သတို့သမီးလေးဖြစ်ဖို့ (၇) ရက်အလိုမှာ ဘာတွေလုပ်မလဲ

by: Phyo Pyae Thu
 0 comments  11 love

 ပြောပြထားတဲ့အချက်လေးတွေ မမေ့ပါနဲ့နော်။ ဒါမှ လှနေမှာနော်။

မင်္ဂလာပွဲတစ်ပွဲ စီစဉ်ရတာ စိတ်ရော ကိုယ်ပါ ပင်ပန်းပါတယ်။ စိတ်ရော ကိုယ်ပါ ပင်ပန်းတဲ့အတွက် သတို့သမီးလေးတို့ အလှအပကို ဂရုမစိုက်နိုင် ဖြစ်နေနိုင်ပါတယ်။ တကယ်တော့ နောက်(၇) ရက်ဆိုရင် ကြီးကျယ်ခမ်းနားလှတဲ့ မင်္ဂလာပွဲခန်းမကြီးထဲမှာ အလှဆုံး သတို့သမီးလေးတစ်ဦး ဖြစ်နေတော့မှာပါ။ ဒီတော့ နောက်(၇) ရက်မှာ အလှဆုံး ဖြစ်နေဖို့ ကြိုတင်လုပ်ဆောင်သင့်တာတွေ ရှိပါတယ်။

သတို့သမီးလေး လှနေစေဖို့ (Photo: wiseGEEK)

လုပ်ဆောင်သင့်တဲ့အချက်တွေ

သတို့သမီးလေးတို့ရေ မင်္ဂလာမဆောင်ခင် တပတ်အလိုလောက်မှာ လုပ်ဆောင်ရမယ့် အချက်ကတော့ စိတ်ဖိစီးမှုတွေ လျှော့ချထားဖို့ပါပဲ။ စိတ်ဖိစီးမှုတွေ များနေမယ်ဆိုရင် တပတ်လောက်အလိုမှ ဝက်ခြံတွေ ထွက်လာတာမျိုး၊ အနီရောင် အစက်အပြောက်တွေ ဖြစ်လာတာမျိုး ဖြစ်နိုင်တာကြောင့်ပါ။

အိပ်ရေးဝဝ အိပ်ပါ

သတို့သမီးလောင်းလေးတို့ရေ တပတ်လောက် အလိုမှာတော့ စိတ်ကို လျှော့ချလိုက်ပါ။ အဆင်ပြေမယ်လို့ပဲ တွေးထားပါ။ အတတ်နိုင်ဆုံး အိပ်ရေးဝဝ အိပ်ပါ။ ဒါမှ မင်္ဂလာပွဲနေ့မှာ အဆင်ပြေမှာပါ။

ရေများများ သောက်ပါ

သတို့သမီးလောင်းလေးတို့ ရေသောက်ဖို့ လုံးဝ မမေ့ပါနဲ့နော်။ ဒီအချက်က အရေးကြီးပါတယ်။ ရေဓါတ် များများ ရတဲ့ မျက်နှာအသားအရေက Glow မိတ်ကပ်ဖြစ်စေတယ်ဆိုတာ သတိရပါ။

ကျန်းမာအောင် နေပါ (photo: Thanyapura)

လက်သည်းခြေသည်း

ဒီလို တပတ်လောက်အလိုမှာ လက်သည်းခြေသည်း အလှဆင်တာတွေ လုပ်လို့ ရပါပြီ။ အတုကပ်မှာလား၊ အစစ်ကို လှအောင် ဆိုးမှာလား၊ ရွေးချယ်ပါ။ လက်သည်းအတု ကပ်မယ်ဆိုရင် Brand ကောင်းကောင်းလေး သုံးပါ။

ဝန်ဆောင်မှုတွေ ပြန်စစ်ပါ

(၇) ရက်လောက် အလိုမှာတော့ ဖြည်းဖြည်းချင်း ဝန်ဆောင်မှု ပေးမယ့် လုပ်ငန်းတွေဆီကို ပြန်စစ်ပါ။ လက်ကျန်ငွေ အပြီးသတ်ပေးရမယ့် ဘောင်ချာ စာရွက်တွေ သေချာ စုစည်းထားပါ။ ဒါမှ ပွဲနေ့မှာ ပျာယာမခတ်ဘဲ လှနေမှာပါ။ မဟုတ်ရင် အဲဒီကိစ္စတွေကို စိတ်ပူနေရပါလိမ့်မယ်။

မလုပ်သင့်တဲ့အချက်

deep cleansing ကိုပွဲနားကပ်မှ မလုပ်ပါနဲ့ (photo: Thanyapura)

Deep Cleansing

သတို့သမီးလောင်းလေးတို့ရေ မျက်နှာကို စမ်းသပ်တာတွေ၊ ကလိတာတွေ ရပ်လိုက်ပါနော်။ Deep Cleansing လုပ်တာတွေ လျှော့လိုက်ပါ။ Deep Cleansing လုပ်တဲ့အခါမှာ ချွေးပေါက်ကျယ်လာတတ်ပါတယ်။ ချွေးပေါက်ကျဉ်းအောင် အချိန်မီ ပြန်မလုပ်နိုင်ဘူးဆိုရင် မင်္ဂလာပွဲနေ့မှာ ချွေးပေါက်ကျယ်တာကြောင့် ချွေးထွက်တာတွေ ဖြစ်ပြီး မိတ်ကပ်ကွက်တာတွေ ဖြစ်လာနိုင်ပါတယ်။ ဒါကို သတိပြုရပါမယ်နော်။

သတို့သမီးလောင်းလေးတို့ရေ မင်္ဂလာပွဲရောက်ဖို့ (၇) ရက်လောက်ပဲလိုတော့တယ်ဆိုရင် Marry က ပြောပြထားတဲ့အချက်လေးတွေ မမေ့ပါနဲ့နော်။

From Marry with


Comments

0 comments
Latest video
Refer to more useful articles
Community
Latest wedding promotions
Keywords