Advertisement

မင်္ဂလာပွဲမှာ သတို့သမီးလေးရဲ့ အလှဆုံး ခြေလှမ်းလေးတွေ အတွက်ကတော့ သက်တောင့်သက်သာ ဖြစ်နေတဲ့ ဖိနပ်လေး တစ်စုံတော့ လိုအပ်ပါတယ်နော်။

ဖိနပ်လေးတွေကို ရွေးချယ်တဲ့အချိန်မှာ မနိမ့်လွန်း မမြင့်လွန်းတာကို ဦးစားပေးပါ (Photo:pixabay)

မင်္ဂလာပွဲလေးတစ်ပွဲ ပြုလုပ်တဲ့အချိန်မှာ မင်္ဂလာသတို့သမီးနဲ့ သတို့သားတို့ ဆိုတာကတော့ တစ်နေရာတည်းမှာ ထိုင်နေလို့ မရတဲ့သူတွေပဲ ဖြစ်ပါတယ်။ မင်္ဂလာပွဲလေးကို တက်ရောက် အားပေးတဲ့ဧည့်သည်တော်တွေကို လိုက်လံ နှုတ်ဆက်ရတဲ့ သတို့သမီးလေးရဲ့ ခြေလှမ်းလေးတွေ အလှပဆုံး ဖြစ်နေဖို့ အတွက်ကတော့ ဘာတွေ လိုအပ်သလဲ ဆိုတာနဲ့ ဘယ်လိုမျိုးကို ရွေးချယ်ဖို့ အလိုအပ်ဆုံးလဲ ဆိုတာကို Marry က ပြောပြပေးလိုက်ရပါတယ်နော်။

မနိမ့်လွန်း မမြင့်လွန်းတာကို ဦးစားပေးပါ

ဖိနပ်လေးတွေကို ရွေးချယ်တဲ့အချိန်မှာ မနိမ့်လွန်း မမြင့်လွန်းတာကို ဦးစားပေးပါ။ နိမ့်လွန်းတာကလည်း အလှဆုံး ခြေလှမ်းလေးတွေကို စမတ်ကျကျ လှပနိုင်စေဖို့ အကောင်းဆုံး အထောက်အကူ မပေးနိုင်သလို မြင့်လွန်းတဲ့ဖိနပ်မျိုး ဆိုရင်လည်း မနားတမ်း လမ်းလျှောက်ပြီး လိုက်လံ နှုတ်ဆက်နေရမှာမို့ အကြာကြီး လမ်းမလျှောက်နိုင်တော့တာမျိုးကို ဖြစ်စေနိုင်လို့ပါ။ အကောင်းဆုံး အမြင့်ကတော့ ၂ လက်မကနေ ၂ လက်မခွဲ အမြင့်ရှိတဲ့ ဖိနပ်လေးတွေကို ရွေးချယ်လိုက်ပါနော်။

ဖိနပ်ပေါက်နေမယ် ဆိုရင်တော့ ခြေလှမ်းလေးတွေလည်း လှပနေတော့မှာ မဟုတ်ပါဘူးနော် (Photo:pixabay)

သက်တောင့်သက်သာ ဖြစ်တာကို ရွေးချယ်ပါ

ဖိနပ်ပေါက်နေမယ် ဆိုရင်တော့ ခြေလှမ်းလေးတွေလည်း လှပနေတော့မှာ မဟုတ်ပါဘူးနော်။ အလှဆုံး ခြေလှမ်းလေးတွေ အတွက်ကတော့ သက်တောင့်သက်သာ ဖြစ်နေတဲ့ ဖိနပ်လေး တစ်စုံတော့ လိုအပ်ပါတယ်။ မင်္ဂလာပွဲ အချိန် တစ်လျောက်လုံး လမ်းတွေ လျှောက်ပြီး လိုက်နှုတ်ဆက်နေရမှာ ဖြစ်တဲ့အတွက် မင်္ဂလာပွဲ မတိုင်ခင်မှာ ကိုယ်စီးမယ့် ဖိနပ်လေးတွေကို ဝတ်ပြီး ဝတ်စုံပြည့် လမ်းလျှောက် လေ့ကျင့်ကြည့်ဖို့လည်း အရေးကြီးပါတယ်။

သက်တောင့် သက်သာ ဖြစ်တာကို ရွေးချယ်ပါ (Photo:pixabay)

Marry ရဲ့ မင်္ဂလာသတို့သမီးလေးတို့ရဲ့ အလှကို ထောက်ပံ့ပေးနိုင်မယ့် ခြေလှမ်းလေးတွေ အတွက်ကတော့ ဘယ်လို ဖိနပ်မျိုးလေးကို ရွေးချယ်ရင် အကောင်းဆုံး ဖြစ်မလဲ ဆိုတာအတွက် အခု ပြောပြပေးထားတဲ့အချက်လေးတွေကို ဖတ်ကြည့်ပေးပါနော်။

Comments

0 comments