သတို့သမီးတို့ အသားအရေမထိန်းသိမ်းခင် သိထားဖို့ လိုအပ်တာတွေ

by: Nway Nway Aung
 0 comments  4 love

ကိုယ့်ရဲ့ အသားအရေမှာ မူလရှိရင်းစွဲ အစိုဓာတ်တွေ၊ နုပျိုမှုတွေကို နေဒဏ်၊ လေဒဏ်တွေနဲ့ ရာသီဥတုဒဏ်တွေကြောင့် မပျက်စီးသွားရအောင် ထိန်းသိမ်းတာဖြစ်ပါတယ်

အသားအရေမထိန်းသိမ်းခင် သိထားဖို့ လိုအပ်တာတွေ (Photo – The Singapore Women’s Weekly)

Marry ချစ်တဲ့ သတို့သမီးလောင်းလေးတို့ရေ အသားအရေကို ထိန်းသိမ်းတဲ့ Skincare ဆိုတာ အသားအရေကို ပိုပြီးလှပအောင်၊ ပိုပြီးကျန်းမာအောင် ပြုလုပ်ရတာ ဖြစ်ပေမယ့် တစ်ခါ တစ်ရံမှာ သတိမထားမိဘဲ ပြုလုပ်မိတဲ့  Skincare အမှားတွေကြောင့် အသားအရေက ပိုပြီး ထိခိုက် ပျက်စီးတာမျိုး ဖြစ်တတ်ပါတယ်။ အထူးသဖြင့် သတို့သမီးလေးတွေ အနေနဲ့ မင်္ဂလာပွဲနီးတဲ့ အချိန်မှာ အလှအပကို ထိခိုက်စေတဲ့ ဘယ်လို အမှားမျိုးကိုမှ မမှားမိအောင် သတိထားဖို့ လိုပါတယ်။ ဒါကြောင့် သတို့သမီးလေးတို့ အနေနဲ့ အသားအရေ ထိန်းသိမ်းမှု မလုပ်ခင် ဘယ်လို အကြောင်းအရာတွေကို သိထားသင့်သလဲ ဆိုတာ Marry က ပြောပြပေးချင်ပါတယ်။

အသားအရေ ထိန်းသိမ်းခြင်း အဆင့်တွေ

အသားအရေ ထိန်းသိမ်းခြင်း အဆင့်တွေ (Photo – Shutterstock)

အသားအရေ ထိန်းသိမ်းခြင်း အဆင့်တွေ မှာ ထိန်းသိမ်းခြင်း၊ ကာကွယ်ခြင်း၊ ကုသခြင်း ဆိုတဲ့ အဆင့် သုံးဆင့်ရှိပါတယ်။ ထိန်းသိမ်းခြင်းကတော့ ကိုယ့်ရဲ့ အသားအရေမှာ မူလရှိရင်းစွဲ အစိုဓာတ်တွေ၊ နုပျိုမှုတွေကို နေဒဏ်၊ လေဒဏ်တွေနဲ့ ရာသီဥတုဒဏ်တွေကြောင့် မပျက်စီးသွားရအောင် ထိန်းသိမ်းတာဖြစ်ပါတယ်။ ကာကွယ်ခြင်း အဆင့်မှာတော့  နောက် ဖြစ်လာနိုင်တဲ့ အရေးကြောင်းတွေ၊ နေလောင်ဒဏ်တွေကြောင့် အသားအရေ ဆိုးဆိုးဝါးဝါး မပျက်စီးရအောင် ကြိုတင် ကာကွယ်ထားတာပါ။ ကုသခြင်း ကတော့ ကိုယ့်အသားအရေမှာ ရှိနှင့်ပြီးသား ဖြစ်တဲ့ အမာရွတ်တွေ၊ အမဲစက်တွေ၊ ဝက်ခြံတွေကို ပျောက်ကင်းသွားအောင် ကုသခြင်းပဲ ဖြစ်ပါတယ်။

မင်္ဂလာပွဲနီးမှ မလုပ်သင့်တဲ့ ကုသမှုတွေ

မင်္ဂလာပွဲနီးမှ မလုပ်သင့်တဲ့ ကုသမှုတွေ (Photo – Spacio Beauty)

သတို့သမီးလောင်းလေးတွေအနေနဲ့ ပိုပြီး သတိပြုရမှာက မင်္ဂလာပွဲ နီးနေချိန်မှာ ကုသမှုတွေ မလုပ်မိအောင်ပါ။ ဘာကြောင့်လဲဆိုတော့ ကုသမှုတွေဟာ အများအားဖြင့် လေဆာရောင်ခြည်တွေ၊ အရေပြားအတွက် သုံးတဲ့ အက်စစ် အပျော့စား စတာတွေကို သုံးပြီး ကုသရတဲ့အတွက် ကုသမှုရဲ့ ဘေးထွက်ဆိုးကျိုးနဲ့ သက်ရောက်မှုတွေရှိနေပါတယ်။ အဲ့ဒါတွေကို ပုံမှန်ပြန်ဖြစ်သွားစေဖို့အတွက် အချိန်အတိုင်းအတာ တစ်ခု လိုအပ်ပါတယ်။ ဒါကြောင့် မင်္ဂလာပွဲရက် နီးနေတဲ့ အချိန်မျိုးမှာ ကုသမှုတွေကို မလုပ်သင့်တာပါ။ ကုသဖို့ စိတ်ကူးရှိတယ် ဆိုရင်တော့ မင်္ဂလာပွဲ မတိုင်ခင် အချိန် ခြောက်လလောက် အလိုကတည်းက ကုသမှုကို ကြိုတင်ခံယူထားဖို့ အကြံပေးချင်ပါတယ်။

From Marry with

Tag: beautyadvicebrideskincare

Comments

0 comments
Latest video
Refer to more useful articles