သတို့သမီးလေးတို့ Skincare လုပ်မယ်ဆိုရင်

by: Nway Nway Aung
 1 comments  0 love

နေ့ချင်းညချင်း ကိုပဲ သိသိသာသာ အာနိသင်ပြတာမျိုးဆိုရင်တော့ ပြင်းထန်လွန်းတဲ့ ဓာတုပစ္စည်းတွေ ပါဝင်နေနိုင်တာမို့ မသုံးသင့်ပါဘူး

သတို့သမီးလေးတို့ Skincare လုပ်မယ်ဆိုရင် (Photo – Her World)

Marry ရဲ့ သတို့သမီးလေးတို့ရေ အလှအပအတွက် အသားအရေ ထိန်းသိမ်းမှုတွေ လုပ်တာတို့၊  Skincare ပစ္စည်းတွေ သုံးတာတို့ လုပ်တဲ့အခါ တစ်ခါတစ်လေမှာ ကိုယ်သုံးတဲ့ ပစ္စည်းတွေရဲ့ ကောင်းကျိုးအာနိသင်ကို ထိထိရောက်ရောက် မခံစားရတာမျိုးရှိတတ်ပါတယ်။ လုပ်တော့လုပ်နေတာပဲ အသားအရေက ထူးခြားပြီး ကောင်းမလာဘူးဆိုတဲ့ စကားက Skincare လုပ်နေတဲ့ မိန်းကလေးတွေ အများစုဆီက ကြားရတဲ့ စကားပါပဲ။

သတို့သမီးလေးတို့ အနေနဲ့ မင်္ဂလာပွဲအတွက် ကြိုတင်ပြင်ဆင်ရမယ့် အရာတွေထဲမှာ အသားအရေ လှပအောင် ပြင်ဆင်ထိန်းသိမ်းဖို့ကလည်း အရေးကြီးတဲ့ အရာတစ်ခုအနေနဲ့ ပါဝင်တာပါ။ သတို့သမီးလေးတို့ အနေနဲ့ ကတော့ မင်္ဂလာပွဲ မတိုင်ခင် အသားအရေ ကောင်းမွန်လှပအောင် ကြိုတင်ပြင်ဆင်တဲ့အခါမှာတော့ သိသာထင်ရှားတဲ့ ကောင်းကျိုးရလဒ်တွေ ရရှိဖို့ အရေးကြီးပါတယ်။ ကိုယ်လုပ်ထားသမျှ Skincare တွေ အလဟဿ  မဖြစ်ဖို့အတွက် Skincare လုပ်တဲ့အခါ ဘာကို သတိထားရမလဲဆိုတာ Marry က ပြောပြပေးချင်ပါတယ်။

ကြိုတင် အချိန်ယူပါ

Skincare ကတော့ သိသာထင်ရှားတဲ့ ပြောင်းလဲမှုကို တွေ့ရဖို့ အနည်းဆုံး အချိန်တစ်လလောက် လိုအပ်ပါတယ် (Photo – skincare. bridal)

Skincare က Makeup နဲ့ မတူပါဘူး။ မိတ်ကပ်က လိမ်းလိုက်တာနဲ့ ရုပ်ပြောင်းသွားတယ် ဆိုပေမယ့် Skincare ကတော့ သိသာထင်ရှားတဲ့ ပြောင်းလဲမှုကို တွေ့ရဖို့ အနည်းဆုံး အချိန်တစ်လလောက် လိုအပ်ပါတယ်။ အကျိုးထိရောက်မှု မြန်ဆန်တယ်ဆိုတဲ့ Skincare တွေတောင်မှ အနည်းဆုံး အချိန်နှစ်ပတ် (၁၄) ရက်လောက်ကြာမှ ပြောင်းလဲမှုကို ပြနိုင်တာပါ။ အဲ့လို မဟုတ်ဘဲ နေ့ချင်းညချင်း အာနိသင်ပြတာမျိုးဆိုရင်တော့ ပြင်းထန်လွန်းတဲ့ ဓာတုပစ္စည်းတွေ ပါဝင်နေနိုင်တာမို့ မသုံးသင့်ပါဘူး။ အသားအရေအတွက် ဘေးဥပါဒ် မဖြစ်စေတဲ့ Skincare တွေကတော့ ရလဒ်တစ်ခုရဖို့ အတွက် အချိန်ယူရတာမို့ သတို့သမီးလေးတို့က မင်္ဂလာပွဲ မတိုင်ခင် ငါးလ၊ ခြောက်လ အလိုကတည်းက စတင်ရမှာပါ။

From Marry with

Tag: beautyadvicebrideskincare

Comments

0 comments
Latest video