ခေတ်စားနေတဲ့ Glow make-up look လေးအကြောင်း ပြောပြထားတဲ့ ဒီဇင်ဘာနှင်း

by: Khin Nyein Lwin
 0 comments  0 love

သတို့သမီးလေးတွေအတွက် သိကိုသိထားသင့်တဲ့ မိတ်ကပ်ပုံစံအကြောင်းကို မိတ်ကပ် ဒီဇင်ဘာနှင်းမှ ပြောပြပေးထားတာ ဖြစ်ပါတယ်

သတို့သမီးတိုင်းကို လှပစေဖို့ဆိုတာ အလှပြင်​ပေးသူ​တွေသာဘယ်​ပုံစံက အလိုက်​ဖက်​ဆုံး၊ အဆင်​​ပြေဆုံးနဲ့ကျက်​သ​ရေရှိမလည်းဆိုတာ အသိဆုံးနဲ့ ကိုယ်လိမ်းလိုက်တဲ့ သတို့သမီးကို လှ​နေ​အောင်​ပဲဖန်​တီး​ပေးချင်​ကြတာပါ။ ဒါကြောင့် ကိုယ်​ကျွမ်းကျင်​ရာအလိမ္မာမို့
သတို့သမီးအားလုံးလည်း သတိပြု​စေချင်​ပါတယ်​။ ဒါကြောင့် မင်္ဂလာဆောင်တော့မယ့် သတို့သမီးလေးတွေအတွက် သိကိုသိထားသင့်တဲ့ မိတ်ကပ်ပုံစံအကြောင်းကို မိတ်ကပ် ဒီဇင်ဘာနှင်းမှ သတို့သမီးလေးတွေအတွက် ဝေမျှထားတာကို Marry မှ ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

အားလုံးပဲ မင်္ဂလာပါ။ ကျွန်တော်ကတော့မိတ်ကပ်ဒီဇင်ဘာနှင်းပါ။ သတို့သမီးလေးတွေအတွက် အခုခေတ်စားနေတဲ့ Glow make-up look လေးအကြောင်းကို မိတ်ဆွေ မိတ်ကပ်ဆရာများနဲ့ ကျွန်တော့် တပည့်တွေအတွက် ဆွေးနွေး အကြံပြုချက် လေးလုပ်ချင်ပါတယ်…

Glow make-up look ဆိုတာmake up ပါးပါးကြည်ကြည်လေးနဲ့ ပေါင်ဒါ မအုပ်ပဲပြောင်ပြောင်လေး ဖြစ်နေတဲ့ look မျိုးလေးပါ။ ဒါပေမဲ့ glow make up Look ကလူတိုင်းနဲ့ မလိုက်သလို အသားအရေတိုင်းနဲ့လဲ အဆင်မပြေနိုင်ပါဘူး။  ကျွန်တော်တို့ make up လိမ်းတဲ့အခါမှာ အကြောင်းအရာ အဝတ်အစား နေရာထိုင်ခင်း နဲ့ အေးလား ပူလားပေါ် မူတည်ပီးတော့ ကျွန်တော်တို့ရဲ့ make up look လေးတွေကို
Change ကြရတာပါ ဥပမာအားဖြင့်သတို့သမီး မိတ်ကပ်နှင့် အငြိမ့်မင်းသမီးမိတ်ကပ် ပုံစံဟာ လုံးဝမတူညီပါဘူး သတို့သမီးမိတ်ကပ်ကယဉ်ပီး လှနေဖို့ လိုအပ်ပေမဲ့ အငြိမ့်မင်းသမီး မိတ်ကပ်ကတော့ ချွေးစိုခံပြီးတော့ မီးရောင်တွေအောက်မှာ ပေါ်လွင်အောင်လို့ ထင်ရှားတဲ့အရောင်တွေသုံးရပါတယ် ….

အဲ့ဒီလိုပဲglow look ကတော့နေရာတိုင်းမှာ အသုံးပြုလို့မရသလို အထူးသဖြင့် အသားအရေ မကောင်းတဲ့သူ မျက်နှာအဆီပြန်တတ်တဲ့သူနဲ့ မျက်နှာဝိုင်းပြီးတအားကြီးတဲ့သူ များအတွက်လိမ်းရန်မသင့်တော်ပါ။ ဖက်ရှင်ကဏ္ဏတွေ ရိုက်ကူးရေးတွေမှာ model တွေ လိမ်းတဲ့အခါမှာ အဆင်ပြေနိုင်ပါတယ် glow make up လိမ်းပီး photo ရိုက်တဲ့နေရာမှာ အလင်းအမှောင် Lighting ကလဲ အရေးကြီးပါတယ် lighting ပေးတာမှားခဲ့မယ်ဆိုရင် မျက်နှာကြီးကအဆီပြန်သလိုဖြစ်နေပါလိမ့်မယ် တစ်ချို့က ဒီမိတ်ကပ် look ကိုနားမလည်ပဲ ဒီmake up ကြီးက အဆီပြန်နေတယ်လို့ ပြောတတ်ပါတယ်။ အဓိကကျွန်တော်ပြောပြချင်တာက သတို့သမီးတိုင်းကဒီ make up look နဲ့မလိုက်သလို သတို့သမီးတိုင်းကို ဒီmake up look မလိမ်းသင့်ပါ air con မနိုင်တဲ့နေရာတွေနဲ့ out door ခန်းမတွေမှာဆိုရင်ရှောင်သင့်ပါတယ်။ ……

 

 

Photo : Wunna khwar Neee
Florist : Mommy Kyaw 
Dress :  Fashion Euphoria 
Planner : Signature

 Makeup December Hnin Facebook Page မှတစ်ဆင့် ပြန်လည်ဖော်ပြပေးပါသည်။
From Marry with


Comments

0 comments
Latest video