Advertisement

သတို့သမီးလေးတို့ ဝတ်စုံရွေးဖို့ သွားတဲ့အချိန်မှာ ဖက်ရှင်ကြည့်တတ်တဲ့ တစ်ယောက်ယောက်ကို ကိုယ်နဲ့ အတူ တစ်ပါးတည်း ခေါ်သွားပါနော်။ 

မင်္ဂလာဝတ်စုံကို ရွေးချယ်မယ် ဆိုရင်တော့ (photo:pixabay)

မင်္ဂလာပွဲလေး တစ်ပွဲရဲ့ ပင်တိုင်မင်းသမီးလေးက အလှဆုံး ဖြစ်နေစေဖို့ အတွက်ကတော့ ပြင်ဆင်တဲ့အချိန်မှာ လိုအပ်ချက် မရှိရလေအောင် သေချာ ပြင်ဆင်ပေးရမှာပဲ ဖြစ်ပါတယ်။အခုတစ်ခါ ပြောပြပေးချင်တာကတော့ ဝတ်စုံရွေးချယ်တဲ့အချိန်မှာ လိုအပ်တဲ့အရာတွေ အကြောင်းပဲ ဖြစ်ပါတယ်။

ဖက်ရှင်ကြည့်တတ်တဲ့သူကို ခေါ်သွားပါ

တချို့သူတွေက ဖက်ရှင် အမြင်ရှိပါတယ်။ အမြင်ရှိတဲ့အတွက် ဝတ်စုံရွေးချယ်တဲ့အချိန်မှာ လိုက်ဖက်မှု ရှိ မရှိကို အကောင်းဆုံး ရွေးချယ်ပေးနိုင်ဖို့ အကူအညီကောင်းတွေ အများကြီး ရရှိနိုင်မှာပဲ ဖြစ်ပါတယ်။ ဆိုင်တွေမှာက သတို့သမီးလေးတို့နဲ့ လိုက်ဖက်မယ့်ဝတ်စုံကို ရွေးချယ်ပေးနိုင်မယ့်သူတွေ ရှိ မရှိ မသေချာတဲ့အတွက် သတို့သမီးလေးတို့ ဝတ်စုံရွေးဖို့ သွားတဲ့အချိန်မှာ ဖက်ရှင်ကြည့်တတ်တဲ့ တစ်ယောက်ယောက်ကို ကိုယ်နဲ့ အတူ တစ်ပါတည်း ခေါ်သွားပါနော်။

အလိုက်ဖက်ဆုံးဝတ်စုံကို ရွေးချယ်မယ် (photo:pixabay)

စမ်းကြည့်ဖို့ ဝန်မလေးပါနဲ့

ရွေးလွန်းရင် မရ သေးလွန်းရင် မလှ ဆိုတာကိုလည်း သတိရပေးနော်။ ရွေးပါ။ ဝတ်စုံတွေ အများကြီး အထဲက ကိုယ်နဲ့ လိုက်ဖက်မယ့်ဝတ်စုံကို ရရှိနိုင်ဖို့ အများကြီး ရွေးချယ်ပါ။ ဒါမယ့် အလွန့်အကြူးတော့ မရွေးပါနဲ့နော်။ တချို့ သတို့သမီးလေးတွေက သိပ်စိတ်ရှုပ်မခံချင်တဲ့အကျင့်ကြောင့် ဝတ်စုံတွေ တစ်စုံပြီး တစ်စုံ ဝတ်ကြည့်ရမှာကို မလုပ်ချင်ပါဘူး။ ဒါပေမယ့် အနည်းဆုံး (၁၀)စုံတော့ စမ်းဝတ်ကြည့်ပေးဖို့ လိုပါတယ်။ ဒါမှ အလိုက်ဖက်ဆုံးဝတ်စုံကို ရွေးချယ်နိုင်မှာပဲ ဖြစ်ပါတယ်။ ဝတ်စုံဆိုတာကတော့ သူ့ချည်းလှပြီး ဝတ်လိုက်ရင် မလိုက်ဖက်တာမျိုး၊ ဝတ်စုံချည်းပဲ ဆိုရင် သိပ်မလှပေမယ့် ဝတ်လိုက်မှ လိုက်ဖက်မှု အပြည့်ရှိနေတာမျိုးလည်း ရှိတဲ့အတွက်ပါ။

သတို့သားကို တိုင်ပင်ပါ

မင်္ဂလာပွဲက သတို့သမီးလေး စိတ်ကြိုက် စီစဉ်တဲ့ပွဲဆိုပေမယ့် သတို့သားလေးရဲ့ အကြံပြုချက်လေးတွေလည်း လိုကို လိုအပ်ပါတယ်နော်။ မင်္ဂလာဝတ်စုံ ရွေးချယ်တဲ့အချိန်မှာ သတို့သားလေးကိုလည်း တိုင်ပင်ပါ။ ဒီအရောင်လေးနဲ့ လိုက်ရဲ့လား လှရဲ့လား၊ သူရော ဒီအရောင် ဝတ်ချင်လားဆိုတာမျိုး တိုင်ပင်ဆွေးနွေးပါနော်။ မင်္ဂလာဝတ်စုံ ရွေးတဲ့အချိန်မှာ သတို့သားလေးပါ ခေါ်သွားပါနော်။

Marry ရဲ့ သတို့သမီးလေးတို့ မင်္ဂလာပွဲလေးမှာ သတို့သမီးလေးတို့နဲ့ အလိုက်ဖက်ဆုံးဝတ်စုံကို ရွေးချယ်နိုင်ဖို့ Marry က ပြောပြပေးလိုက်ရပါတယ်။

Comments

0 comments