Advertisement

မင်္ဂလာဆောင်ပွဲကြီးနီးရင် အဓိက ပစ္စည်းတွေအပြင် တခြားဘယ်လိုပစ္စည်းတွေ အဆင်သင့်ဖြစ်နေရမလဲဆိုတာ သိထားဖို့ လိုတယ်နော်။ တဖြည်းဖြည်းချင်းစုထားနော်

စုံတွဲလေးတို့ရေ မင်္ဂလာဆောင်ပွဲကြီး တစ်ပွဲဖြစ်ဖို့ စီစဉ်ရတာ မလွယ်ပါဘူး။ မင်္ဂလာဆောင်ပွဲကြီး နီးပြီဆိုရင်လည်း မင်္ဂလာဆောင်မယ့် ပါဝင်မယ့် ပစ္စည်းတွေက အဆင်သင့်ဖြစ်နေဖို့ လိုပါတယ်။ မင်္ဂလာဆောင်ပွဲကြီးနီးရင် အဓိက ပစ္စည်းတွေအပြင် တခြားဘယ်လိုပစ္စည်းတွေ အဆင်သင့်ဖြစ်နေရမလဲဆိုတာ သိထားဖို့ လိုတယ်နော်။ တဖြည်းဖြည်းချင်းစုထားနော်။

လက်စွပ်

စုံတွဲလေးတို့ရေ မင်္ဂလာဆောင်ဖို့ နီးပြီဆိုရင်တော့ လက်စွပ်က အဆင်သင့် ဖြစ်ဖို့ လိုပါပြီ။ မင်္ဂလာလက်ထပ်လက်စွပ် အပ်ထားတယ်ဆိုရင် လက်ထဲရောက်ဖို့ လိုပါတယ်နော်။ နောက်ပြီး လက်စွပ် စင်မြန်းပေးမယ့် လူကြီးဆီကိုလည်း အကြောင်းကြားထားပြီးသား ဖြစ်ရပါမယ်နော်။

လက်စွပ် (photo: www.pinterest.com/)

 မင်္ဂလာပွဲမှာ စီးမယ့်ဖိနပ်

သတို့သားလောင်းရော သတို့သမီးလောင်းပါ မင်္ဂလာပွဲမှာ စီးမယ့်ဖိနပ်ကို ကြိုတင် စီးထားဖို့ လိုပါတယ်။ ဘယ် Brand ပဲ ဖြစ်ဖြစ် ဖိနပ်ပေါက်တာမျိုး၊ အခန့်မသင့်လို့ ခြေထောက်နာတာမျိုး ဖြစ်နိုင်တာ သတိပြုပါ။ အိမ်နားပတ်ဝန်းကျင်မှာ စီးကြည့်ပါ။ သတို့သားလည်း အစမ်းစီးဖို့ လိုတယ်နော်။ ဒါမှ ပွဲနေ့မှာ ဖိနပ်ကြောင့် စိတ်မညစ်ရမှာ။

မင်္ဂလာပွဲမှာ စီးမယ့်ဖိနပ် (photo: www.pinterest.com/)

ကလပ်ဗန်းတွေ

စုံတွဲလေးတို့ မင်္ဂလာပွဲထွက်မယ်ဆိုရင် ပန်းခြင်း၊ လက်စွပ်ထည့်မယ့် ကလပ်၊ စံပယ်ပန်းကုံး ထည့်မယ့် ကလပ်ဗန်းတွေ အဆင်သင့် ဖြစ်ဖို့ လိုပါတယ်။ ဝယ်တာ၊ ငှားတာတွေနဲ့ ပတ်သက်ပြီး သေချာစီစဉ်ထားပါ။

ပြန်ကမ်းနဲ့ လက်ဖွဲ့ခုံအတွက်

မင်္ဂလာပွဲနီးပြီဆိုရင် ပြန်ကမ်းတွေ အဆင်သင့်ဖြစ်ဖို့ လိုပါပြီ။ နောက်တစ်ခုကတော့ လက်ဖွဲ့ခုံမှာ ဘယ်သူထိုင်မလဲဆိုတဲ့ အကြောင်းပါ။ လက်ဖွဲ့ခုံဆိုတာကလည်း အရေးကြီးတာမို့ ထိုင်မယ့်သူ သေချာရွေးထားဖို့ လိုပါတယ်နော်။ ထိုင်ခုံမှာ တောက်လျှောက်ထိုင်နေနိုင်တဲ့သူမျိုးပေါ့။

ပြန်ကမ်းနဲ့ လက်ဖွဲ့ခုံအတွက်(photo: www.pinterest.com/)

 

Accessories တွေ

စုံတွဲလေးတို့ မင်္ဂလာပွဲနေ့မှာ လိုအပ်လောက်တဲ့ Accessories တွေ အဆင်သင့် ဖြစ်နေပါစေ။ အပ်နဲ့ အပ်ချည်၊ သောက်နေကျ ဆေးတွေ၊ ပန်မယ့်ပန်း၊ ဆံပင်အတွက် Accessories လေးတွေလည်း အသင့်ပြင်ထားပါနော်။ ဒါမှ ပွဲနေ့မှာ ဘာမှမကျန်မှာပါ။

စုံတွဲလေးတို့ရေ မင်္ဂလာပွဲနေ့အတွက် ပြင်ဆင်ထားရမယ့် ပစ္စည်းတွေနော်။

Comments

0 comments