက်မှာ ဆံပင်ကို သေချာ ဂရုစိုက်ဖို့လည်း လိုပါတယ်။ ဆံပင်ကို ပေါင်းတင်တာ၊ ဦးရေပြားကို သန့်ရှင်းအောင် ထားတာမျိုး လုပ်ပါ။ ဦးရေပြားမှာ မှို၊ ဗောက်တွေ ရှိရင် ယားယံတာတွေ ဖြစ်ပြီး ပွဲနေ့မှာ အခက်တွေ့နိုင်တာကြောင့်ပါ။ ဆံပင်ကို ဂရုစိုက်ပါ။

Waxing (photo: grabone.co.nz)

မျက်နှာ

သတို့သမီးလေးတို့ အဓိက ပြင်ဆင်ထားရမှာကတော့ မျက်နှာအသားအရေနော်။ မျက်နှာ အသားအရေကတော့ အထူးဂရုစိုက်ရမှာပါ။ သီတင်းကျွတ် ပိတ်ရက်မှာ မျက်နှာ ပေါင်းတင်တာ၊ ဂျေးချွတ်တာ၊ Skin care အဓိက ထားပြီး သုံးတာမျိုး လုပ်ပေးပါ။ ဒါမှ သတို့သမီးလေးတို့ရဲ့ မျက်နှာအသားအရေက ပွဲနေ့မှာ ကြည်လင် ဝင်းပနေမှာပါ။

 

လက်သည်းခြေသည်း

သတို့သမီးလေးတို့ရေ ကိုယ့်ရဲ့ မင်္ဂလာပွဲရက်က သီတင်းကျွတ်ပြီးတာနဲ့ ဆိုရင်တော့ သီတင်းကျွတ် ပိတ်ရက်ရဲ့ နောက်ဆုံးရက်လောက်မှာ လက်သည်းခြေသည်းအတွက် စပြီး ပြင်ဆင်သင့်ပါပြီနော်။ ဒါမှမဟုတ်လည်း ပိတ်ရက်မှာ လက်သည်းဒီဇိုင်းလေး သေချာ ရွေးထားတာမျိုးပေါ့။ လက်သည်းနီဆိုးတာက လက်သည်းရှည်လေ ပိုလှလေဆိုတော့ အများကြီး မညှပ်လိုက်မိဖို့လည်း သတိပြုဦးနော်။

လက်သည်းခြေသည်း (photo: grabone.co.nz)

Waxing

သီတင်းကျွတ် ပိတ်ရက်မှာ Waxing လည်း လုပ်ဖို့ မမေ့ပါနဲ့နော်။ ဂျိုင်းတစ်နေရာတင် မဟုတ်ဘဲ Bikini Waxing လို့ ခေါ်တဲ့ မိန်းမကိုယ်သန့်ရှင်းရေးကိုပါ တွဲပြီး လုပ်ဆောင်ထားပါ။ မင်္ဂလာပွဲနေ့မှာ ဂျိုင်းနေရာလေး သန့်ရှင်းဖို့ လိုသလို မင်္ဂလာဦးညအတွက်လည်း ပြင်ဆင်ထားဖို့ လိုတယ်လေနော်။

ခန္ဓာကိုယ်အသားအရေ

သတို့သမီးလေးတို့ ခန္ဓာကိုယ် အသားအရေကိုလည်း ဂရုစိုက်ထားရမှာပါ။ ဒီပိတ်ရက်မှာ နေပူထဲ သွားတာမျိုးတွေရှောင်ပြီး ကိုယ့်ရဲ့ အသားအရေ ကြည်ကြည်လင်လင်လေး ဖြစ်နေအောင် လုပ်ဆောင်ထားပါ။ ဒါမှ ပွဲနေ့မှာ ဝတ်တဲ့ ဝတ်စုံနဲ့ လိုက်ဖက်နေမှာပါ။

သတို့သမီးလေးတို့ရေ သီတင်းကျွတ် ပိတ်ရက်မှာ မင်္ဂလာပွဲအတွက် Marry က ပြောပြထားတဲ့ အချက်လေးတွေကို ပြင်ဆင်ထားနော်။ ဒါမှ ပွဲနေ့မှာ အဆင်သင့် ဖြစ်နေမှာ။

From Marry with


Comments

0 comments
Latest video
Refer to more useful articles
Community
Latest wedding promotions
Keywords