Advertisement

ကုန်ကျစရိတ်လည်း မများချင်ဘူး၊ အသစ်စက်စက် အပိုင်လေးလည်း လိုချင်တယ်ဆိုရင်တော့ ဒီလိုမျိုး(၂) သိန်းကျော် ဝန်းကျင် ဝတ်စုံလေးတွေကို ရွေးချယ်လို့ ရပါတယ်နော်။

သတို့သမီးလောင်းလေးတို့ရေ မင်္ဂလာဝတ်စုံကို ကုန်ကျစရိတ်လည်း မများချင်ဘူး၊ အသစ်စက်စက် အပိုင်လေးလည်း လိုချင်တယ်ဆိုရင်တော့ ဒီလိုမျိုး(၂) သိန်းကျော် ဝန်းကျင် ဝတ်စုံလေးတွေကို ရွေးချယ်လို့ ရပါတယ်နော်။ မင်္ဂလာညစာစားပွဲမှာပဲ ဖြစ်ဖြစ်၊ ပွဲထွက်တာပဲဖြစ်ဖြစ် ဝတ်လို့လှမယ့် ဝတ်စုံလေးတွေပါနော်။

အဖြူရောင်အနောက်တိုင်းဂါဝန်

(၁) သိန်းဝန်းကျင်

သတို့သမီးလေးတို့ရေ အဖြူရောင်ဂါဝန်လေးနဲ့ မင်္ဂလာဆောင်ချင်တာ အိမ်မက်တွေထဲက တစ်ခုပဲ မဟုတ်လားနော်။ ဒီလို အိမ်မက်ကို အကောင်အထည်ဖော်ပြီး တသက်တာ အပိုင်သိမ်းနိုင်ဖို့အတွက် ဂါဝန်တော့ သိမ်းထားဖို့ လိုတာပေါ့။ ကုန်ကျစရိတ်ကတော့ (၁) သိန်းဝန်းကျင် ဖြစ်ပါတယ်။ ဇာနှစ်ဖက်အပြင် ဂါဝန်အောက်ပိုင်းမှာ နွယ်ခက်လေးတွေ ပါဝင်မှာမို့ လူငယ်ဆန်တဲ့ ပုံစံဖြစ်ပါတယ်။

အထပ်လွှာဂါဝန်

(၂) သိန်း (၆) သောင်းဝန်းကျင်

မင်္ဂလာညစာစားပွဲနဲ့ လိုက်ဖက်တဲ့ အနောက်တိုင်းဂါဝန် ပုံစံမျိုးပါနော်။ အရောင်လွင်လွင်လေးနဲ့ နှင်းဆီလွှာလို အထပ်လေးတွေ လုပ်ထားတာက တကယ့်ကို ခေတ်မီစေတဲ့ ဒီဇိုင်းဖြစ်တဲ့အပြင် ရင်ပြတ်ဒီဇိုင်းလေးမို့ သတို့သမီးလေးတို့ အကြိုက်များမှာ သေချာပါတယ်။ ဒီဝတ်စုံလေးရဲ့ ဈေးနှုန်းလေးကတော့ (၂) သိန်း (၆) သောင်းဝန်းကျင်ပါ။ သတို့သမီးလေးတို့အတွက် တကယ့်ကို အဆင်ပြေစေမယ့် ဈေးနှုန်းပါပဲနော်။ ပွဲနေ့ မဝတ်ချင်ဘူးဆိုရင် Pre wedding အတွက်လည်း ရွေးချယ်လို့ ရပါတယ်နော်။

ရေသူမဝတ်စုံပုံစံ

 

၁သိန်း၃သောင်း ဝန်းကျင်

သတို့သမီးလေးတို့ရေ ရေသူမပုံစံလေး ဝတ်ချင်တယ်ဆိုရင်တော့ ဒါမျိုး ဒီဇိုင်းလေး ရွေးလို့ ရပါတယ်နော်။ ဇာအနားလေးတွေနဲ့ ရိုးစင်းပြီး လှနေမယ့်အပြင် ခန္ဓာကိုယ်ရဲ့ ကောက်ကြောင်းအလှလေးလည်း ပေါ်လွင်နေမှာပါ။ ရင်ဘတ်လည်း အရမ်းမဟိုက်ဘဲ ဇာအပါးလေး ပါဝင်တာမို့ အကြိုက်တွေ့မယ့် ဝတ်စုံလေးပါပဲ။ ဒီဝတ်စုံလေးကတော့ (၁သိန်း၃သောင်း) ဝန်းကျင် ရှိပါတယ်။

သတို့သမီးလေးတို့ရေ လှပတဲ့ ဈေးတန်တဲ့ အနောက်တိုင်းမင်္ဂလာဝတ်စုံလေးတွေကိုတော့ ပန်းသခင် မင်္ဂလာဝတ်စုံဆိုင်ကနေ ယူပြီး ဖော်ပြထားတာဖြစ်ပါတယ်နော်။

Comments

0 comments